စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ ရင္ျပင္၌ အႏၲရာယ္ကင္းပရိတ္တရားေတာ္နာ

ေတာင္ႀကီး မတ္ - ၂၁

54

ေတာင္ႀကီးၿမိဳ႕၊ က်က္သေရေဆာင္ စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ ရင္ျပင္၌ မတ္ ၂၁ ရက္ နံနက္ ၇ နာရီက ေတာင္ႀကီးအထူးဓမၼသဘင္တရားပြဲေတာ္ အႀကိဳအျဖစ္ အႏၲရာယ္ကင္းပရိတ္တရားေတာ္ နာယူၾကေၾကာင္း သိရွိရသည္။

အခမ္းအနားကို ဆရာေတာ္သံဃာေတာ္၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က နေမာ တႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့၍ ဖြင့္လွစ္ၿပီး ဘဒၵႏၲအဂၢဓမၼာဘိဝံသ အဂၢမဟာပ႑ိတ အစာကမၼဌာနစရိယ ႏိုင္ငံေတာ္ၾသဝါဒစရိယ စြန္းလြန္းဂူဝိပႆနာေက်ာင္းဆရာေတာ္ထံမွ သရဏဂုံ သုံးပါးႏွင့္တကြ ငါးပါးသီလခံယူ ေစာင့္တည္၍ ဆရာေတာ္သံဃာေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္အပ္ေသာ ပရိတ္တရားေတာ္မ်ားကို နာၾကားကာ ဆရာေတာ္သံဃာေတာ္မ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က လႉဖြယ္ ဝတၳဳပစၥည္းမ်ား ဆက္ကပ္လႉဒါန္းၿပီး လႉဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္းခ်အမၽွေပးေဝကာ အခမ္းအနားကို ဗုဒၶသာသနံ စိရံ တိဌတု သုံးႀကိမ္႐ြတ္ဆို၍ ႐ုပ္သိမ္းလိုက္ေၾကာင္း သိရွိရသည္။

အဆိုပါ ေတာင္ႀကီးအထူးဓမၼသဘင္တရားပြဲေတာ္တြင္ ခ်မ္းေျမ႕ဆရာေတာ္ ဘဒၵႏၲ ဇနကာဘိဝံသ၊ သီတဂူ ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရ၊ ေယာဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ သိရိႏၵာဘိဝံသ၊ ဓမၼဒုတဆရာေတာ္  ေဒါက္တာ ဘဒၵႏၲ ေဆကိႏၵ၊ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ကုမာရာဘိဝံသ တို႔မွ မတ္လ ၂၁ မွ ၂၅ ရက္ေန႔ထိ ညစဥ္ ၇ နာရီတြင္ ေတာင္ႀကီးၿမိဳ႕၊ က်က္သေရေဆာင္ စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ရင္ျပင္၌ တရားေရေအး တိုက္ေကၽြးေဟာၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင်၌ အန္တရာယ်ကင်းပရိတ်တရားတော်နာ

တောင်ကြီး မတ် - ၂၁

တောင်ကြီးမြို့၊ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင်၌ မတ် ၂၁ ရက် နံနက် ၇ နာရီက တောင်ကြီးအထူးဓမ္မသဘင်တရားပွဲတော် အကြိုအဖြစ် အန္တရာယ်ကင်းပရိတ်တရားတော် နာယူကြကြောင်း သိရှိရသည်။

အခမ်းအနားကို ဆရာတော်သံဃာတော်၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ အစာကမ္မဌာနစရိယ နိုင်ငံတော်သြဝါဒစရိယ စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော်ထံမှ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလခံယူ စောင့်တည်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာကြားကာ ဆရာတော်သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ တောင်ကြီးအထူးဓမ္မသဘင်တရားပွဲတော်တွင် ချမ်းမြေ့ဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသ၊ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ၊ ယောဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ၊ ဓမ္မဒုတဆရာတော်  ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ၊ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ တို့မှ မတ်လ ၂၁ မှ ၂၅ ရက်နေ့ထိ ညစဉ် ၇ နာရီတွင် တောင်ကြီးမြို့၊ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်၌ တရားရေအေး တိုက်ကျွေးဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 76 guests and no members online