Articles

ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ

ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ

 

စဉ် အမည်         မဲဆန္ဒနယ် တာဝန်
ဦးဝင်းမြင့် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဥက္ကဋ္ဌ
ဦးစိုင်းလိတ် နမ့်စန်မဲဆန္ဒနယ် (၁) အဖွဲ့ဝင်
ဦးစိုင်းစံဖေ မိုင်းရယ်မဲဆန္ဒနယ် (၁) အဖွဲ့ဝင်
ဒေါ်နန်းကိန်ခမ်း မိုင်းယန်းမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
ဦးခွန်အောင်နိုင်ဦး ပင်လောင်းမဲဆန္ဒနယ် (၂) အတွင်းရေးမှူး

 

ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ

ကော်မတီ၏သက်တမ်း

 

၁။ ပြည်နယ်လွတ်တော်ဥက္ကဋသည် ကော်မတီဝင်များ၏ သက်တမ်းတစ်နှစ်ပြည့်မြောက်သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေး အပ်နိုင်သည်။

 

ကော်မတီ၏တာဝန်

 

၂။ ကော်မတီသည် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များ တင်သွင်းသောဥပဒေကြမ်း၊ ဆုံးဖြတ်ချက်၊ အဆို သို့မဟုတ် အစီရင်ခံစာများနှင့်စပ်လျဉ်း၍လည်းကောင်း ၊ ပြည်နယ်လွတ်တော်တွင် ဖြေကြားပြီးသော မေးခွန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကတိပြုခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များကို စိစစ်ရမည်။

 

၃။ ကော်မတီသည် အောက်ပါအချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လွတ်တော်သို့ တင်ပြရမည် -

(က) ပြည်နယ်အစိုးရက ၄င်း၏အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များကို မည်သည့် အခြေအနေထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးကြောင်း၊

(ခ ) အဆိုပါအာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များကို ပြည်နယ်အစိုးရက ဆောင်ရွက်ပြီးလျှင် ထိုသို့ဆောင်ရွက်ခြင်းမှာ သတ်မှတ်သည့်ကာလအတွင်း ဆောင်ရွက်ပြီးစီးခြင်း  ရှိ/မရှိနှင့် မူလ သတ်မှတ်ချက်အတိုင်း ပြီးစီးခြင်း ရှိ/မရှိ၊

 

၄။ အပိုဒ်(၃)ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထိရောက်မှန်ကန်စွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ လိုအပ်သည့် နေရာဒေသများသို့ သွားရောက်စစ်ဆေးနိုင်သည်။

 

၅။ သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

 

၆။ ကော်မတီအစည်းအဝေးတွင် ကော်မတီတစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်                    လည်းကောင်း၊ ကော်မတီဆွေးနွေးသော ဆွေးနွေးချက်များကိုလည်းကောင်း၊ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ 

 

ယင်းအစည်းအဝေးမှတ်တမ်းကို ဖြန့်ဝေခြင်းမပြုရ။ ပြည်နယ်လွတ်တော်သို့ ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍  အမှုတွဲအဖြစ် တပေါင်းတည်း   ထိန်းသိမ်းထားနိုင်ရန် လွတ်တော်သို့ ပေးပို့ရမည်။

 

ကော်မတီ၏လုပ်ပိုင်ခွင့်

 

၇။ ကော်မတီအစည်းအဝေးများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၆၃ပါ ပြဋာန်းချက်များနှင့်အညီ ကျင်းပရမည်။

 

၈။ ကော်မတီ၏ အစီရင်ခံစာတင်ပြခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၆၄ပါ ပြဋာန်းချက်များနှင့်အညီ ပြည်နယ်လွတ်တော် ဥက္ကဌထံ တင်ပြရမည်။

 

၉။ ကော်မတီဝင်များသည် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည်။

(ခ ) ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျက် ပြည်နယ်လွတ်တော်ဥက္ကဋထံ တင်ပြနိုင်ခွင့်ရှိသည်။

 

ကော်မတီ၏ ရပိုင်ခွင့်

 

၁ဝ။ ကော်မတီဝင်များသည် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များဖြစ်သည့်အားလျော်စွာ ကော်မတီလုပ်ငန်း တာဝန်များကို ဆောင်ရွက်ရန်ဖြစ်စေ ၊ အစည်းအဝေးတက်ရောက်ရန် ဖြစ်စေ၊ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ တာဝန်အရ ခရီးသွားရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါရပိုင်ခွင့်များကို ခံစားခွင့်ခံစားခွင့်ရှိသည့်အပြင်   လွတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များ ကိုလည်း ခံစားခွင့်ရှိသည်။

 

၁၁။ ကော်မတီဝင်များသည် -

(က) ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွတ်တော်ဆိုင်ရာ ဥပဒေမှအပ၊ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

(ခ ) ကော်မတီအစည်းအဝေးများ  တက်ရောက်နေစဉ်အတွင်း   သက်ဆိုင်ရာအဖွဲ့၏ အကြီးအမှူးမှ တဆင့်  ပြည်နယ်လွတ်တော်ဥက္ကဋ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

(ဂ ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ ပြည်နယ်လွတ်တော်ဥက္ကဋ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။

 

ဥပဒေပြုနှင့် ပတ်သက်သည့် လေ့လာသုံးသပ်ရေး ကော်မရှင်

ဥပဒေပြုနှင့် ပတ်သက်သည့် လေ့လာသုံးသပ်ရေးကော်မရှင်



စဉ်               အမည်         မဲဆန္ဒနယ် တာဝန်
ဦးစိုင်းခမ်းမှတ် လားရှိုးမဲဆန္ဒနယ် (၂) ဥက္ကဋ္ဌ
    ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ  
ဦးသောင်းရွှေ ကလောမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
ဒေါ်ချယ်ရီကြည် ရှမ်းပြည်နယ်တရားရေးဦးစီးမှူး အဖွဲ့ဝင်
ဦးဝင်းရွှေ ဥပဒေအရာရှိ အဆင့်(၁) (ငြိမ်း) အဖွဲ့ဝင်
    တရားလွှတ်တော်ရှေ့နေ  
ဦးစိုင်းကျော်ဇံ ခရိုင်ဥပဒေအရာရှိ (ငြိမ်း) အဖွဲ့ဝင်
    ရှေ့နေချုပ်ရုံး  
ဦးမြင့်လွင် ရှမ်းပြည်နယ်ဥပဒေအရာရှိ အတွင်းရေးမှူး

 

 

 

ဥပဒေနှင့်ပတ်သက်သည့် လေ့လာသုံးသပ်ရေးကော်မရှင်

 

ကော်မရှင်၏သက်တမ်း

 

၁။ ပြည်နယ်လွတ်တော်ဥက္ကဋသည် ကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းတစ်နှစ်ပြည့်မြောက်သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။

 

ကော်မရှင်၏တာဝန်

 

၂။ ကော်မရှင်သည် -

(က) ပြည်နယ်လွတ်တော်မှ အတည်ပြုမည့် ဥပဒေကြမ်းများအား  ဥပဒေအင်္ဂါရပ်နှင့် ညီညွတ်မှု ရှိ/မရှိ၊ ပြည့်စုံလုံလောက်မှုရှိ/မရှိ လေ့လာသုံးသပ်၍ ပြည်နယ်လွတ်တော်ဥက္ကဋထံ အကြံပြုရန်၊

(ခ ) အတည်ပြုသည့် ဥပဒေသည် ပြည်သူများနှင့် ဌာနအဖွဲ့အစည်းများအတွက် အမှန်တကယ် လိုက်နာနိုင်သည့် ဥပဒေ ဖြစ်/မဖြစ် စိစစ်ရန်၊

(ဂ ) ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းမှ အများပြည်သူအတွက် လိုအပ်မည့် ဥပဒေကြမ်းများ ရေးဆွဲ ပြဋာန်းနိုင်ရေး အကြံပြုရန်၊

(ဃ) ပြည်နယ်အတွက် လက်ရှိ တည်ဆဲဥပဒေများထဲမှ ဖြည့်စွက်၊ ပြုပြင်၊ ပယ်ဖျက်သင့်သည့် အကြောင်းအရာများ၊ ပုဒ်မများနှင့် စပ်လျဉ်း၍ အကြံပြုရန်။

 

၃။ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို အခြခံပြီး စိစစ်ရန် -

(က) နိုင်ငံတော်က ချမှတ်သော မူဝါဒများ၊ဦးတည်ချက်များနှင့် ညီညွတ်မှု ရှိ/မရှိ ၊

(ခ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေပါ ပြဋာန်းချက် များနှင့် ညီညွတ်မှု ရှိ/မရှိ၊

(ဂ ) နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီး ကာကွယ်စောင့်ရှောက်ရေးကို ဦးတည်ခြင်း ရှိ/မရှိ၊

(ဃ) နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြု  ထိပါးစေမည့် အချက်များပါဝင်ခြင်း ရှိ/မရှိ၊

(င ) နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိ/မရှိ၊

(စ ) အများပြည်သူ၏ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်ခြင်း ရှိ/မရှိ၊

(ဆ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် အရေးအသား၊အသုံးအနှုန်းများ

 

 

ကော်မရှင်၏လုပ်ပိုင်ခွင့်

 

၄။ ကော်မရှင်အစည်းအဝေးများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၆၃ပါ ပြဋာန်းချက်များနှင့်အညီ ကျင်းပရမည်။

 

၅။ ကော်မရှင်၏ အစီရင်ခံစာတင်ပြခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၆၄ပါ ပြဋာန်းချက်များနှင့်အညီ   ပြည်နယ်လွတ်တော်ဥက္ကဋထံ တင်ပြရမည်။

 

၆။ ကော်မရှင် အဖွဲ့ဝင်များသည် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည်။

(ခ ) ကော်မရှင်အဖွဲ့ဝင်အဖြစ်မှ  နှုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် ပြည်နယ လွတ်တော် ဥက္ကဌထံ တင်ပြနိုင်ခွင့်ရှိသည်။

 

 

ကော်မရှင်၏ ရပိုင်ခွင့်

 

၇။ ကော်မရှင် အဖွဲ့ဝင်များသည် ကော်မရှင်လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရန်ဖြစ်စေ၊ အစည်းအဝေး တက်ရောက်ရန် ဖြစ်စေ၊ ပြည်နယ်လွတ်တော်ရုံးတွင်ရောက်ရှိနေစဉ်၌လည်းကောင်း၊  တာဝန်အရ ခရီးသွားရာတွင် လည်းကောင်း၊ ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့်အပြင် လွတ်တော်ကသတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

 

၈။ ကော်မတီရှင်အဖွဲ့ဝင်များသည် -

(က) ကော်မရှင်အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော်ဆိုင်ရာ ဥပဒေမှအပ၊ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

(ခ ) ကော်မရှင် အစည်းအဝေးများ  တက်ရောက်နေစဉ်အတွင်း   သက်ဆိုင်ရာအဖွဲ့၏ အကြီးအမှူးမှ တဆင့်  ပြည်နယ်လွတ်တော်ဥက္ကဋ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

(ဂ ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ ပြည်နယ်လွတ်တော်ဥက္ကဋ၏ ခွင့်ပြုချက်ဖြင့် ကော်မရှင် အစည်းအဝေးများသို့ တက်ေရာက်ခွင့်ရှိသည်။

 

ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ

ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ

 

စဉ် အမည်       မဲဆန္ဒနယ် တာဝန်
(က) ဦးစိုင်းညွန့်ဝင်း မိုင်းဖြတ်မဲဆန္ဒနယ် (၁) ဥက္ကဋ္ဌ
( ခ) ဦးစိုင်းကံ မိုင်းရှူးမဲဆန္ဒနယ် (၂) အဖွဲ့ဝင်
( ဂ) ဦးစိုင်းမွန်း(ခ)စိုင်းကျော်ထွန်း ကွန်ဟိန်းမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
(ဃ) ဦးအာဗြာဟန် ဖယ်ခုံမဲဆန္ဒနယ် (၂) အဖွဲ့ဝင်
( ဋ) ဦးဇော်ဇော် မဘိမ်းမဲဆန္ဒနယ် (၁) အတွင်းရေးမှူး

တိုင်းရင်းသား လူမျိုးများအရေး ဆိုင်ရာ ကော်မတီ

တိုင်းရင်းသား လူမျိုးများအရေး ဆိုင်ရာ ကော်မတီ

ကော်မတီဖွဲ့စည်းခြင်း

 

၁။ ရှမ်းပြည်နယ်လွှတ်တော်၏ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁၊ ၂၂ နှင့် ၈၀(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

 

(က) ဦးခွန်ဒီဂေါလ် လွိုင်လင်မဲဆန္ဒနယ် (၁) ဥက္ကဋ္ဌ
( ခ) ဦးကိန်မိုင် မူဆယ်မဲဆန္ဒနယ် (၂) အဖွဲ့ဝင်
( ဂ) ဦးမြင့်စိုးနိုင် ရပ်စောက်မဲဆန္ဒနယ် (၂) အဖွဲ့ဝင်
(ဃ) ဦးမောရှည် မိုင်းဖြတ်မဲဆန္ဒနယ် (၂) အဖွဲ့ဝင်
( င) ဒေါ်တင်မေထွန်း တာချီလိတ်မဲဆန္ဒနယ် (၁) အဖွဲ့ဝင်
( စ) ဒေါက်တာထွန်းအောင် ညောင်ရွှေမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
(ဆ) ဦးစိုင်းတင်ဦး နမ့်ခမ်းမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
( ဇ) ဦးစိုင်းကြူ လားရှိုးမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
( စျ) ဦးစောလုံ မိုးနဲမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
(ည) ဦးဇော်ဦး နမ္မတူမဲဆန္ဒနယ် (၁) အတွင်းရေးမှူး

 

 

၂။ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသည် ကော်မတီဝင်များ၏ သက်တမ်း (၁)နှစ် ပြည့်မြောက်သည့်အခါ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်တာဝန်ပေးအပ်နိုင်သည်။

 

 

တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ

 

၃။ " တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ" ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

(က) ရှမ်းပြည်နယ်လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသည့် တိုင်းရင်းသား လူမျိုးများ၏ အရေးကို လိုအပ်သည့်အခါ စနစ်တကျနှင့် ပြည့်စုံမှန်ကန်စွာ လေ့လာတင်ပြနိုင်ရမည်။

(ခ) ပြည်နယ်လွှတ်တော်သို့ တိုင်းရင်းသားလူမျိုးများရေးရာနှင့်  စပ်လျဉ်း၍ တင်ပြချက်များအပေါ်  ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ရမည်။

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ (၂၄)အရ လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၃(က)(ခ)(ဂ)(ဃ)အရ လည်းကောင်း၊ နည်းဥပဒေ ၆၄ (က)(ခ)(ဂ)(ဃ)အရ လည်းကောင်း လိုက်နာဆောင်ရွက် တင်ပြရမည်။

(ဃ) ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော (သို့မဟုတ်) ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ ပြည်နယ်လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့် အတူပူးတွဲ၍ အမှုတွဲဖြင့် တစ်ပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်နယ်လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

(င) အထက်အပိုဒ်(ဃ)အရ ကော်မတီ၏ တင်ပြချက်နှင့် အကြံပြုချက်များသည် တိုင်းရင်းသား လူမျိုးများအရေးနှင့် စပ်လျဉ်းသော တင်ပြချက်၊ အကြံပြုချက်များ ဖြစ်ရမည့်အပြင် တိုင်းရင်းသား လူမျိုးများအရေးတွင် အကျုံးဝင်သော တင်ပြချက်၊ အကြံပြုချက်များလည်း ဖြစ်ရမည်။

(စ) ကော်မတီတွင် လုပ်ငန်းတာဝန်အရ ပြည်နယ်လွှတ်တော်မှ တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန် တာဝန်ပေးအပ်သည့်အခါ ဆောင်ရွက်သည့် ကာလများတွင် ပြည်ထောင်စုအစိုးရ အဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များ ရရှိခံစားခွင့်ရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 45 guests and no members online

Latest Updates