ရှမ်းပြည်နယ်သတင်းများ

ျမန္မာနိုင္ငံ စြန႔္ဦးတီထြင္လူငယ္ လုပ္ငန္းရွင္မ်ားအသင္း(ရွမ္းျပည္နယ္) ျဖစ္ေျမာက္ေရးေတြ႕ဆုံပြဲႏွင့္ ေဟာေျပာပြဲက်င္းပ

ေတာင္ႀကီး ဇန္နဝါရီ - ၁၀

2091

ျမန္မာနိုင္ငံ စြန႔္ဦးတီထြင္လူငယ္ လုပ္ငန္းရွင္မ်ားအသင္း(ရွမ္းျပည္နယ္)ျဖစ္ေျမာက္ေရးေတြ႕ဆုံပြဲႏွင့္ လူငယ္စြန႔္ဦး တီထြင္ေဟာေျပာပြဲကို ဇန္နဝါရီ (၁၀)ရက္ နံနက္ (၉)နာရီက ေတာင္ႀကီးၿမိဳ႕၊ ရိုင္ရယ္ေတာင္ႀကီးဟိုတယ္၌က်င္းပသည္။

MYEA သည္ ၂၀၁၂ ခုႏွစ္တြင္ အမ်ိဳးသားစီမံကိန္းႏွင့္ ဖြံ့ၿဖိဳးေရးဝန္ႀကီးဌာနတြင္ တရားဝင္မွတ္ပုံတင္ၿပီး တည္ေထာင္ ခဲ့ေၾကာင္း အာဆီယံအသိုက္အဝန္းထဲတြင္ရွိသည့္ အာဆီယံတ႐ုတ္လူငယ္ စြန႔္ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္း ACYEA အသင္းႀကီးထဲတြင္ ပါဝင္ေဆာင္ရြက္နိုင္ရန္ ျမန္မာနိုင္ငံ စြန႔္ဦးတီထြင္လုပ္ငန္းရွင္မ်ားအဖြဲ႕ကို ကနဦးအေနျဖင့္ ျမန္မာနိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မွုလက္မွု လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ရဲ့ ညီေနာင္အဖြဲ႕အေနျဖင့္ ၂၀၀၉ ခုႏွစ္တြင္ တည္ေထာင္ခဲ့ေၾကာင္း၊ MYEA အသင္းသည္ အာဆီယံလူငယ္စြန႔္ဦးတီထြင္လုပ္ငန္းရွင္မ်ားေကာင္စီ၏ မူလတည္ေထာင္သူ အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ မတ္လတြင္ အဆိုပါအသင္းအား အာဆီယံလူငယ္စြန႔္ဦးတီထြင္လုပ္ငန္းရွင္မ်ားေကာင္စီတြင္ ျမန္မာနိုင္ငံကိုယ္စားျပဳသည့္ ဦးေဆာင္အသင္းအျဖစ္ အမ်ိဳးသားစီမံကိန္းႏွင့္ ဖြံ့ၿဖိဳးတိုးတက္မွု ဝန္ႀကီးဌာနႏွင့္ UMFCCI တို႔မွ အသိအမွတ္ျပဳခဲ့ေၾကာင္း၊ စြန႔္ဦးတီထြင္မွုလုပ္ငန္းမ်ား တိုးတက္ျဖစ္ေပၚလာျခင္းျဖင့္ တိုင္းျပည္အတြင္း အလုပ္အကိုင္ အခြင့္အလမ္းမ်ား တိုးတက္ရရွိျခင္း ဝင္ေငြတိုးတက္ရရွိျခင္းတို႔ေၾကာင့္ ဆင္းရဲႏြမ္းပါးမွုေလ်ာ့နည္းေစမွာျဖစ္ၿပီး နိုင္ငံေတာ္ အတြက္ မ်ားစြာအက်ဳံးဝင္၍ ေရရွည္တည္တံ့ေသာ တိုးတက္မွုရရွိေစရန္ ရွမ္းျပည္နယ္အစိုးရအေနျဖင့္ ရွမ္းျပည္နယ္အတြင္း အလုပ္အကိုင္အခြင့္အလမ္းမ်ား ပိုမိုရရွိေစရန္ႏွင့္ ဝင္ေငြတိုးတက္ရရွိေစရန္အတြက္ စီးပြားေရးလုပ္ငန္းရွင္မ်ားအား ကူညီပံ့ပိုးမွုမ်ားကို ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း ျပည္နယ္လူမွုေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းကေျပာၾကားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကုန္သည္မ်ားႏွင့္ စက္မွုလက္မွုလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေအာင္ဆန္းဝင္းမွ ႏွုတ္ခြန္းဆက္အမွာစကားေျပာၾကားၿပီး၊ ျမန္မာနိုင္ငံ စြန႔္ဦးတီထြင္လူငယ္ လုပ္ငန္းရွင္မ်ားအသင္းဗဟို ဥကၠဌ ဦးေဝၿဖိဳးမွ Key Note speech ေျပာၾကားကာ ျမန္မာနိုင္ငံ စြန႔္ဦးတီထြင္လူငယ္ လုပ္ငန္းရွင္မ်ား အသင္း(ရွမ္းျပည္နယ္)ယာယီဖြဲ႕စည္းျခင္းအသိမွတ္ျပဳဂုဏ္ျပဳလက္ေဆာင္ေပးအပ္ေၾကာင္းသိရသည္။ အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျမန္မာနိုင္ငံ စြန႔္ဦးတီထြင္လူငယ္ လုပ္ငန္းရွင္မ်ားအသင္းမွအဖြဲ႕ဝင္မ်ား၊ လူမွုေရးအသင္းအဖြဲ႕မ်ား ၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

---------------------------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ စွန့်ဦးတီထွင်လူငယ် လုပ်ငန်းရှင်များအသင်း(ရှမ်းပြည်နယ်) ဖြစ်မြောက်ရေးတွေ့ဆုံပွဲနှင့် ဟောပြောပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၁၀

မြန်မာနိုင်ငံ စွန့်ဦးတီထွင်လူငယ် လုပ်ငန်းရှင်များအသင်း(ရှမ်းပြည်နယ်)ဖြစ်မြောက်ရေးတွေ့ဆုံပွဲနှင့် လူငယ်စွန့်ဦး တီထွင်ဟောပြောပွဲကို ဇန်နဝါရီ (၁၀)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့၊ ရိုင်ရယ်တောင်ကြီးဟိုတယ်၌ကျင်းပသည်။

MYEA သည် ၂၀၁၂ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ပြီး တည်ထောင် ခဲ့ကြောင်း အာဆီယံအသိုက်အဝန်းထဲတွင်ရှိသည့် အာဆီယံတရုတ်လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ACYEA အသင်းကြီးထဲတွင် ပါဝင်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့ကို ကနဦးအနေဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ညီနောင်အဖွဲ့အနေဖြင့် ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း၊ MYEA အသင်းသည် အာဆီယံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များကောင်စီ၏ မူလတည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် မတ်လတွင် အဆိုပါအသင်းအား အာဆီယံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များကောင်စီတွင် မြန်မာနိုင်ငံကိုယ်စားပြုသည့် ဦးဆောင်အသင်းအဖြစ် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် UMFCCI တို့မှ အသိအမှတ်ပြုခဲ့ကြောင်း၊ စွန့်ဦးတီထွင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်လာခြင်းဖြင့် တိုင်းပြည်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိခြင်း ဝင်ငွေတိုးတက်ရရှိခြင်းတို့ကြောင့် ဆင်းရဲနွမ်းပါးမှုလျော့နည်းစေမှာဖြစ်ပြီး နိုင်ငံတော် အတွက် များစွာအကျုံးဝင်၍ ရေရှည်တည်တံ့သော တိုးတက်မှုရရှိစေရန် ရှမ်းပြည်နယ်အစိုးရအနေဖြင့် ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် ဝင်ငွေတိုးတက်ရရှိစေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များအား ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းကပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံ စွန့်ဦးတီထွင်လူငယ် လုပ်ငန်းရှင်များအသင်းဗဟို ဥက္ကဌ ဦးဝေဖြိုးမှ Key Note speech ပြောကြားကာ မြန်မာနိုင်ငံ စွန့်ဦးတီထွင်လူငယ် လုပ်ငန်းရှင်များ အသင်း(ရှမ်းပြည်နယ်)ယာယီဖွဲ့စည်းခြင်းအသိမှတ်ပြုဂုဏ်ပြုလက်ဆောင်ပေးအပ်ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံ စွန့်ဦးတီထွင်လူငယ် လုပ်ငန်းရှင်များအသင်းမှအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 27 guests and no members online