ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္၊ ေတာင္ႀကီးခရိုင္လုံးကၽြတ္အေျခခံစာတတ္ေျမာက္ေရးလွုပ္ရွားမွု ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ဇန္နဝါရီ - ၁၂

2092

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးခရိုင္၊ ခရိုင္လုံးကၽြတ္အေျခခံစာတတ္ေျမာက္ေရးလုပ္ငန္းဖြင့္ပြဲကို ဇန္နဝါရီ (၁၂)ရက္နံနက္ (၁၀)နာရီက ေတာင္ႀကီးၿမိဳ႕၊ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္း ေဒၚခင္သိန္း ခန္းမေဆာင္၌ က်င္းပေၾကာင္းသိရသည္။

အခမ္းအနားကို အထက(၄)ေက်ာင္းသားေက်ာင္းသူမ်ားက လူတိုင္းအတြက္ပညာေရးသီခ်င္းျဖင့္ သီဆိုကာ ဖြင့္လွစ္ၿပီး၊ အေျခခံ စာတတ္ေျမာက္ေရးလုပ္ငန္းႀကီးၾကပ္မွုဗဟိုေကာ္မတီနာယက ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက အမွာစကားေျပာၾကား၍၊ ရွမ္းျပည္နယ္ အေျခခံစာတတ္ေျမာက္ေရး လုပ္ငန္းႀကီးၾကပ္မွု ေကာ္မတီနာယက ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အမွာစကားေျပာၾကားရာတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးခရိုင္တြင္၌ စာတတ္ေျမာက္ေရးကို အေထာက္အကူျဖစ္ေစသည့္ ေက်ာင္းျပင္ပမူလတန္းသင္ပညာေရးကို ယခင္ေတာင္ႀကီးၿမိဳ႕နယ္ႏွင့္ ကေလာၿမိဳ႕နယ္မ်ားအျပင္ ဟိုပုံးၿမိဳ႕နယ္၊ ေညာင္ေရႊၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕နယ္၊ ပင္ေလာင္းၿမိဳ႕နယ္ႏွင့္ ဖယ္ခုံၿမိဳ႕နယ္မ်ားတြင္ ဆက္လက္အေကာင္ထည္ေဖာင္ ေဆာင္ရြက္လၽွက္ ရွိေၾကာင္း၊ အေျခခံစာတတ္ေျမာက္ေရးလုပ္ငန္းကို ေက်းလက္ေဒသမ်ားႏွင့္ နယ္စပ္ေဒသမ်ားပါမက်န္ အရွိန္အဟုတ္ျဖင့္ ဆက္လက္ အေကာင္အထည္ေဖာ္ေဆာင္ရြက္လၽွက္ရွိရာ ၂၀၁၆ခုႏွစ္ ေႏြရာသီတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းျဖတ္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ဟိုပန္ၿမိဳ႕နယ္ႏွင့္ နမ့္ဆန္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) လြိဳင္လင္ၿမိဳ႕နယ္ႏွင့္ နမ့္စန္းၿမိဳ႕နယ္တို႔တြင္ အေျခခံစာတတ္ ေျမာက္ေရး သင္တန္းမ်ားကို ဖြင့္လွစ္သင္ၾကားေပးခဲ့ေၾကာင္း၊ ယေန႔က်င္းပျပဳလုပ္သည့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးခရိုင္ လုံးကၽြတ္ စာတတ္ေျမာက္ေရးလုပ္ရွားမွုတြင္ ၿမိဳ႕နယ္(၉)ၿမိဳ႕နယ္၊ စာသင္ဝိုင္းေပါင္း(၂၅၉၆)ဝိုင္းကို ေဒသခံလုပ္အားေပးႏွင့္ ေဒသခံဆရာ၊ ဆရာမေပါင္း (၂၆၈၀)ဦးတို႔က ေစတနာေမတၱာျဖင့္ လုပ္အားေပးသင္ၾကားၾကမည္ျဖစ္ေၾကာင္း၊ ေျပာၾကားသြား သည္။

ဆက္လက္၍ အေျခခံစာတတ္ေျမာက္ေရးႀကီးၾကပ္ဗဟိုေကာ္မတီဥကၠဌ ေက်ာင္းျပင္ပႏွင့္ တစ္သက္သာပညာေရး ဦးစီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာခိုင္ျမဲက အေျခခံစာတတ္ေျမာက္ေရးလွုပ္ရွားမွုႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပၿပီး၊ စာဖတ္ဝိုင္းမ်ားတြင္ လုပ္အားဒါနျပဳၾကမည့္ ေဒသခံဆရာ၊ ဆရာမမ်ားကိုယ္စား ကိုယ္စားလွယ္တစ္ဦးက တာဝန္ ေပးအပ္မွုအေပၚ ဝမ္းေျမာက္ဂုဏ္ယူပါေၾကာင္းေျပာၾကားကာ ျပည္ေထာင္စုဝန္ႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ လႊတ္ေတာ္ဥကၠဌႏွင့္ တာဝန္ရွိသူတို႔က ခန္းမအတြင္းခင္းက်င္းျပသထားေသာ ျပခန္းမ်ားအား လွည့္လည္ၾကည့္ရွုၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

--------------------------------------------------------------------------------------------------------------------------------------------------------

တောင်ကြီး ဇန်နဝါရီ - ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ခရိုင်လုံးကျွတ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲကို ဇန်နဝါရီ (၁၂)ရက်နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်း ခန်းမဆောင်၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားကို အထက(၄)ကျောင်းသားကျောင်းသူများက လူတိုင်းအတွက်ပညာရေးသီချင်းဖြင့် သီဆိုကာ ဖွင့်လှစ်ပြီး၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီနာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား၍၊ ရှမ်းပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်တွင်၌ စာတတ်မြောက်ရေးကို အထောက်အကူဖြစ်စေသည့် ကျောင်းပြင်ပမူလတန်းသင်ပညာရေးကို ယခင်တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်များအပြင် ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်များတွင် ဆက်လက်အကောင်ထည်ဖောင် ဆောင်ရွက်လျှက် ရှိကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများပါမကျန် အရှိန်အဟုတ်ဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ၂၀၁၆ခုနှစ် နွေရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဟိုပန်မြို့နယ်နှင့် နမ့်ဆန်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်နှင့် နမ့်စန်းမြို့နယ်တို့တွင် အခြေခံစာတတ် မြောက်ရေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် လုံးကျွတ် စာတတ်မြောက်ရေးလုပ်ရှားမှုတွင် မြို့နယ်(၉)မြို့နယ်၊ စာသင်ဝိုင်းပေါင်း(၂၅၉၆)ဝိုင်းကို ဒေသခံလုပ်အားပေးနှင့် ဒေသခံဆရာ၊ ဆရာမပေါင်း (၂၆၈၀)ဦးတို့က စေတနာမေတ္တာဖြင့် လုပ်အားပေးသင်ကြားကြမည်ဖြစ်ကြောင်း၊ ပြောကြားသွား သည်။

ဆက်လက်၍ အခြေခံစာတတ်မြောက်ရေးကြီးကြပ်ဗဟိုကော်မတီဥက္ကဌ ကျောင်းပြင်ပနှင့် တစ်သက်သာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ စာဖတ်ဝိုင်းများတွင် လုပ်အားဒါနပြုကြမည့် ဒေသခံဆရာ၊ ဆရာမများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက တာဝန် ပေးအပ်မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူတို့က ခန်းမအတွင်းခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 22 guests and no members online