ရှမ်းပြည်နယ်သတင်းများ

ေမတၱာရွင္ေဆး႐ုံသစ္ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ဇန္နဝါရီ - ၁၂

2093

ေမတၱာရွင္ေဆး႐ုံသစ္ဖြင့္ပြဲကို ဇန္နဝါရီ(၁၂)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္၊ ေမတၱာရွင္လမ္း၊ အကြက္အမွတ္(၃၀)၊ ဦးပိုင္အမွတ္(၄) အဆိုပါအေဆာက္အဦ၌က်င္းပေၾကာင္းသိရသည္။

ေမတၱာရွင္အသင္း၏ သက္တမ္း (၁၇)ႏွစ္အတြင္း နာမွုကူညီေရးဝန္ေဆာင္မွု လုပ္ငန္းမ်ား ေဆာင္ရြက္ေပးျခင္း၊ သဘာဝေဘးအႏၲရာယ္မ်ားျဖစ္သည့္ ေရေဘး၊ ေလေဘး၊ မီးေဘး၊ ငလ်င္ေဘး စသည္မ်ားေၾကာင့္ ေတြ႕ၾကဳံရသည့္ ဒုကၡသည္မ်ားကို ေငြအား၊ လူအားကူညီေထာက္ပံ့ေပးျခင္း၊ ေမတၱာရွင္ပညာေရးေဖာင္ေဒးရွင္းမွ ခ်ိဳ႕တဲ့ႏြမ္းပါးေသာ မူလတန္း၊ အလယ္တန္း၊ အထက္တန္းေက်ာင္းမ်ားသို႔ ဗလာစာအုပ္မ်ား၊ ေဘာပင္မ်ား၊ ခဲတံမ်ားကို ႏွစ္စဥ္လွူဒါန္းေပးျခင္း၊ ေဆးတကၠသိုလ္၊ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္၊ သူနာျပဳတကၠသိုလ္၊ ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္ႏွင့္ ပညာေရး တကၠသိုလ္မ်ားသို႔ ပညာသင္ၾကားရန္ အခက္အခဲရွိၾကေသာ ေက်ာင္းသားေက်ာင္းသူမ်ားအား ဘြဲ႕ရေက်ာင္းၿပီးဆုံးသည္ထိ ပညာသင္စရိတ္လစဥ္ေထာက္ပံ့ေပးျခင္း၊ ေမတၱာရွင္ကုသိုလ္ျဖစ္ေဆးခန္းမွ ေစတနာရွင္အထူးကုဆရာဝန္ႀကီးမ်ား၊ ဆရာဝန္မ်ားက ေန႔စဥ္လူနာ(၉၀)ခန႔္ကို လူမ်ိဳးဘာသာ၊ ဆင္းရဲခ်မ္းသာမခြဲျခားပဲ ကုသိုလ္ျဖစ္ေဆးကုသေပးေနေၾကာင္း ၾကားသိရသည့္အတြက္ အထူးဝမ္းေျမာက္ဂုဏ္ယူမိၿပီး၊ ယခုလိုဘက္စုံေဆာင္ရြက္ေနသည့္ၾကားကပင္ အက်ယ္ေပ (၁၆၈×၁၀၀)အာစီသုံးထပ္ေဆး႐ုံဖြင့္လွစ္ၿပီးလၽွင္ ရဟန္း၊ ရွင္၊ လူပုဂၢိဳလ္မေရြး/ ဘာသာမခြဲျခားဘဲ (၇)ရက္ သားသမီးအေပါင္းတို႔၏ က်န္းမာေရးကို ေရွးရွုကာ ကုသိုလ္ျဖစ္ေဆးကုသေပးမည္ကို သိရေသာေၾကာင့္ ပီတိျဖာေဝၿပီး ထပ္မံ၍ ဝမ္းသာဂုဏ္ယူမဆုံးျဖစ္မိပါေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ကေျပာၾကားသြားသည္။

ဆက္လက္၍ ေမတၱာရွင္အသင္းဥကၠဌမွ ေမတၱာရွင္အသင္း၏ ပရဟိတဝန္ေဆာင္မွုလုပ္ငန္းမ်ား ေဆာင္ရြက္ေပး ေနမွုႏွင့္ ေမတၱာရွင္ကုသိုလ္ျဖစ္ေဆး႐ုံတည္ေဆာက္မွု ရေငြသုံးေငြစာရင္းရွင္းတမ္းမ်ားအား တင္ျပၿပီး ေမတၱာရွင္ကုသိုလ္ျဖစ္ ေဆး႐ုံဆိုင္းဘုတ္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္မွ စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးကာ ေမတၱာရွင္ေဆး႐ုံကို ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွူး၊ ျပည္နယ္လူမွုေရးဝန္ႀကီး၊ ေမတၱာရွင္ ေဆး႐ုံပင္တိုင္ဆရာဝန္ႀကီး၊ ေမတၱာရွင္အသင္းဥကၠဌတို႔မွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

ထို႔ေနာက္ ေမတၱာရွင္ကုသိုလ္ျဖစ္ေဆး႐ုံဆိုင္းဘုတ္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွူးႏွင့္ တာဝန္ရွိသူတို႔က အေမႊးနံ့သာရည္မ်ား ပက္ျဖန္းေပးကာ ၿငိမ္းခ်မ္းေရးခို၊ ဌက္မ်ားလႊတ္ေပးျခင္းႏွင့္ ရတနာေရႊမိုး၊ ေငြမိုးမ်ားရြာသြန္းေပးၿပီး ေဆး႐ုံအတြင္းလွည့္လည္ၾကည့္ရွု ၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

---------------------------------------------------------------------------------------------------------------------------------------------------------

တောင်ကြီး ဇန်နဝါရီ - ၁၂

မေတ္တာရှင်ဆေးရုံသစ်ဖွင့်ပွဲကို ဇန်နဝါရီ(၁၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မေတ္တာရှင်လမ်း၊ အကွက်အမှတ်(၃၀)၊ ဦးပိုင်အမှတ်(၄) အဆိုပါအဆောက်အဦ၌ကျင်းပကြောင်းသိရသည်။

မေတ္တာရှင်အသင်း၏ သက်တမ်း (၁၇)နှစ်အတွင်း နာမှုကူညီရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး စသည်များကြောင့် တွေ့ကြုံရသည့် ဒုက္ခသည်များကို ငွေအား၊ လူအားကူညီထောက်ပံ့ပေးခြင်း၊ မေတ္တာရှင်ပညာရေးဖောင်ဒေးရှင်းမှ ချို့တဲ့နွမ်းပါးသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများသို့ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများကို နှစ်စဉ်လှူဒါန်းပေးခြင်း၊ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်နှင့် ပညာရေး တက္ကသိုလ်များသို့ ပညာသင်ကြားရန် အခက်အခဲရှိကြသော ကျောင်းသားကျောင်းသူများအား ဘွဲ့ရကျောင်းပြီးဆုံးသည်ထိ ပညာသင်စရိတ်လစဉ်ထောက်ပံ့ပေးခြင်း၊ မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးခန်းမှ စေတနာရှင်အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များက နေ့စဉ်လူနာ(၉၀)ခန့်ကို လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမခွဲခြားပဲ ကုသိုလ်ဖြစ်ဆေးကုသပေးနေကြောင်း ကြားသိရသည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပြီး၊ ယခုလိုဘက်စုံဆောင်ရွက်နေသည့်ကြားကပင် အကျယ်ပေ (၁၆၈×၁၀၀)အာစီသုံးထပ်ဆေးရုံဖွင့်လှစ်ပြီးလျှင် ရဟန်း၊ ရှင်၊ လူပုဂ္ဂိုလ်မရွေး/ ဘာသာမခွဲခြားဘဲ (၇)ရက် သားသမီးအပေါင်းတို့၏ ကျန်းမာရေးကို ရှေးရှုကာ ကုသိုလ်ဖြစ်ဆေးကုသပေးမည်ကို သိရသောကြောင့် ပီတိဖြာဝေပြီး ထပ်မံ၍ ဝမ်းသာဂုဏ်ယူမဆုံးဖြစ်မိပါကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကပြောကြားသွားသည်။

ဆက်လက်၍ မေတ္တာရှင်အသင်းဥက္ကဌမှ မေတ္တာရှင်အသင်း၏ ပရဟိတဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုနှင့် မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံတည်ဆောက်မှု ရငွေသုံးငွေစာရင်းရှင်းတမ်းများအား တင်ပြပြီး မေတ္တာရှင်ကုသိုလ်ဖြစ် ဆေးရုံဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ မေတ္တာရှင်ဆေးရုံကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ မေတ္တာရှင် ဆေးရုံပင်တိုင်ဆရာဝန်ကြီး၊ မေတ္တာရှင်အသင်းဥက္ကဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့က အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကာ ငြိမ်းချမ်းရေးခို၊ ဌက်များလွှတ်ပေးခြင်းနှင့် ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းပေးပြီး ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 29 guests and no members online