ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်လူမှုရေးဝန်ကြီးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေစကားပြောကြား တောင်ကြီး မတ် - ၇ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်(မက်မန်း)၊ ဦးအာမဲ

ေတာင္ႀကီး မတ္ - ၇

2133

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမွုေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီနပ္(မက္မန္း)၊ ဦးအာမဲ(မိုင္းခတ္)၊ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန(က်ိဳင္းတုံ)၊ ျပည္နယ္ကုသေရးဦးစီးဌာန (က်ိဳင္းတုံ)၊ ျပည္နယ္ပညာေရးဌာန(က်ိဳင္းတုံ)တို႔မွတာဝန္ရွိသူမ်ားလိုက္ပါလၽွက္ မတ္(၁)ရက္က ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕နယ္ အေျခခံပညာအထက္တန္းေက်ာင္းခြဲ (ယန္းလူး)၌   တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား/ ေက်ာင္းသူ(၆၇)ဦး၊ မိုင္းပ်ဥ္းၿမိဳ႕နယ္၊ အေျခခံပညာအထက္တန္းေက်ာင္း(တုံတာ)မွ တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား/ေက်ာင္းသူ(၂၁)ဦး၊ မိုင္းပ်ဥ္းၿမိဳ႕နယ္၊ အေျခခံပညာအထက္တန္းေက်ာင္း(မိုင္းပ်ဥ္း)မွ တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား/ေက်ာင္းသူ(၇၂)ဦးအား ေတြ႕ဆုံအားေပစကားေျပာၾကားၿပီး စာေရး ကိရိယာ၊ အာဟာရ အစားအစာမ်ား ေထာက္ပံ့ခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္နယ္လူမွုေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔သည္ မတ္လ(၂)ရက္ေန႔က မက္မန္းၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန အစည္းအေဝးခန္းမတြင္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအားေတြ႕ဆုံၿပီး လိုအပ္ခ်က္မ်ား ညႇိႏွိုင္းေဆာင္ရြက္ ျခင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကိုယ္စား ဝန္ထမ္းမ်ားအား ငါးေျခာက္၊ ပဲပုပ္ ႏွင့္ ဆပ္ျပာမွုန႔္မ်ားေထာက္ပံ့ေပးအပ္ခဲ့ၿပီး၊ မက္မန္းၿမိဳ႕နယ္ အေျခခံပညာအထက္တန္းေက်ာင္း(မက္မန္း)မွ တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား/ ေက်ာင္းသူ(၂၁)ဦးအား သြားေရာက္ေတြ႕ဆုံအားေပးစကားေျပာၾကားၿပီး စာေရးကိရိယာ၊ အာဟာရအစားအစာမ်ား၊ ဗလာစာအုပ္(၃၀၀)ဒါဇင္၊ အားကစားပစၥည္းမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအား တစ္ဦးလၽွင္ေငြက်ပ္(၂)ေသာင္းစီ ေထာက္ပံ့ေပးအပ္ခဲ့ကာ မက္မန္းၿမိဳ႕နယ္ေဆး႐ုံ၊ ဆြတ္ဝိုးတိုက္နယ္ေဆး႐ုံ၊ ေရာင္အူေက်းလက္က်န္းမာေရးဌာန၊ ေရာင္အူ အေျခခံပညာမူလတန္းေက်ာင္းမ်ားသို႔ ကြင္းဆင္းစစ္ေဆးခဲ့ေၾကာင္းသိရွိရသည္။

ထို႔ေနာက္ ျပည္နယ္လူမွုေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔သည္ မတ္လ(၃)ရက္ေန႔တြင္က်ိဳင္းတုံၿမိဳ႕နယ္ အေျခခံပညာ အထက္တန္းေက်ာင္း (ကတ္ေတာင္း)မွ   တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား/ ေက်ာင္းသူ(၂၉)ဦး၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ အေျခခံပညာအထက္တန္းေက်ာင္း(မိုင္းကိုး)မွ တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား/ ေက်ာင္းသူ(၅၇)ဦး၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ အေျခခံပညာအထက္တန္းေက်ာင္း(ေဟာင္လိတ္)မွ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေျဖဆိုမည့္ ေက်ာင္းသား/ေက်ာင္းသူ(၇၄)ဦးအား ေတြ႕ဆုံအားေပစကားေျပာၾကားၿပီး စာေရးကိရိယာ၊ အာဟာရအစား အစာမ်ား ေထာက္ပံ့ခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

-------------------------------------------------------------------------------------------------------------------------------------------------------------

 

ပြည်နယ်လူမှုရေးဝန်ကြီးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေစကားပြောကြား

တောင်ကြီး မတ် - ၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်(မက်မန်း)၊ ဦးအာမဲ(မိုင်းခတ်)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)၊ ပြည်နယ်ကုသရေးဦးစီးဌာန (ကျိုင်းတုံ)၊ ပြည်နယ်ပညာရေးဌာန(ကျိုင်းတုံ)တို့မှတာဝန်ရှိသူများလိုက်ပါလျှက် မတ်(၁)ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (ယန်းလူး)၌   တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ(၆၇)ဦး၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(တုံတာ)မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ(၂၁)ဦး၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မိုင်းပျဉ်း)မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ(၇၂)ဦးအား တွေ့ဆုံအားပေစကားပြောကြားပြီး စာရေး ကိရိယာ၊ အာဟာရ အစားအစာများ ထောက်ပံ့ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် မတ်လ(၂)ရက်နေ့က မက်မန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံပြီး လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက် ခြင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဝန်ထမ်းများအား ငါးခြောက်၊ ပဲပုပ် နှင့် ဆပ်ပြာမှုန့်များထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မက်မန်း)မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ(၂၁)ဦးအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး စာရေးကိရိယာ၊ အာဟာရအစားအစာများ၊ ဗလာစာအုပ်(၃၀၀)ဒါဇင်၊ အားကစားပစ္စည်းများနှင့် ကျောင်းသား/ကျောင်းသူများအား တစ်ဦးလျှင်ငွေကျပ်(၂)သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကာ မက်မန်းမြို့နယ်ဆေးရုံ၊ ဆွတ်ဝိုးတိုက်နယ်ဆေးရုံ၊ ရောင်အူကျေးလက်ကျန်းမာရေးဌာန၊ ရောင်အူ အခြေခံပညာမူလတန်းကျောင်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် မတ်လ(၃)ရက်နေ့တွင်ကျိုင်းတုံမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ကတ်တောင်း)မှ   တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ(၂၉)ဦး၊ တာချီလိတ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး)မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ(၅၇)ဦး၊ တာချီလိတ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ(၇၄)ဦးအား တွေ့ဆုံအားပေစကားပြောကြားပြီး စာရေးကိရိယာ၊ အာဟာရအစား အစာများ ထောက်ပံ့ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 62 guests and no members online

Latest Updates