ရှမ်းပြည်နယ်သတင်းများ

(၁၃)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပြဲ ဆီမီး ၁၀၀၀၊ ပန္း ၁၀၀၀ ပူေဇာ္ျခင္းႏွင့္ အသံမစဲမဟာပ႒ာန္းပြဲက်င္းပ

ေတာင္ႀကီး မတ္ -၁၀

2138

 ေ  တာင္ႀကီးၿမိဳ႕ က်က္သေရေဆာင္ ေရႊဘုန္းပြင့္ဘုရားေစတီေတာ္ရင္ျပင္ေတာ္ေပၚတြင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွ ႀကီးမွူးက်င္းပေသာ (၁၃)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပြဲ ဆီမီး ၁၀၀၀၊ ပန္း ၁၀၀၀ ပူေဇာ္ျခင္းႏွင့္ အသံမစဲမဟာပ႒ာန္းရြတ္ဖတ္ပူေဇာ္ပြဲကို မတ္(၁၀)ရက္နံနက္(၉)နာရီခြဲက ေရႊဘုန္းပြင့္ဘုရား ဓမၼာ႐ုံ၌က်င္းပေၾကာင္းသိရသည္။

   အခမ္းအနားကို ဆရာေတာ္၊ သံဃာေတာ္မ်ား၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္ ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က နေမာတႆ သုံးႀကိမ္ရြတ္ဆို ဘုရားကန္ေတာ့၍ ဖြင့္လွစ္ၿပီး ေတာင္ႀကီးၿမိဳ႕၊ ေရႊဘုန္းပြင့္ဘုရားေဂါပကအဖြဲ႕ ဦးသိန္းစိုးမွ နတ္ျဗဟၼာမ်ားအား ပင့္ဖိတ္ကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္ ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က အဂၢမဟာပ႑ိတ စြန္းလြန္းဝိပႆနာ ကမၼ႒ာန္းေက်ာင္း ဆရာေတာ္ထံမွ ကိုးပါးသီလခံယူေဆာက္တည္၍ ဆရာေတာ္၊ သံဃာေတာ္မ်ား ရြတ္ပြားခ်ီးျမႇင့္အပ္ေသာ ပရိတ္တရားေတာ္ကို နာယူၾကသည္။

   ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္ ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က ဆရာေတာ္၊ သံဃာေတာ္မ်ားအား လွူဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္လွူဒါန္းကာ ဆရာေတာ္ ထံမွ အႏုေမာဒနာတရားေတာ္နာၾကားၿပီး ေရစက္သြန္းခ်အမၽွေပးေဝကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားတို႔က ေရႊဘုန္းပြင့္ေစတီေတာ္ရင္ျပင္ေတာ္ေပၚတြင္ ဆြမ္း၊ ပန္း၊ ဆီမီး၊ ေရခ်မ္း ကပ္လွူ၍ ဆရာေတာ္၊ သံဃာေတာ္တို႔အား ေန႔ဆြမ္းဆက္ကပ္လွူဒါန္းခဲ့ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

--------------------------------

(၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ ဆီမီး ၁၀၀၀၊ ပန်း ၁၀၀၀ ပူဇော်ခြင်းနှင့် အသံမစဲမဟာပဋ္ဌာန်းပွဲကျင်းပ

တောင်ကြီး မတ် -၁၀

   တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရားစေတီတော်ရင်ပြင်တော်ပေါ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ ဆီမီး ၁၀၀၀၊ ပန်း ၁၀၀၀ ပူဇော်ခြင်းနှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မတ်(၁၀)ရက်နံနက်(၉)နာရီခွဲက ရွှေဘုန်းပွင့်ဘုရား ဓမ္မာရုံ၌ကျင်းပကြောင်းသိရသည်။

   အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရားဂေါပကအဖွဲ့ ဦးသိန်းစိုးမှ နတ်ဗြဟ္မာများအား ပင့်ဖိတ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အဂ္ဂမဟာပဏ္ဍိတ စွန်းလွန်းဝိပဿနာ ကမ္မဋ္ဌာန်းကျောင်း ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်ကို နာယူကြသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆရာတော် ထံမှ အနုမောဒနာတရားတော်နာကြားပြီး ရေစက်သွန်းချအမျှပေးဝေကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများတို့က ရွှေဘုန်းပွင့်စေတီတော်ရင်ပြင်တော်ပေါ်တွင် ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူ၍ ဆရာတော်၊ သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 100 guests and no members online

Latest Updates