ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး မတ်- ၁၃

2140




   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး တည်ဆောက်မည့် အဆောက်အဦပုံစံများအားလှည့်လည်ကြည့်ရှုရာ ဦးအောင်နိုင်ရင် (Future Moon ကုမ္ပဏီ) မှ အဆောက်အဦပုံစံနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ကလောမြို့နယ်၊ ဘော်ဆိုင်းမြတ်ဆရာခန်းမ၌ ကမ္ဇောဇအနာဂတ်အလင်းတန်းဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောက်လုပ်ပေးသည့် ဘော်ဆိုင်းဈေး အဆင့်မြှင့်တင် တည်ဆောက်နေမှုကို ကလောမြို့နယ် စည်ပင်သာယာရေးမှ ဦးစီးအရာရှိ ဦးကျော်မင်းထိုက်မှ ဈေးတည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ဈေး၊ ဆေးရုံ၊ မီးသတ်အဆောက်အဦတည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။


------------------------------

သတ္တမအကြိမ်မြောက် ဓနုတိုင်းရင်းသားများ ဆုံဆည်းရာနေ့ကျင်းပ

တောင်ကြီး မတ်- ၁၃

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် မတ်(၁၁)ရက် နံနက် (၈)နာရီက ဒေသဦးစီးရုံးခန်းမ၌ သတ္တမ အကြိမ်မြောက်ဓနုတိုင်းရင်းသားများဆုံဆည်းရာနေ့ကျင်းပရာ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဦးစဝ်အောင်မြတ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး၊ ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးချစ်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ဆက်လက်၍ အစီအစဉ်အရ ဆုံဆည်းရာနေ့သီချင်းဖြင့်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံမှ ပေးပို့လာသော သတ္တမ အကြိမ်မြောက်ဓနုတိုင်းရင်းသားများဆုံဆည်းရာနေ့ သဝဏ်လွှာအား ဒုတိယအကြိမ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှ ဖတ်ကြားပြီး၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဦးစဝ်အောင်မြတ် မှ အမှာစကားပြောကြားကာ ဓနုပညာရေးဖောင်ဒေးရှင်းအတွက် အလှူငွေကျပ် (၁၀)သိန်း ပေးအပ်ရာ ဓနုပညာရေးဖောင်ဒေးရှင်းဥက္ကဌ ဦးစန်းမောင်က လက်ခံရယူ၍ ဒုတိယအကြိမ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှ အမှာစကားပြောကြားကြောင်းသိရသည်။

   ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးထံမှ ပေးပို့လာသော သတ္တမအကြိမ်မြောက် ဓနုတိုင်းရင်းသားများဆုံဆည်းရာနေ့ သဝဏ်လွှာအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် တောင်ရိုးတိုင်းရင်းသား ကိုယ်စားလှယ် ဦးကျော်ငြိမ်းမှ ဖတ်ကြားပြီး၊ အလှူငွေများပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ် (၅)သိန်းကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ ပေးအပ်ရာ ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဒုတိယဥက္ကဌမှ လက်ခံရယူပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှ အလှူငွေကျပ်(၁၀)သိန်းပေးအပ်ရာ ဓနု ပညာရေးဖောင်ဒေးရှင်းဥက္ကဌ ဦးစန်းမောင်က လက်ခံရယူကာ ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းကိုယ်စားလှယ် ဦးအောင်ကြိုင်မှ လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များဆွေးနွေးတင်ပြ၍ ဆုံဆည်းရာနေ့သီချင်းဖြင့် သီဆိုပိတ်သိမ်း လိုက်ကြောင်းသိရသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး တည်ဆောက်မည့် အဆောက်အဦပုံစံများအားလှည့်လည်ကြည့်ရှုရာ ဦးအောင်နိုင်ရင် (Future Moon ကုမ္ပဏီ) မှ အဆောက်အဦပုံစံနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ကလောမြို့နယ်၊ ဘော်ဆိုင်းမြတ်ဆရာခန်းမ၌ ကမ္ဇောဇအနာဂတ်အလင်းတန်းဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောက်လုပ်ပေးသည့် ဘော်ဆိုင်းစျေး အဆင့်မြှင့်တင် တည်ဆောက်နေမှုကို ကလောမြို့နယ် စည်ပင်သာယာရေးမှ ဦးစီးအရာရှိ ဦးကျော်မင်းထိုက်မှ စျေးတည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် စျေး၊ ဆေးရုံ၊ မီးသတ်အဆောက်အဦတည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 23 guests and no members online

Latest Updates