ရှမ်းပြည်နယ်သတင်းများ

ျပည္နယ္လူမွုေရးဝန္ႀကီး တကၠသိုလ္ဝင္တန္းေျဖဆိုသူမ်ားအား သြားေရာက္ၾကည့္ရွုအားေပး

ေတာင္ႀကီး မတ္ - ၁၃

 2142

   ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရွိုးၿမိဳ႕နယ္စာစစ္ဌာနမ်ားတြင္ တကၠသိုလ္ဝင္တန္းေျဖဆို ေက်ာင္းသား/ ေက်ာင္းသူမ်ားအား ျပည္နယ္လူမွုေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ တာဝန္ရွိ သူမ်ားက မတ္လ (၁၃)ရက္ နံနက္ (၉)နာရီတြင္လွည့္လည္ၾကည့္ရွုအားေပးခဲ့ေၾကာင္းသိရသည္။

    ျပည္နယ္လူမွုေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ လားရွိုးခရိုင္အုပ္ခ်ဳပ္ေရးမွူး ဦးေကာင္းစံလင္း ႏွင့္ ပညာေရးဌာနမွ တာဝန္ရွိသူမ်ားႏွင့္အတူ လားရွိုးၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္း (၁)(၂)(၃)(၄)(၆) စာစစ္ဌာန(၅)ခုမွ တကၠသိုလ္ဝင္တန္း ေျဖဆို ေက်ာင္းသား/ ေက်ာင္းသူ စုစုေပါင္းစာရင္းရွိ (၄၅၂၇)ဦး၊ ေျဖဆိုသူ(၄၂၁၈)ဦးစာေမးပြဲေျဖဆိုေနမွုအား လွည့္လည္ၾကည့္ရွု အားေပးခဲ့ပါသည္။

2143

   ထို႔ေနာက္ ျပည္နယ္လူမွုေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔သည္ လားရွိုးၿမိဳ႕နယ္ ျပည္သူ႔ က်န္းမာေရးဦးစီး ဌာနမွူး႐ုံး၌ ေလာက္ကိုင္၊ ကုန္းၾကမ္းေဒသဖက္မွ ေခတၱတိမ္းေရွာင္လာၾကေသာ စစ္ေဘးေရွာင္ က်န္းမာေရး ဝန္ထမ္း (၄၈)ဦးတို႔အား အားေပးစကားေျပာၾကားခဲ့ၿပီး ဆန္(၅)အိတ္ ႏွင့္ တစ္ဦးလၽွင္ေငြက်ပ္ (၂၀၀၀၀)ႏွုန္း၊ ကြမ္းလုံၿမိဳ႕သို႔ တိမ္းေရွာင္လာေသာ ေက်ာင္းသား/ ေက်ာင္းသူ (၅)ဦး၊ က်န္းမာေရးဝန္ထမ္း(၄)ဦးတို႔အား တစ္ဦးလၽွင္ေငြက်ပ္ (၂၀၀၀၀)ႏွုန္း၊ စစ္ေဘးေရွာင္အိမ္ေထာင္စု (၁၄)စု တို႔အား တစ္အိမ္ေထာင္လၽွင္ ေငြက်ပ္ (၂၀၀၀၀)ႏွုန္း၊ စုစုေပါင္း (၁၄၂၀၀၀၀)က်ပ္ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

အစရ(ရွမ္း)

-----------------------------------------------

ပြည်နယ်လူမှုရေးဝန်ကြီး တက္ကသိုလ်ဝင်တန်းဖြေဆိုသူများအား သွားရောက်ကြည့်ရှုအားပေး

တောင်ကြီး မတ် - ၁၃

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းဖြေဆို ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိ သူများက မတ်လ (၁၃)ရက် နံနက် (၉)နာရီတွင်လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

    ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ လားရှိုးမြို့ အခြေခံပညာအထက်တန်းကျောင်း (၁)(၂)(၃)(၄)(၆) စာစစ်ဌာန(၅)ခုမှ တက္ကသိုလ်ဝင်တန်း ဖြေဆို ကျောင်းသား/ ကျောင်းသူ စုစုပေါင်းစာရင်းရှိ (၄၅၂၇)ဦး၊ ဖြေဆိုသူ(၄၂၁၈)ဦးစာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

   ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူးရုံး၌ လောက်ကိုင်၊ ကုန်းကြမ်းဒေသဖက်မှ ခေတ္တတိမ်းရှောင်လာကြသော စစ်ဘေးရှောင် ကျန်းမာရေး ဝန်ထမ်း (၄၈)ဦးတို့အား အားပေးစကားပြောကြားခဲ့ပြီး ဆန်(၅)အိတ် နှင့် တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀)နှုန်း၊ ကွမ်းလုံမြို့သို့ တိမ်းရှောင်လာသော ကျောင်းသား/ ကျောင်းသူ (၅)ဦး၊ ကျန်းမာရေးဝန်ထမ်း(၄)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀)နှုန်း၊ စစ်ဘေးရှောင်အိမ်ထောင်စု (၁၄)စု တို့အား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်း၊ စုစုပေါင်း (၁၄၂၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အစရ(ရှမ်း)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 21 guests and no members online

Latest Updates