ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး မတ် - ၁၅

2146



2147


အစရ(ရှမ်း)

-------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်နယ်လူမှုရေးဝန်ကြီး တက္ကသိုလ်ဝင်တန်းဖြေဆိုသူများအား သွားရောက်ကြည့်ရှုအားပေး

တောင်ကြီး မတ် - ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုအခြေခံပညာအထက်တန်းကျောင်း စာစစ် ဌာန၊ နောင်ချိုအခြေခံပညာအထက်တန်းကျောင်း (ခွဲ)စာစစ်ဌာန များတွင်တက္ကသိုလ်ဝင်တန်း ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ် ဖြေဆိုကျောင်းသား/ ကျောင်းသူများအား ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် တာဝန်ရှိသူများက မတ်လ (၁၅)ရက် နံနက် (၉)နာရီတွင် လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။

၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုမှုတွင် နောင်ချို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာရင်းရှိ(၈၃၇)ဦး၊ ဖြေဆို(၈၃၀)ဦး၊ ပျက်ကွက်(၇)ဦးရှိပြီး၊ နောင်ချိုအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) စာစစ်ဌာန၌ စာရင်းရှိ (၄၈၀)ဦး၊ ဖြေဆို(၄၃၃)ဦး၊ ပျက်ကွက်(၄၇)ဦးရှိကြောင်းသိရှိရသည်။

  ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျှက်ရှိသော နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလ အချိန်မှီ ပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 21 guests and no members online

Latest Updates