ရှမ်းပြည်နယ်သတင်းများ

မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရး သ႐ုပ္ျပ

ေတာင္ႀကီး မတ္ - ၂၁ 

2148

   မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရး သ႐ုပ္ျပပြဲကို မတ္(၂၀)ရက္ မြန္းလႊဲ(၂)နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ အေဝရာမီးပုံပ်ံကြင္း၌ က်င္းပေၾကာင္းသိရသည္။

 ေ  ခတ္မီဖြံ့ၿဖိဳးတိုးတက္ေသာ နိုင္ငံေတာ္ႀကီးတည္ေဆာင္ေနခ်ိန္တြင္ နိုင္ငံေတာ္အစိုးရႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ေနေသာ မီးသတ္တပ္ဖြဲ႕အေပၚ မီးၿငိမ္းသတ္ေရး ရွာေဖြကယ္ဆယ္ေရး ေခတ္မွီလုပ္ငန္းသုံးပစၥည္းကိရိယာမ်ားကို ဌာနအႀကီးအကဲမ်ား၏ တင္ျပခ်က္တြင္ ဘ႑ာေငြမ်ားခ်ေပးျခင္း ပစၥည္းကိရိယာမ်ားျဖည့္တင္းျခင္းတို႔ ေၾကာင့္ မီးေလာင္မွုျဖစ္ပြားလာေသာ္လည္း ထိခိုက္ဆုံးရွုံးမွုအနည္းဆုံးျဖစ္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ စြမ္းရည္ျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

   ဆက္လက္၍ ရွမ္းျပည္နယ္ မီးသတ္တပ္ဖြဲ႕ဝင္မွ သ႐ုပ္ျပသရာ အဆင့္ျမႇင့္တိုက္မ်ားမီးေလာင္လၽွင္ တိုက္အတြင္းပိတ္မိေနသူအား မီးသတ္တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ Jumping Sheet ေပၚသို႔ ခုန္ခ်ျခင္းျဖင့္ အသက္အႏၲရာယ္ကို ကာကြယ္သည့္ ျပကြက္မ်ား၊ ငလ်င္လွုပ္ခတ္မွုျဖစ္ပြားလာပါက မီးသတ္တပ္ဖြဲ႕ဝင္မ်ား ႏွင့္ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ားမွ ရွာေဖြကယ္ဆယ္ေရးေဆာင္ရြက္သည့္ ျပကြက္မ်ား၊ ယာဥ္မေတာ္ တဆမွုျဖစ္ပြားမွုကို ရွာေဖြကယ္ဆယ္သည့္ ျပကြက္မ်ား၊ အဆင့္ျမႇင့္တိုက္မ်ား မီးေလာင္ေနမွုကို မီးၿငိမ္းသတ္မွုျပကြက္မ်ား၊ ဆီသိုေလွာင္ကန္ မီးေလာင္မွုျပကြက္မ်ားတို႔ကို ျပသၾကသည္။

   အဆိုပါအခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ားတက္ေရာက္ ၾကည့္ရွုအားေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

------------------------------------------------

မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြ

တောင်ကြီး မတ် - ၂၁ 

   မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြပွဲကို မတ်(၂၀)ရက် မွန်းလွှဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်း၌ ကျင်းပကြောင်းသိရသည်။

   ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောင်နေချိန်တွင် နိုင်ငံတော်အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော မီးသတ်တပ်ဖွဲ့အပေါ် မီးငြိမ်းသတ်ရေး ရှာဖွေကယ်ဆယ်ရေး ခေတ်မှီလုပ်ငန်းသုံးပစ္စည်းကိရိယာများကို ဌာနအကြီးအကဲများ၏ တင်ပြချက်တွင် ဘဏ္ဍာငွေများချပေးခြင်း ပစ္စည်းကိရိယာများဖြည့်တင်းခြင်းတို့ ကြောင့် မီးလောင်မှုဖြစ်ပွားလာသော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ် မီးသတ်တပ်ဖွဲ့ဝင်များမှ စွမ်းရည်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

   ဆက်လက်၍ ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်မှ သရုပ်ပြသရာ အဆင့်မြှင့်တိုက်များမီးလောင်လျှင် တိုက်အတွင်းပိတ်မိနေသူအား မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် Jumping Sheet ပေါ်သို့ ခုန်ချခြင်းဖြင့် အသက်အန္တရာယ်ကို ကာကွယ်သည့် ပြကွက်များ၊ ငလျင်လှုပ်ခတ်မှုဖြစ်ပွားလာပါက မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သည့် ပြကွက်များ၊ ယာဉ်မတော် တဆမှုဖြစ်ပွားမှုကို ရှာဖွေကယ်ဆယ်သည့် ပြကွက်များ၊ အဆင့်မြှင့်တိုက်များ မီးလောင်နေမှုကို မီးငြိမ်းသတ်မှုပြကွက်များ၊ ဆီသိုလှောင်ကန် မီးလောင်မှုပြကွက်များတို့ကို ပြသကြသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက် ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 19 guests and no members online

Latest Updates