ရှမ်းပြည်နယ်သတင်းများ

ေအးၿငိမ္းနႏၵာဆုေတာင္းျပည့္ေစတီေတာ္ ေရႊထီးေတာ္အထြဋ္တင္လွူပြဲႏွင့္ ရဟန္းခံ ရွင္ျပဳအလွူေတာ္ မဂၤလာပြဲက်င္းပ

ေတာင္ႀကီး မတ္ -၂၈

2151

   ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဖယ္ခုံၿမိဳ႕နယ္၊ ရီလုံရီကန္ေက်းရြာအုပ္စု လက်ီႏြဲ႕ သာသနာျပဳ ေက်ာင္းတိုက္တြင္ နိုင္ငံေတာ္ၾသဝါဒစရိယ၊ ျမန္မာနိုင္ငံလုံးဆိုင္ရာ ေထရဝါဒ ဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း ၾသဝါဒါစရိယ၊ နာဂလိုဏ္ဂူေတာ္ ကေလးဝေတာရ ဆရာေတာ္ ဘဒၵႏၲဇာဂရာဘိဝံသ အဂၢမဟာပ႑ိတ၊ အဂၢမဟာကမၼဌာနာစရိယႏွင့္ ျမန္မာနိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း ၾသဝါဒါစရိယ၊ ရန္ကုန္တိုင္းေဒသႀကီး သံဃနာယကအဖြဲ႕၊ ဥကၠဌ ေဒါက္တာဘဒၵႏၲကၠဒၶိဗလ၊ အဂၢမဟာ သဒၶမေဇာတိကဓဇ၊ နိုင္ငံစြမ္းေဆာင္ရည္ဆု ေဇယ်ာလူမွုထူးခၽြန္ဆု(ပထမအဆင့္)၊ ဒုတိယက်ိဳက္ထီးေဆာင္းဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ၊ ေဒါက္တာဘဒၵႏၲနာဂဒီပတို႔၏ ၾသဝါဒႏွင့္ စီမံလမ္းညႊန္ခ်က္မ်ားႏွင့္အညီ ျမန္မာနိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း (ဗဟို)ကႀကီးမွူးလၽွက္ ခ်ယ္ရီ FMမိသားစုတို႔၏ လွူဒါန္းပံ့ပိုးမွုျဖင့္ တိုင္းရင္းသားရဟန္း၊ သာမေဏ၊ သီလရွင္အပါး(၂၀၂၀)တို႔အား သာသနာ့ေဘာင္သို႔ သြတ္သြင္းျခင္း၊ သာသနာဒါယဇၨသာသနာ့အေမြခံ အလွူေတာ္မဂၤလာကို မတ္(၂၆)ရက္ နံနက္(၈)နာရီက အဆိုပါေက်းရြာ၌ က်င္းပေၾကာင္းသိရသည္။

   ဆက္လက္၍ ကယန္း၊ ပအိုဝ္းစေသာ ရွင္ေလာင္းေပါင္းစုံ(၁၃၅)ပါးတို႔က အခမ္းအနားကို နေမာတႆ(၃)ႀကိမ္ ရြတ္ဆိုဘုရားကန္ေတာ့၍ ဖြင့္လွစ္ၿပီး၊ ရွင္ေလာင္းမ်ားကအဆရာေတာ္ႀကီးအား ၾသကာသကန္ေတာ့ခ်ိဳးျဖင့္ ရွိခိုးကန္ေတာ့ကာ ဆရာေတာ္ႀကီးက ရွင္ေလာင္းမ်ားအား ဆုေပးခ်ီးျမႇင့္၍  ရွင္ေလာင္းမ်ားအား ေကသေစၧဒန၊ ဆံခ်မဂၤလာေဆာင္ရြက္ေပးၾကၿပီး၊ သာမေဏရပဗၺဇၨမဂၤလာအျဖစ္ ရွင္သာမေဏျပဳလုပ္ေပးၾကသည္။

   ထို႔ေနာက္ သာသနာေရးႏွင့္ ယဥ္ေက်းမွုဝန္ႀကီးဌာန ျပည္ေထာင္ဝန္ႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ တိုင္းမွူးတို႔ႏွင့္ ပရိတ္သတ္တို႔သည္ ဆရာေတာ္ထံမွ ကိုးပါသီလခံယူေဆာက္တည္ကာ သံဃာေတာ္ အရွင္သူျမတ္တို႔ ရြတ္ပြားသရဇၥ်ာယ္ေတာ္မူေသာ ေမတၱသုတ္ပရိတ္တရားေတာ္မ်ားကို နာယူၾကၿပီး၊ သာသနာဒါယကာအလွူရွင္မိသားစာမ်ားက သံဃာေတာ္အရွင္သူျမတ္တို႔အား လွူဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္လွူဒါန္း၍ အလွူေတာ္ေငြမ်ားေပးအပ္လွူဒါန္းၾကသည္။

   ၎ေနာက္ သာသနာေရးႏွင့္ ယဥ္ေက်းမွုဝန္ႀကီးဌာန ျပည္ေထာင္ဝန္ႀကီး သူရဦးေအာင္ကို၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျမန္မာနိုင္ငံလုံးဆိုင္ရာေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း(ဗဟို)ဥကၠဌ၊ အဂၢမဟာသီရိသုဓမၼ မဏိေဇာတဓရ၊ ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊ(ေဇကမၻာ)တို႔က သာသနာေရးဆိုင္ရာမ်ားေလၽွာက္ထားၾကၿပီး၊ ရန္ကုန္ တိုင္းေဒသႀကီး သံဃာနာယကအဖြဲ႕ဥကၠဌ ေဒါက္တာဘဒၵႏၲကၠဒၶိဗလ ေက်းဇူးတင္စကား ေလၽွာက္ထား၍ ဆရာေတာ္ႀကီးမ်ားထံမွ အႏုေမာဒနာတရားနာၾကားကာ ေရစက္သြန္းခ်အမၽွေပးေဝေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

-------------------------------------------

အေးငြိမ်းနန္ဒာဆုတောင်းပြည့်စေတီတော် ရွှေထီးတော်အထွဋ်တင်လှူပွဲနှင့် ရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာပွဲကျင်းပ

တောင်ကြီး မတ် -၂၈

   ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ ရီလုံရီကန်ကျေးရွာအုပ်စု လကျီနွဲ့ သာသနာပြု ကျောင်းတိုက်တွင် နိုင်ငံတော်သြဝါဒစရိယ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း သြဝါဒါစရိယ၊ နာဂလိုဏ်ဂူတော် ကလေးဝတောရ ဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဌာနာစရိယနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း သြဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ ဥက္ကဌ ဒေါက်တာဘဒ္ဒန္တက္ကဒ္ဓိဗလ၊ အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ၊ နိုင်ငံစွမ်းဆောင်ရည်ဆု ဇေယျာလူမှုထူးချွန်ဆု(ပထမအဆင့်)၊ ဒုတိယကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တနာဂဒီပတို့၏ သြဝါဒနှင့် စီမံလမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို)ကကြီးမှူးလျှက် ချယ်ရီ FMမိသားစုတို့၏ လှူဒါန်းပံ့ပိုးမှုဖြင့် တိုင်းရင်းသားရဟန်း၊ သာမဏေ၊ သီလရှင်အပါး(၂၀၂၀)တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း၊ သာသနာဒါယဇ္ဇသာသနာ့အမွေခံ အလှူတော်မင်္ဂလာကို မတ်(၂၆)ရက် နံနက်(၈)နာရီက အဆိုပါကျေးရွာ၌ ကျင်းပကြောင်းသိရသည်။

   ဆက်လက်၍ ကယန်း၊ ပအိုဝ်းစသော ရှင်လောင်းပေါင်းစုံ(၁၃၅)ပါးတို့က အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရှင်လောင်းများကအဆရာတော်ကြီးအား သြကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကာ ဆရာတော်ကြီးက ရှင်လောင်းများအား ဆုပေးချီးမြှင့်၍  ရှင်လောင်းများအား ကေသစ္ဆေဒန၊ ဆံချမင်္ဂလာဆောင်ရွက်ပေးကြပြီး၊ သာမဏေရပဗ္ဗဇ္ဇမင်္ဂလာအဖြစ် ရှင်သာမဏေပြုလုပ်ပေးကြသည်။

   ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့နှင့် ပရိတ်သတ်တို့သည် ဆရာတော်ထံမှ ကိုးပါသီလခံယူဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြပြီး၊ သာသနာဒါယကာအလှူရှင်မိသားစာများက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အလှူတော်ငွေများပေးအပ်လှူဒါန်းကြသည်။

  ၎င်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်ဝန်ကြီး သူရဦးအောင်ကို၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌ၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ(ဇေကမ္ဘာ)တို့က သာသနာရေးဆိုင်ရာများလျှောက်ထားကြပြီး၊ ရန်ကုန် တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ဥက္ကဌ ဒေါက်တာဘဒ္ဒန္တက္ကဒ္ဓိဗလ ကျေးဇူးတင်စကား လျှောက်ထား၍ ဆရာတော်ကြီးများထံမှ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 22 guests and no members online

Latest Updates