ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး မတ် -၂၈

2152




---------------------------------------

၂၀၁၇ခုနှစ် ကမ္ဘာ့တီဘီတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ကျင်းပ

တောင်ကြီး မတ် -၂၈

   ကမ္ဘာ့တီဘီတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ကို မတ်(၂၇)ရက်၊ နံနက်(၉)နာရီ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့် အမှာစကားပြောကြားရာ ရှမ်းပြည်နယ်အနေဖြင့် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက် လျှက်ရှိရာတွင်း ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန လက်အောက်တွင် ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနတစ်ခု၊ ခရိုင်တီဘီရောဂါတိုက်ဖျက်ရေးဌာန(၃)ခု၊ မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန (၅)ခုတို့တွင် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကျန်မြို့နယ်များတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနများမှ ကုသပေးလျှက်ရှိပြီး၊ ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်း များဖြစ်သော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့်ကြသော PSIနှင့် The Unionတို့သည် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် မိတ်ဖက်အဖွဲ့အစည်းများအဖြင့် အတူတကွလက်တွဲဆောင်ရွက် လျှက်ရှိပါကြောင်း၊ ပြောကြားသွားသည်။

   ဆက်လက်၍ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ၂၀၁၇ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားဖွင့်ပွဲမိန့်ခွန်းအား ပြည်နယ်ပြည်သူ့ ကျန်းမားရေးဦးစီးဌာန ခေတ္တပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းဝင်းဇော်လှိုင်မှ ဖတ်ကြားပြီး၊ တီဘီရောဂါအကြောင်းသိကောင်းစရာနှင့် ရှေ့လုပ်ငန်းစဉ်များကို တီဘီနှင့်အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာအိအိချောမှ တင်ပြကာ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ခန်းမအတွင်းခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လှည်ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 25 guests and no members online

Latest Updates