ရှမ်းပြည်နယ်သတင်းများ

မီးေဘးသင့္ ဘုန္းေတာ္ႀကီးေက်ာင္းအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ အလွူေငြေပးအပ္

ေတာင္ႀကီး မတ္ - ၂၉

2153

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လုံျခဳံေရးႏွင့္နယ္စပ္ေရးရာ ဝန္ႀကီး၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး၊ ျပည္နယ္သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕ညႊန္ၾကားေရးမွူးႏွင့္ တာဝန္ရွိသူတို႔သည္ မတ္(၂၉)ရက္၊ နံနက္(၉) နာရီက ရပ္ေစာက္ၿမိဳ႕နယ္၊ ဗထူးတပ္မေတာ္ေဆး႐ုံ၌ တက္ေရာက္ကုသေနေသာ အင္းေခါင္းဘုန္းေတာ္ႀကီး ေက်ာင္းမွ ဆရာေတာ္အား သြားေရာက္ၾကည့္ရွု၍ လွူဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္ခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ ရပ္ေစာက္ၿမိဳ႕နယ္၊ လြယ္ကိုးေက်းရြာအုပ္စု၊ အင္းေခါင္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ ျပဳလုပ္ ေသာ မီးေဘးသင့္ဘုန္းေတာ္ႀကီးေက်ာင္းအတြက္ အလွူေငြေပးအပ္ပြဲက်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က အလွူေငြလွူဒါန္းရျခင္းႏွင့္ပတ္သက္၍ ဆရာေတာ္အားေလၽွာက္ထားၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ အလွူေငြက်ပ္သိန္း(၁၀၀)ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္မွေပးအပ္ရာ တာဝန္ရွိသူတစ္ဦးမွ လက္ခံရယူသည္။

ထို႔ေနာက္ ဗထူးတပ္နယ္၊ တပ္နယ္မွူးႏွင့္ေက်ာင္းအုပ္ႀကီးတို႔မွ အလွူေငြက်ပ္သိန္း(၂၀)၊ ရပ္ေစာက္ၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးအသင္းမွ အလွူေငြက်ပ္(၅)သိန္း၊ ရပ္ေစာက္ၿမိဳ႕နယ္ (NLD) ပါတီမွ ဘိလပ္ေျမအိတ္(၂၀၀)တို႔ကို ေပးအပ္လွူဒါန္းရာ တာဝန္ရွိသူမ်ားက လက္ခံရယူၿပီး၊ အင္းေခါင္းဘုန္းေတာ္ႀကီး ေက်ာင္းေဂါပကအဖြဲ႕မွ ဦးသိန္းေအာင္မွ ေက်းဇူးတင္စကားျပန္လည္ ေျပာၾကားၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔သည္ အင္းေခါင္းေရေလွာင္ကန္အား သြားေရာက္ၾကည့္ရွု ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

----------------------------------------------------------------------------------------------------------------------------------------------------------------

 

မီးဘေးသင့် ဘုန်းတော်ကြီးကျောင်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေပေးအပ်

တောင်ကြီး မတ် - ၂၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့သည် မတ်(၂၉)ရက်၊ နံနက်(၉) နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသနေသော အင်းခေါင်းဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်အား သွားရောက်ကြည့်ရှု၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စု၊ အင်းခေါင်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ် သော မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေပေးအပ်ပွဲကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အလှူငွေလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဆရာတော်အားလျှောက်ထားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ်မှပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူသည်။

ထို့နောက် ဗထူးတပ်နယ်၊ တပ်နယ်မှူးနှင့်ကျောင်းအုပ်ကြီးတို့မှ အလှူငွေကျပ်သိန်း(၂၀)၊ ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ အလှူငွေကျပ်(၅)သိန်း၊ ရပ်စောက်မြို့နယ် (NLD) ပါတီမှ ဘိလပ်မြေအိတ်(၂၀၀)တို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး၊ အင်းခေါင်းဘုန်းတော်ကြီး ကျောင်းဂေါပကအဖွဲ့မှ ဦးသိန်းအောင်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အင်းခေါင်းရေလှောင်ကန်အား သွားရောက်ကြည့်ရှု ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 70 guests and no members online

Latest Updates