ရှမ်းပြည်နယ်သတင်းများ

ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရမ်ားအၾကား ညႇိႏွိုင္းေဆာင္ရြက္ရမည့္ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ရွင္းလင္းေဆြးေႏြး

ေတာင္ႀကီး ဧၿပီ - ၄

2155

 ျ  ပည္ေထာင္စုဝန္ႀကီးဌာနမ်ားႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရမ်ားအၾကား ညႇိႏွိုင္းခ်ိတ္ဆက္ေဆာင္ရြက္ ရမည့္ကိစၥရပ္မ်ား၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ပတ္သက္၍ လြယ္ကူရွင္းလင္းမွုရွိေစေရးအတြက္ ရွင္းလင္းေဆြးေႏြးပြဲ ကို ဧၿပီ(၄)ရက္ မြန္းလြဲ (၁)နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ က်င္းပ ေၾကာင္းသိရသည္။

   အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကား ေျပာၾကားၿပီး၊ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရမ်ားအၾကား ညႇိႏွိုင္းခ်ိတ္ဆက္ ေဆာင္ရြက္ ရမည့္ကိစၥရပ္မ်ား၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ပတ္သက္၍ လြယ္ကူရွင္းလင္းမွုရွိေစေရးအတြက္ ရွင္းလင္း ေဆြးေႏြးေရးအဖြဲ႕-၃ မွ  အလုပ္သမား၊လူဝင္မွုႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးေဌးလွိုင္၊ လူမွုဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ ဒုတိယအျမဲတမ္း အတြင္းဝန္ ဦးေနဝင္း၊ နယ္စပ္ေရးရာဝန္ႀကီးဌာနမွ ဒုတိယညႊန္ၾကားေရးမွူးခ်ဳပ္ ဦးေအာင္ေက်ာ္၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ဒုတိယညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာသန္းထြဋ္ဦး၊ ပညာေရးဝန္ႀကီးဌာနမွ ဒုတိယ ညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာစိုင္းေက်ာ္နိုင္ဦးတို႔မွမိတ္ဆက္၍ ရွင္းလင္းတင္ျပၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ အတြင္းေရးမွူးတို႔က အသီးသီးေဆြးေႏြးၾကသည္။

   ဆက္လက္၍ တက္ေရာက္လာသည့္ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားက ေဆြးေႏြးတင္ျပကာ အေထြေထြ ေဆြးေႏြးၾကၿပီး၊ အဆိုပါအခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ေဆြးေႏြးေရးအဖြဲ႕-၃ မွ  တာဝန္ရွိသူမ်ား၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား တက္ေရာက္ၾကေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

-----------------------------------------------

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြား ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

တောင်ကြီး ဧပြီ - ၄

   ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြား ညှိနှိုင်းချိတ်ဆက်ဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ လွယ်ကူရှင်းလင်းမှုရှိစေရေးအတွက် ရှင်းလင်းဆွေးနွေးပွဲ ကို ဧပြီ(၄)ရက် မွန်းလွဲ (၁)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြား ညှိနှိုင်းချိတ်ဆက် ဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ လွယ်ကူရှင်းလင်းမှုရှိစေရေးအတွက် ရှင်းလင်း ဆွေးနွေးရေးအဖွဲ့-၃ မှ  အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးနေဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ဦး၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးတို့မှမိတ်ဆက်၍ ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က အသီးသီးဆွေးနွေးကြသည်။

   ဆက်လက်၍ တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြကာ အထွေထွေ ဆွေးနွေးကြပြီး၊ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဆွေးနွေးရေးအဖွဲ့-၃ မှ  တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 158 guests and no members online

Latest Updates