ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးၿမိဳ႕၌ ေႏြရာသီအေျခခံ အားကစားသင္တန္းဆင္းပြဲက်င္းပ

ေတာင္ႀကီး ဧၿပီ - ၅

2156

၂၀၁၇ ခုႏွစ္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕ ေႏြရာသီအေျခခံ အားကစားသင္တန္းဆင္းပြဲကို ဧၿပီ(၄)ရက္ ညေန(၃)နာရီက ျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ေဘာလုံးကြင္း၌က်င္းပ ေၾကာင္းသိရသည္။

ဆက္လက္၍ ေႏြရာသီအေျခခံ အားကစားသင္တန္းမွူးမွ ဦးေဆာင္၍ အားကစားသမားမ်ားမွ ျပည္နယ္ဝန္ႀကီးခ်ဳပ္အား အေလးျပဳၾကၿပီး ၂၀၁၇ ခုႏွစ္ ေႏြရာသီအေျခခံ အားကစားသင္တန္းဆင္းပြဲတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ အမွာစကားေျပာၾကားရာတြင္ ၂၀၁၇ ခုႏွစ္ မတ္(၁)ရက္ေန႔မွ ဧၿပီလ(၄)ရက္ထိဖြင့္လွစ္ခဲ့ေသာ ေႏြရာသီအေျခခံ အားကစားသင္တန္းဆင္းပြဲျဖစ္ၿပီး သင္တန္းတြင္ ေဘာလုံး၊ တင္းနစ္၊ ျမန္မာ့သိုင္း၊ တိုက္ကြမ္ဒို၊ ကရာေတးဒို၊ ၾကက္ေတာင္၊ စားပြဲတင္တင္းနစ္၊ ခရစ္ကက္၊ ဘက္စကက္ေဘာ၊ ျခင္းလုံး၊ ပိုက္ေက်ာ္ျခင္း၊ ေျပးခုန္ပစ္ႏွင့္ ေအရိုးဗစ္စသည့္ အားကစားနည္း(၁၃)မ်ိဳးကို စုစုေပါင္းသင္တန္းသား (၁၁၃၁)ဦး တက္ေရာက္ခဲ့ပါေၾကာင္း၊ သင္တန္းမ်ားကို လူငယ္လူရြယ္မ်ား အေနျဖင့္ ေႏြရာသီအားလပ္ရပ္မ်ားကို အက်ိဳးရွိရွိအသုံးခ်တတ္ေစေရး၊ အားကစားနည္းတစ္ရပ္ရပ္ကို အေျခခံမွစ၍ ေလ့က်င့္လိုက္စားျခင္းျဖင့္ က်န္းမာႀကံ့ခိုင္ၿပီး အရည္အခ်င္းျမင့္မားေသာ အားကစားသမား ေကာင္းမ်ား၊ နိုင္ငံ့သားေကာင္းသမီးေကာင္းမ်ား ျဖစ္လာေစေရး တစ္မ်ိဳးသားလုံး က်န္းမာႀကံ့ခိုင္ေရး ဆိုသည့္ ျမင့္မားေသာရည္ရြယ္ခ်က္မ်ားႏွင့္ ဖြင့္လွစ္ေပးရျခင္းျဖစ္ေၾကာင္း၊ ေႏြရာသီအားလပ္ရက္အခ်ိန္ မ်ားတြင္ လူငယ္လူရြယ္မ်ား စိတ္ေလလြင့္မွုမရွိဘဲ အားကစားဘက္ကို စိတ္ပါဝင္စားစြာျဖင့္ တက္ေရာက္ သင္ၾကားေနသည့္အတြက္ လူငယ္မ်ားကို အဓိကၿခိမ္းေျခာက္အႏၲရာယ္ေပးေနေသာ မူးယစ္ေဆးသုံးစြဲမွု ကိုလည္း တားဆီးကာကြယ္ေပးၿပီး ျဖစ္ေနသည့္အတြက္ အထူးေက်းဇူးတင္ရွိပါေၾကာင္းေျပာၾကား သြားသည္။

ထို႔ေနာက္အားကစားသမားမ်ားက အားကစားသစၥာအဓိဌာန္ရြတ္ဆိုၾကၿပီး၊ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕မွ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က တပ္မေတာ္ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံေက်ာင္း အား အားကစားအေထာက္အကူျပဳပစၥည္းအားေပးအပ္ရာ တပ္မေတာ္ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံ ေက်ာင္း ေက်ာင္းအုပ္ ဗိုလ္မွူးခ်ဳပ္ဇင္မင္းထက္က လက္ခံရယူသည္။

၎ေနာက္ သင္တန္းနည္းျပမ်ားအား ဂုဏ္ျပဳလက္မွတ္ေပးအပ္ျခင္းႏွင့္ သင္တန္းသား/သင္တန္း သူမ်ားအား သင္တန္းဆင္းလက္မွတ္ေပးအပ္ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမွုေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ ေဘာလုံး၊ တိုက္ကြမ္ဒို၊ ေျပးခုန္ပစ္ အဖြဲ႕အားေပးအပ္၍လည္းေကာင္း၊ ျပည္နယ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္မွ ကရာေတးဒိုႏွင့္ ရိုးရာျခင္း အဖြဲ႕အား ေပးအပ္၍လည္းေကာင္း၊ တပ္မေတာ္ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံ ေက်ာင္း ေက်ာင္းအုပ္ ဗိုလ္မွူးခ်ဳပ္ ဇင္မင္းထက္ႏွင့္ တာဝန္ရွိသူတို႔က ပိုက္ေက်ာ္ျခင္း၊ တင္းနစ္၊ စားပြဲတင္တင္းနစ္၊ ၾကက္ေတာင္၊ ခရစ္ကက္၊ ဘက္စကက္ေဘာ၊ ျမန္မာ့သိုင္း အဖြဲ႕အသီးသီးတို႔ကို ေပးအပ္ၾကကာ သင္တန္းသား/သင္တန္းသူမ်ားမွ စုေပါင္းသ႐ုပ္ျပျခင္းႏွင့္ တပ္မေတာ္ကြန္ပ်ဴတာႏွင့္နည္းပညာသိပၸံေက်ာင္း အင္ဂ်င္နီယာသင္တန္းသား မ်ားမွ ျမန္မာ့သိုင္းစြမ္းရည္ျပသျခင္း၊ ကရာေတးဒို၊ တိုက္ကြမ္ဒို သင္တန္းသား/သင္တန္းသူမ်ားမွ စြမ္းရည္ ျပသၾကၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔က သင္တန္းသား/သင္တန္းသူမ်ားအား လိုက္လံ ႏွုတ္ဆက္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

----------------------------------------------------------------------------------------------------------------------------------------------------------------

တောင်ကြီးမြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး ဧပြီ - ၅

၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကို ဧပြီ(၄)ရက် ညနေ(၃)နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးကွင်း၌ကျင်းပ ကြောင်းသိရသည်။

ဆက်လက်၍ နွေရာသီအခြေခံ အားကစားသင်တန်းမှူးမှ ဦးဆောင်၍ အားကစားသမားများမှ ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး ၂၀၁၇ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ အမှာစကားပြောကြားရာတွင် ၂၀၁၇ ခုနှစ် မတ်(၁)ရက်နေ့မှ ဧပြီလ(၄)ရက်ထိဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲဖြစ်ပြီး သင်တန်းတွင် ဘောလုံး၊ တင်းနစ်၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ခရစ်ကက်၊ ဘက်စကက်ဘော၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် အေရိုးဗစ်စသည့် အားကစားနည်း(၁၃)မျိုးကို စုစုပေါင်းသင်တန်းသား (၁၁၃၁)ဦး တက်ရောက်ခဲ့ပါကြောင်း၊ သင်တန်းများကို လူငယ်လူရွယ်များ အနေဖြင့် နွေရာသီအားလပ်ရပ်များကို အကျိုးရှိရှိအသုံးချတတ်စေရေး၊ အားကစားနည်းတစ်ရပ်ရပ်ကို အခြေခံမှစ၍ လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသော အားကစားသမား ကောင်းများ၊ နိုင်ငံ့သားကောင်းသမီးကောင်းများ ဖြစ်လာစေရေး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး ဆိုသည့် မြင့်မားသောရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ နွေရာသီအားလပ်ရက်အချိန် များတွင် လူငယ်လူရွယ်များ စိတ်လေလွင့်မှုမရှိဘဲ အားကစားဘက်ကို စိတ်ပါဝင်စားစွာဖြင့် တက်ရောက် သင်ကြားနေသည့်အတွက် လူငယ်များကို အဓိကခြိမ်းခြောက်အန္တရာယ်ပေးနေသော မူးယစ်ဆေးသုံးစွဲမှု ကိုလည်း တားဆီးကာကွယ်ပေးပြီး ဖြစ်နေသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြား သွားသည်။

ထို့နောက်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း အား အားကစားအထောက်အကူပြုပစ္စည်းအားပေးအပ်ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်း ကျောင်းအုပ် ဗိုလ်မှူးချုပ်ဇင်မင်းထက်က လက်ခံရယူသည်။

၎င်းနောက် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် သင်တန်းသား/သင်တန်း သူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဘောလုံး၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ် အဖွဲ့အားပေးအပ်၍လည်းကောင်း၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ကရာတေးဒိုနှင့် ရိုးရာခြင်း အဖွဲ့အား ပေးအပ်၍လည်းကောင်း၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်း ကျောင်းအုပ် ဗိုလ်မှူးချုပ် ဇင်မင်းထက်နှင့် တာဝန်ရှိသူတို့က ပိုက်ကျော်ခြင်း၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ခရစ်ကက်၊ ဘက်စကက်ဘော၊ မြန်မာ့သိုင်း အဖွဲ့အသီးသီးတို့ကို ပေးအပ်ကြကာ သင်တန်းသား/သင်တန်းသူများမှ စုပေါင်းသရုပ်ပြခြင်းနှင့် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း အင်ဂျင်နီယာသင်တန်းသား များမှ မြန်မာ့သိုင်းစွမ်းရည်ပြသခြင်း၊ ကရာတေးဒို၊ တိုက်ကွမ်ဒို သင်တန်းသား/သင်တန်းသူများမှ စွမ်းရည် ပြသကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က သင်တန်းသား/သင်တန်းသူများအား လိုက်လံ နှုတ်ဆက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 60 guests and no members online

Latest Updates