ရှမ်းပြည်နယ်သတင်းများ

၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ ၊ ပညာေရးဆိုင္ရာလုပ္ငန္းညႇိႏွိုင္း

ေတာင္ႀကီး ေမ - ၁၈

2186

ရွမ္းျပည္နယ္၊ ပညာေရးဌာန ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ ၊ ပညာေရးဆိုင္ရာလုပ္ငန္းညႇိႏွိုင္းပြဲကို ေမ(၁၈)ရက္ နံနက္ (၉)နာရီက ေတာင္ႀကီးၿမိဳ႕၊ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္း၊ ေဒၚခင္သိန္းခန္းမေဆာင္၌က်င္းပေၾကာင္း သိရသည္။

တစ္ႏွစ္တာပညာေရးလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာတြင္ လအလိုက္ေဆာင္ရြက္ရမည့္လုပ္ငန္း မ်ားကို ဌာနညႊန္ၾကားခ်က္၊ ေဒသလိုအပ္ခ်က္မ်ားႏွင့္ညႇိႏွိုင္းၿပီး စနစ္တက်ေရးဆြဲထားရန္လိုအပ္ပါေၾကာင္း၊ ေရးဆြဲရာ တြင္လည္း အထက္ေအာက္အျပန္အလွန္ေဆြးေႏြးၿပီး အေသးစိတ္ထည့္သြင္းေရးဆြဲေစရန္ႏွင့္ ေရးဆြဲထားသည့္လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္နိုင္မွုကို အျမဲတမ္းႀကီးၾကပ္စစ္ေဆး၍ အားနည္းခ်က္အားသာခ်က္မ်ားကို သုံးသပ္ျပဳျပင္ေဆာင္ရြက္ ေပးၾကရန္မွာၾကားလိုေၾကာင္း၊ အမ်ိဳးသားစည္းကမ္းအစ စာသင္ေက်ာင္းက ဆိုသည့္ဆိုရိုးစကားအတိုင္း၊ စည္းကမ္းလိုက္နာ ေနထိုင္တတ္ေအာင္ ေက်ာင္းမ်ားကစနစ္တက်ေလ့က်င့္ ပ်ိဳးေထာင္ေပးရမွာျဖစ္ေၾကာင္း၊ ယာဥ္စည္းကမ္းလမ္းစည္းကမ္းႏွင့္ ပတ္သက္၍ သက္ဆိုင္ရာဌာနမ်ားႏွင့္ ခ်ိတ္ဆက္ၿပီး ပညာေပးေဟာေျပာမွုကို စနစ္တက်က်ယ္က်ယ္ျပန႔္ျပန႔္ေဆာင္ရြက္ ေပးရန္၊ ပညာေပးကာလသတ္မွတ္ကာ သတ္မွတ္ကာလကုန္ဆုံးပါက ဥပေဒအရ အေရးယူသြားရန္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ စီးနင္းပါက ဆိုင္ကယ္စီးဦးထုပ္မေဆာင္းပါက အေရးယူရန္၊ ယာဥ္ထိန္းရဲအျပင္ ၿမိဳ႕နယ္ပညာေရးမွူးဦးစီးသည့္ ႀကီးၾကပ္ေရး အဖြဲ႕ႏွင့္ ေရွာင္တခင္စစ္ေဆးၿပီး စည္းကမ္းမလိုက္နာသူသည္ မည္သည့္ေက်ာင္းမွျဖစ္သည္ကို စစ္ေဆးၿပီး ေက်ာင္းအုပ္ႀကီး၊ အတန္းပိုင္၊ ဆရာ/ဆရာမ မွတ္တမ္းမွတ္ရာစသည္ျဖင့္ တိုက္ဆိုင္စစ္ေဆးၿပီး ပညာေပးမွုအားနည္းပါက က်ဴးလြန္သူ ေက်ာင္းသား/ေက်ာင္းသူကိုသာမက တာဝန္ရွိသူအဆင့္ဆင့္ကို ေဖာ္ထုတ္အေရးယူနိုင္ေအာင္ေဆာင္ရြက္ရန္၊ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္အတြက္ ရွမ္းျပည္နယ္မူလတန္းအဆင့္သင္ေက်ာင္းသား(၄၀၄၂၂၆)ဦးအတြက္ က်ပ္သန္း(၄၀၄.၁၉၉)သန္း တန္ဖိုးရွိ ဗလာစာအုပ္ဒါဇင္ေပါင္း(၂၀၂၁၀၀)ဒါဇင္ကို အခမဲ့အျဖစ္ေက်ာင္းဖြင့္ခ်ိန္အမွီ ေက်ာင္းသား/ေက်ာင္းသူမ်ားလက္ထဲကို အျပည့္အဝေရာက္ရွိရန္ တာဝန္ရွိသူအဆင့္ဆင့္က ႀကိဳတင္စီမံေဆာင္ရြက္ေပးရန္ျပည္နယ္လူမွုေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း ကအဖြင့္အမွာစကား၌ထည့္သြင္းေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ပညာေရးမွူး ဦးျမင့္ေအာင္မွ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ ေဆာင္ရြက္မည့္ ပညာေရးကိစၥ ရပ္မ်ားရွင္းလင္းတင္ျပၿပီး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)(အေရွ႕ပိုင္း) တြဲဘက္ျပည္နယ္ပညာေရးမွူးမ်ားမွ ပညာေရးကိစၥရပ္မ်ား ရွင္းလင္းတင္ျပကာ ရွမ္းျပည္နယ္(ေတာင္ပိုင္း) (ေျမာက္ပိုင္း)(အေရွ႕ပိုင္း) ခရိုင္ပညာေရးမွူးမ်ားမွ ပညာေရးကိစၥရပ္မ်ား တင္ျပ၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမွုေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

---------------------------------------------------------------------------------------------------------------------------------------------------------------

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ၊ ပညာရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း

တောင်ကြီး မေ - ၁၈

ရှမ်းပြည်နယ်၊ ပညာရေးဌာန ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ၊ ပညာရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းပွဲကို မေ(၁၈)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမဆောင်၌ကျင်းပကြောင်း သိရသည်။

တစ်နှစ်တာပညာရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်း များကို ဌာနညွှန်ကြားချက်၊ ဒေသလိုအပ်ချက်များနှင့်ညှိနှိုင်းပြီး စနစ်တကျရေးဆွဲထားရန်လိုအပ်ပါကြောင်း၊ ရေးဆွဲရာ တွင်လည်း အထက်အောက်အပြန်အလှန်ဆွေးနွေးပြီး အသေးစိတ်ထည့်သွင်းရေးဆွဲစေရန်နှင့် ရေးဆွဲထားသည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှုကို အမြဲတမ်းကြီးကြပ်စစ်ဆေး၍ အားနည်းချက်အားသာချက်များကို သုံးသပ်ပြုပြင်ဆောင်ရွက် ပေးကြရန်မှာကြားလိုကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်ဆိုရိုးစကားအတိုင်း၊ စည်းကမ်းလိုက်နာ နေထိုင်တတ်အောင် ကျောင်းများကစနစ်တကျလေ့ကျင့် ပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး ပညာပေးဟောပြောမှုကို စနစ်တကျကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် ပေးရန်၊ ပညာပေးကာလသတ်မှတ်ကာ သတ်မှတ်ကာလကုန်ဆုံးပါက ဥပဒေအရ အရေးယူသွားရန်နှင့် မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်စီးဦးထုပ်မဆောင်းပါက အရေးယူရန်၊ ယာဉ်ထိန်းရဲအပြင် မြို့နယ်ပညာရေးမှူးဦးစီးသည့် ကြီးကြပ်ရေး အဖွဲ့နှင့် ရှောင်တခင်စစ်ဆေးပြီး စည်းကမ်းမလိုက်နာသူသည် မည်သည့်ကျောင်းမှဖြစ်သည်ကို စစ်ဆေးပြီး ကျောင်းအုပ်ကြီး၊ အတန်းပိုင်၊ ဆရာ/ဆရာမ မှတ်တမ်းမှတ်ရာစသည်ဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ပညာပေးမှုအားနည်းပါက ကျူးလွန်သူ ကျောင်းသား/ကျောင်းသူကိုသာမက တာဝန်ရှိသူအဆင့်ဆင့်ကို ဖော်ထုတ်အရေးယူနိုင်အောင်ဆောင်ရွက်ရန်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်မူလတန်းအဆင့်သင်ကျောင်းသား(၄၀၄၂၂၆)ဦးအတွက် ကျပ်သန်း(၄၀၄.၁၉၉)သန်း တန်ဖိုးရှိ ဗလာစာအုပ်ဒါဇင်ပေါင်း(၂၀၂၁၀၀)ဒါဇင်ကို အခမဲ့အဖြစ်ကျောင်းဖွင့်ချိန်အမှီ ကျောင်းသား/ကျောင်းသူများလက်ထဲကို အပြည့်အဝရောက်ရှိရန် တာဝန်ရှိသူအဆင့်ဆင့်က ကြိုတင်စီမံဆောင်ရွက်ပေးရန်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကအဖွင့်အမှာစကား၌ထည့်သွင်းပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ပညာရေးမှူး ဦးမြင့်အောင်မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဆောင်ရွက်မည့် ပညာရေးကိစ္စ ရပ်များရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)(အရှေ့ပိုင်း) တွဲဘက်ပြည်နယ်ပညာရေးမှူးများမှ ပညာရေးကိစ္စရပ်များ ရှင်းလင်းတင်ပြကာ ရှမ်းပြည်နယ်(တောင်ပိုင်း) (မြောက်ပိုင်း)(အရှေ့ပိုင်း) ခရိုင်ပညာရေးမှူးများမှ ပညာရေးကိစ္စရပ်များ တင်ပြ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 11 guests and no members online