ရှမ်းပြည်နယ်သတင်းများ

ဖယ္ခုံၿမိဳ႕နယ္၊ မိုးျဗဲဘက္စုံအဆင့္ျမင့္နည္းပညာသုံး စံျပေက်းရြာအတြက္ မ်ိဳးေစ့ေထာက္ပံ့ေပးအပ္ပြဲက်င္းပ

ေတာင္ႀကီး ေမ - ၁၈

2187

ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန၊ ေတာင္ႀကီးခရိုင္ ဖယ္ခုံၿမိဳ႕နယ္၊ မိုးျဗဲဘက္စုံအဆင့္ျမင့္နည္းပညာသုံး စံျပေက်းရြာ အတြင္းရွိ ေရႊရင္ေအး RS to CS စပါးမ်ိဳးေစ့ထုတ္စိုက္ခင္းႀကီးအတြက္မ်ိဳးစပါးေပးအပ္ပြဲကို ေမ(၁၈)ရက္ နံနက္ (၉)နာရီခြဲက မိုးျဗဲစိုက္ပ်ိဳးေရးရွင္းလင္းေဆာင္ခန္းမ၌က်င္းပေၾကာင္းသိရသည္။

  စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနအေနျဖင့္ မူဝါဒလုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ေရးအတြက္ နည္းပညာေပးလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာတြင္ ေျမဆီလႊာဖြံ့ၿဖိဳးတိုးတက္ေရး၊ မ်ိဳးေကာင္းမ်ိဳးသန႔္သုံးစြဲေရး၊ ဘက္စုံပိုးမႊားေရာဂါကာကြယ္ႏွိမ္နင္းေရး၊ သီးႏွံျပဳစုေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားကို ပူးေပါင္း ေဆာင္ရြက္ျခင္းျဖင့္ ေတာင္သူမ်ားအတြက္ အက်ိဳးအျမတ္ရရွိေရးကို ဦးတည္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ျပသရမွာ ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရးဌာနအေနျဖင့္ ၂၀၁၇-၂၀၁၈ ခုႏွစ္ စိုက္ပ်ိဳးရာသီတြင္ ေတာင္ႀကီးခရိုင္ ဖယ္ခုံၿမိဳ႕နယ္၊ မိုးျဗဲေက်းရြာ၊ ေက်းရြာအုပ္စုကို ဘက္စုံအဆင့္ျမင့္နည္းပညာအသုံးျပဳ စံျပေက်းရြာတစ္ရြာအျဖစ္ အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း၊ ဘက္စုံအဆင့္ျမင့္နည္းပညာသုံးေက်းရြာအတြင္းတြင္ မ်ိဳးေကာင္းမ်ိဳးသန႔္သုံးစြဲေရးကို ဦးတည္ၿပီး ေရႊရင္ေအး  RS to CS စပါးမ်ိဳးေစ့ထုတ္စိုက္ခင္းႀကီးအတြက္မ်ိဳးစပါးမ်ားကို ေပးအပ္သြားမွာျဖစ္ေၾကာင္း၊ Best Management Practices (BMP)စံျပစိုက္ခင္းအတြက္ (နယူးဧရာ)RS မ်ိဳး(၂၀၀)ဧက၊ Best Management Practices (BMP)စံျပစိုက္ခင္းအတြက္ (ေရႊရင္ေအး)CS မ်ိဳး(၂၀၀)ဧက၊ Good Agricultural Practices (GAP) ေဆာင္ရြက္ေတာင္သူအတြက္ (နယူးဧရာ)RS မ်ိဳး(၃၀)ဧက၊ Good Agricultural Practices (GAP) ေဆာင္ရြက္ေတာင္သူအတြက္ (ေရႊရင္ေအး) RS မ်ိဳး(၂၀)ဧက၊Registered Seed to Certified Seed (RS to CS) မ်ိဳးသန႔္စိုက္ခင္းအတြက္ (ေရႊရင္ေအး) RS မ်ိဳး(၅၀)ဧက၊ System of Rice Intensification (SRI) စံျပစိုက္ခင္းအတြက္ (ေရႊရင္ေအး) RS မ်ိဳး (၅)ဧကစာမ်ိဳးစပါးမ်ားေထာက္ပံ့ေပးအပ္သြာမွာျဖစ္ၿပီး၊ စိုက္ဧကစုစုေပါင္း (၅၁၀)ဧကစာအတြက္ မ်ိဳးစပါးမ်ား ေထာက္ပံ့ေပးအပ္သြားမွာျဖစ္ကာ ေတာင္သူဦးႀကီးမ်ားအေနျဖင့္ စိုက္ပ်ိဳေရးဦးစီးဌာန၏ ဘက္စုံအဆင့္ျမင့္နည္း ပညာမ်ားကို လိုက္နာက်င့္သုံးၿပီး တြဲလက္ညီညီႏွင့္ စုေပါင္းအေကာင္အထည္ေဖာ္ေဆာင္ရြက္ၾကရန္ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္က ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ကယန္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးခြန္းေအးေမာင္ႏွင့္ အမွတ္(၂) နယ္ေၿမ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအန္းေဂ်လို တို႔က အဖြင့္အမွာစကားေျပာၾကားသြားၿပီး၊ ရွမ္းျပည္နယ္စိုက္ပ်ိဳးေရး ဦးစီးဌာန ျပည္နယ္ဦးစီးမွူး ဦးခ်ိဳနိုင္ထြန္းမွ လယ္ယာက႑ဖြံ့ၿဖိဳးတိုးတက္ေရး အခန္းက႑မ်ား ရွင္းလင္းတင္ျပကာ ေတာင္ႀကီးခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာန ခရိုင္ဦးစီးမွူး ဦးေဇာ္ဝင္းထြန္းမွ ဘက္စုံအဆင့္ျမင့္နည္းပညာသုံး စံျပေက်းရြာ ေဆာင္ရြက္ရျခင္းရည္ရြယ္ခ်က္၊ လုပ္ငန္းေဆာင္ရြက္မည့္အစီအစဥ္မ်ား ရွင္းလင္းတင္ျပ၍  ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္က ဘက္စုံအဆင့္ျမင့္နည္းပညာသုံး စံျပေက်းရြာအတြင္းရွိ RS to CS စပါးမ်ိဳးေစ့စိုက္ခင္း (BMP)စံျပကြက္၊ စံျပစိုက္ခင္း၊ (SRI) စံျပစိုက္ခင္း၊ (GAP)စိုက္ခင္းမ်ားအတြက္ မ်ိဳးေစ့ေထာက္ပံ့ ေပးအပ္ခဲ့ကာ မ်ိဳးေစ့ေထာက္ပံ့ျခင္းခံရေသာ ေတာင္သူမ်ားကိုယ္စား ေတာင္သူတစ္ဦးက ေက်းဇူးတင္စကားျပန္လည္ ေျပာၾကားၿပီး၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္ကနိဂုံးခ်ဳပ္အမွာစကား ေျပာၾကား ခဲ့ေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

----------------------------------------------------------------------------------------------------------------------------------------------------------

 

ဖယ်ခုံမြို့နယ်၊ မိုးဗြဲဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ

တောင်ကြီး မေ - ၁၈

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ အတွင်းရှိ ရွှေရင်အေး RS to CS စပါးမျိုးစေ့ထုတ်စိုက်ခင်းကြီးအတွက်မျိုးစပါးပေးအပ်ပွဲကို မေ(၁၈)ရက် နံနက် (၉)နာရီခွဲက မိုးဗြဲစိုက်ပျိုးရေးရှင်းလင်းဆောင်ခန်းမ၌ကျင်းပကြောင်းသိရသည်။

  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မူဝါဒလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊ သီးနှံပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိရေးကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်ပြသရမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ် စိုက်ပျိုးရာသီတွင် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ၊ ကျေးရွာအုပ်စုကို ဘက်စုံအဆင့်မြင့်နည်းပညာအသုံးပြု စံပြကျေးရွာတစ်ရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံးကျေးရွာအတွင်းတွင် မျိုးကောင်းမျိုးသန့်သုံးစွဲရေးကို ဦးတည်ပြီး ရွှေရင်အေး  RS to CS စပါးမျိုးစေ့ထုတ်စိုက်ခင်းကြီးအတွက်မျိုးစပါးများကို ပေးအပ်သွားမှာဖြစ်ကြောင်း၊ Best Management Practices (BMP)စံပြစိုက်ခင်းအတွက် (နယူးဧရာ)RS မျိုး(၂၀၀)ဧက၊ Best Management Practices (BMP)စံပြစိုက်ခင်းအတွက် (ရွှေရင်အေး)CS မျိုး(၂၀၀)ဧက၊ Good Agricultural Practices (GAP) ဆောင်ရွက်တောင်သူအတွက် (နယူးဧရာ)RS မျိုး(၃၀)ဧက၊ Good Agricultural Practices (GAP) ဆောင်ရွက်တောင်သူအတွက် (ရွှေရင်အေး) RS မျိုး(၂၀)ဧက၊Registered Seed to Certified Seed (RS to CS) မျိုးသန့်စိုက်ခင်းအတွက် (ရွှေရင်အေး) RS မျိုး(၅၀)ဧက၊ System of Rice Intensification (SRI) စံပြစိုက်ခင်းအတွက် (ရွှေရင်အေး) RS မျိုး (၅)ဧကစာမျိုးစပါးများထောက်ပံ့ပေးအပ်သွာမှာဖြစ်ပြီး၊ စိုက်ဧကစုစုပေါင်း (၅၁၀)ဧကစာအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကာ တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုရေးဦးစီးဌာန၏ ဘက်စုံအဆင့်မြင့်နည်း ပညာများကို လိုက်နာကျင့်သုံးပြီး တွဲလက်ညီညီနှင့် စုပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်းအေးမောင်နှင့် အမှတ်(၂) နယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအန်းဂျေလို တို့က အဖွင့်အမှာစကားပြောကြားသွားပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများ ရှင်းလင်းတင်ပြကာ တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းထွန်းမှ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းတင်ပြ၍  ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအတွင်းရှိ RS to CS စပါးမျိုးစေ့စိုက်ခင်း (BMP)စံပြကွက်၊ စံပြစိုက်ခင်း၊ (SRI) စံပြစိုက်ခင်း၊ (GAP)စိုက်ခင်းများအတွက် မျိုးစေ့ထောက်ပံ့ ပေးအပ်ခဲ့ကာ မျိုးစေ့ထောက်ပံ့ခြင်းခံရသော တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကနိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

 

 

 

 

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 22 guests and no members online

Latest Updates