ရှမ်းပြည်နယ်သတင်းများ

People Health Assembly ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ေမ - ၁၉

2188

People Health Assembly ဖြင့္ပြဲကို ေမ(၁၉)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕၊ Royal Taunggyi Hotel ၌ က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားရာတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအေနျဖင့္ က်န္းမာေရးစနစ္ေတာင့္တင္းခိုင္မာေရး ေရရွည္လုပ္ငန္းစဥ္မ်ားအျဖစ္ အားလုံးပါဝင္ၿပီး လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္မည့္ က်န္းမာေရးစီမံကိန္း (၂၀၁၇-၂၀၂၀)အား ေရးဆြဲ အေကာင္အထည္ေဖာ္၍ လုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိရာ လက္ေတြ႕ ျပည္သူလူထုခံစားေနရသည့္ က်န္းမာေရးအေျခအေန မ်ားကို ထင္ဟပ္နိုင္ေစေရး ျပည္သူလူထု၏ အသံအား နားေထာင္နိုင္ေရးအတြက္ ယေန႔ပြဲကို က်င္းပျပဳလုပ္ရျခင္းျဖစ္ေၾကာင္း၊ People Health Assembly က်င္းပျခင္း၏ရည္ရြယ္ခ်က္မွာ ျပည္သူလူထုသို႔ က်န္းမာေရးေစာင့္ေရွာက္မွုေပးရာတြင္ လက္ေတြ႕ၾကဳံေတြ႕ေနရသည့္ အခက္အခဲမ်ား၊ စိန္ေခၚမွုမ်ားအား သိရွိ၍ သိသာထင္ရွားသည့္ ျပဳျပင္ေျပာင္းလဲမွုမ်ား ေဆာင္ရြက္ရန္၊ တိုင္းရင္းသားမ်ား ထိခိုက္လြယ္ေသာအုပ္စုမ်ား၊ ေဝးလံခက္ခဲေသာ ေဒသမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မွု တိုးတက္ေစေရးအတြက္အထူးစီမံခ်က္မ်ား ေရးဆြဲအေကာင္အထည္ေဖာ္နိုင္ေရးေဆာင္ရြက္သြားရန္၊ People Health Assembly မွ ေဆြးေႏြးခ်က္မ်ားအေပၚမူတည္၍ က်န္းမာေရးေစာင့္ေရွာက္မွုစနစ္ တိုးတက္ေကာင္းမြန္ေစေရးအတြက္ အုပ္ခ်ဳပ္ေရး၊ စီမံခန႔္ခြဲေရး၊ နည္းပညာဆိုင္ရာျပဳျပင္ေျပာင္းလဲမွုမ်ား အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားရန္ အဖြင့္အမွာ စကား၌ ထည့္သြင္းေျပာၾကားသြားသည္။

ဆက္လက္၍ ေခတၱျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွူး ေဒါက္တာစိုင္းဝင္းေဇာ္လွိုင္မွ ရွမ္းျပည္နယ္တြင္ ေဆာင္ရြက္လၽွက္ရွိသည့္ က်န္းမာေရးေစာင့္ေရွာက္မွုလုပ္ငန္းမ်ားအေၾကာင္း ရွင္းလင္းေဆြးေႏြးျခင္းႏွင့္ (၂၀၁၇-၂၀၂၁) အမ်ိဳးသားက်န္းမာေရးစီမံကိန္းႏွင့္အညီေဆာင္ရြက္မည့္ လုပ္ငန္းအစီအစဥ္မ်ားအေၾကာင္း တင္ျပရွင္းလင္းၿပီး အဖြဲ႕ငယ္မ်ား ခြဲျခင္းႏွင့္ ေဆြးေႏြးမည့္အေၾကာင္းအရာမ်ားအား ညႇိႏွိုင္းေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဒုတိယဥကၠဌ၊ ျပည္နယ္ လူမွုေရးဝန္ႀကီး၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာ မ်ား ၿမိဳ႕မိၿမိဳ႕ဖမ်ားျပည္သူလူထုမ်ား၊ အရပ္ဖက္ဆိုင္ရာလူမွုအဖြဲ႕အစည္းမ်ား၊ တိုင္းရင္းသားက်န္းမာေရးေစာင့္ေရွာက္မွုေပး ေနေသာအဖြဲ႕အစည္းမ်ား၊ အေျခခံက်န္းမာေရးဝန္ထမ္းမ်ား တက္ေရာက္ၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

--------------------------------------------------------------------------------------------------------------------------------------------------------------

 

People Health Assembly ဖွင့်ပွဲကျင်းပ

တောင်ကြီး မေ - ၁၉

People Health Assembly ဖွင့်ပွဲကို မေ(၁၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ Royal Taunggyi Hotel ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစနစ်တောင့်တင်းခိုင်မာရေး ရေရှည်လုပ်ငန်းစဉ်များအဖြစ် အားလုံးပါဝင်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၀)အား ရေးဆွဲ အကောင်အထည်ဖော်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လက်တွေ့ ပြည်သူလူထုခံစားနေရသည့် ကျန်းမာရေးအခြေအနေ များကို ထင်ဟပ်နိုင်စေရေး ပြည်သူလူထု၏ အသံအား နားထောင်နိုင်ရေးအတွက် ယနေ့ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ People Health Assembly ကျင်းပခြင်း၏ရည်ရွယ်ချက်မှာ ပြည်သူလူထုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လက်တွေ့ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများအား သိရှိ၍ သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်၊ တိုင်းရင်းသားများ ထိခိုက်လွယ်သောအုပ်စုများ၊ ဝေးလံခက်ခဲသော ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်စေရေးအတွက်အထူးစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်သွားရန်၊ People Health Assembly မှ ဆွေးနွေးချက်များအပေါ်မူတည်၍ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်စေရေးအတွက် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ နည်းပညာဆိုင်ရာပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အဖွင့်အမှာ စကား၌ ထည့်သွင်းပြောကြားသွားသည်။

ဆက်လက်၍ ခေတ္တပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်မှ ရှမ်းပြည်နယ်တွင် ဆောင်ရွက်လျှက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် (၂၀၁၇-၂၀၂၁) အမျိုးသားကျန်းမာရေးစီမံကိန်းနှင့်အညီဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအကြောင်း တင်ပြရှင်းလင်းပြီး အဖွဲ့ငယ်များ ခွဲခြင်းနှင့် ဆွေးနွေးမည့်အကြောင်းအရာများအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ် လူမှုရေးဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ မြို့မိမြို့ဖများပြည်သူလူထုများ၊ အရပ်ဖက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးစောင့်ရှောက်မှုပေး နေသောအဖွဲ့အစည်းများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 5 guests and no members online