ရှမ်းပြည်နယ်သတင်းများ

ျမန္မာနိုင္ငံႏွင့္ ဥေရာပသမဂၢသို႔ FLEGT-VPA လုပ္ငန္းစဥ္ေဆာင္ရြက္မွု အလုပ္႐ုံေဆြးေႏြးပြဲက်င္းပ

ေတာင္ႀကီး ဇြန္ - ၃၀

2235

   တရားမဝင္သစ္ေတာထြက္ပစၥည္းမ်ား ဥပေဒႏွင့္အညီ ကူးသန္းေရာင္းဝယ္ဖြံ့ၿဖိဳးေရးဆိုင္ရာ ေကာင္းမြန္ေသာ သစ္ေတာစီမံအုပ္ခ်ဳပ္လုပ္ကိုင္မွု တိုးျမႇင့္ေဆာင္ရြက္ျခင္း ဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲကို ဇြန္(၃၀)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕၊ ေတာင္ႀကီးဟိုတယ္ခန္းမ၌က်င္းပေၾကာင္းသိရသည္။

   VPA လုပ္ငန္းစဥ္သည္ သစ္ထုတ္လုပ္တင္ပို႔မည့္ EU၏ မိတ္ဖက္နိုင္ငံမ်ားမွ လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္ျဖစ္ၿပီး၊ အဓိကလုပ္ေဆာင္ရမည့္ အဆင့္(၄)ဆင့္ရွိ၍ ပထမအဆင့္မွာ သတင္းအခ်က္အလက္ ရယူျခင္းႏွင့္ ဘုံသေဘာတူညီမွုတည္ေဆာက္ျခင္း၊ ဒုတိယအဆင့္တြင္ တရားဝင္ညႇိႏွိုင္းေဆြးေႏြးျခင္း၊ တတိယအဆင့္ အတည္ျပဳလက္မွတ္ေရးထိုးျခင္းႏွင့္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္း၊ စတုတၳအဆင့္ လိုင္စင္ထုတ္ေပးျခင္းတို႔ျဖစ္ၿပီး၊ ဥေရာပနိုင္ငံမ်ားတြင္ တရားမဝင္သစ္ထုတ္လုပ္ျခင္းႏွင့္ တရားမဝင္ သစ္ကုန္သြယ္ျခင္းတို႔ေၾကာင့္ ျဖစ္ေပၚလာမည့္ ဆိုးက်ိဳးမ်ားကို ေလ်ာ့နည္းပေပ်ာက္ေစရန္ လုပ္ငန္းစီမံခ်က္ FLEGT Action Plan ကို EUက ေရးဆြဲခဲ့၍ တရားဝင္သစ္ထုတ္လုပ္မွုႏွင့္ ကုန္သြယ္မွုကို အားေပးသည့္ အျပင္ သစ္ေတာစီမံအုပ္ခ်ဳပ္လုပ္ကိုင္နိုင္ေသာ စြမ္းရည္မ်ားတိုးတက္လာေအာင္ လုပ္ေဆာင္ေစျခင္းျဖင့္ တရားမဝင္သစ္ခုတ္လွဲ ထုတ္လုပ္ျခင္းကို ေလၽွာ့ခ်နိုင္ေစရန္ႏွင့္ သစ္ေတာအုပ္ခ်ဳပ္မွုႏွင့္ ပတ္သက္၍ သက္ဆိုင္သူမ်ားပါဝင္ဆုံးျဖတ္ခ်က္ခ်ျခင္း၊ အေကာင္အထည္ေဖာ္ျခင္းျဖင့္ လုပ္ငန္းစဥ္ကို တိုးတက္လာ ေစရန္ ရည္ရြယ္ပါေၾကာင္း၊ ဥေရာပ၏ FLEGT Action Planတြင္ သစ္ထုတ္ေသာနိုင္ငံမ်ားအတြက္ အေထာက္အပံ့တစ္ခုျဖစ္ေစရန္ တရားဝင္သစ္ကုန္သြယ္မွုကို တိုးျမႇင့္ေဆာင္ရြက္ေစရန္ တရားဝင္သစ္ ဝယ္ယူေရးမူဝါဒ(Public Procurement Policy)ကို တိုးျမႇင့္ေဆာင္ရြက္ေစရန္ ေရွ႕ေျပးလုပ္ေဆာင္မည့္ ပုဂၢလိက လုပ္ငန္းရွင္မ်ားက႑(Private Sector)ကို အေထာက္အပံ့ျဖစ္ေစရန္ ေငြေၾကးေထာက္ပံ့မွုႏွင့္ ရင္းႏွီးျမႇုပ္ႏွံမွုမ်ား လုံျခဳံစိတ္ခ်ရေသာ အစီအမံမ်ား ေဆာင္ရြက္ထားရွိလာေစရန္၊ ရွိၿပီးေသာ (သို႔) အသစ္ ျပင္ဆင္ထားေသာ ဥပေဒမ်ားကို သက္ဝင္က်င့္သုံးလာေစျခင္းျဖင့္ FLEGT Action Planကို အေထာက္ပံ့ ျဖစ္ေစရန္ မၿငိမ္းခ်မ္းေသာ ေနရာေဒသမ်ားမွ သစ္ထုတ္လုပ္မွုမ်ား (Conflict Timber)ႏွင့္ ဆက္ႏြယ္ သည့္ ျပႆနာမ်ားကို ေျဖရွင္းနိုင္ေစရန္ စသည္တို႔ကို အဓိကထားလုပ္ေဆာင္သြားရမည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကား၌ ေျပာၾကားသြား သည္။

   ဆက္လက္၍ အလုပ္႐ုံေဆြးေႏြးပြဲ က်င္းပရသည့္ ရည္ရြယ္ခ်က္အား ျမန္မာ့သစ္လုပ္ငန္း ဒုတိယ အေထြေထြမန္ေနဂ်ာ ဦးညီညီထြန္းမွ ရွင္းလင္းတင္ျပၿပီး အမွတ္တရမွတ္တမ္းတင္ဓါတ္ပုံ ရိုက္ကူးၾက ေၾကာင္းသိရသည္။ အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္သံယဇာတႏွင့္ သဘာဝပတ္ဝန္းက်င္းထိန္းသိမ္းေရးဝန္ႀကီး၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ မ်ား၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွူး၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ NGO အဖြဲ႕မ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားတက္ေရာက္ၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

------------------------------------------------

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂသို့ FLEGT-VPA လုပ်ငန်းစဉ်ဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဇွန် - ၃၀

   တရားမဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်(၃၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်ခန်းမ၌ကျင်းပကြောင်းသိရသည်။

   VPA လုပ်ငန်းစဉ်သည် သစ်ထုတ်လုပ်တင်ပို့မည့် EU၏ မိတ်ဖက်နိုင်ငံများမှ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ အဓိကလုပ်ဆောင်ရမည့် အဆင့်(၄)ဆင့်ရှိ၍ ပထမအဆင့်မှာ သတင်းအချက်အလက် ရယူခြင်းနှင့် ဘုံသဘောတူညီမှုတည်ဆောက်ခြင်း၊ ဒုတိယအဆင့်တွင် တရားဝင်ညှိနှိုင်းဆွေးနွေးခြင်း၊ တတိယအဆင့် အတည်ပြုလက်မှတ်ရေးထိုးခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စတုတ္ထအဆင့် လိုင်စင်ထုတ်ပေးခြင်းတို့ဖြစ်ပြီး၊ ဥရောပနိုင်ငံများတွင် တရားမဝင်သစ်ထုတ်လုပ်ခြင်းနှင့် တရားမဝင် သစ်ကုန်သွယ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို လျော့နည်းပပျောက်စေရန် လုပ်ငန်းစီမံချက် FLEGT Action Plan ကို EUက ရေးဆွဲခဲ့၍ တရားဝင်သစ်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို အားပေးသည့် အပြင် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်နိုင်သော စွမ်းရည်များတိုးတက်လာအောင် လုပ်ဆောင်စေခြင်းဖြင့် တရားမဝင်သစ်ခုတ်လှဲ ထုတ်လုပ်ခြင်းကို လျှော့ချနိုင်စေရန်နှင့် သစ်တောအုပ်ချုပ်မှုနှင့် ပတ်သက်၍ သက်ဆိုင်သူများပါဝင်ဆုံးဖြတ်ချက်ချခြင်း၊ အကောင်အထည်ဖော်ခြင်းဖြင့် လုပ်ငန်းစဉ်ကို တိုးတက်လာ စေရန် ရည်ရွယ်ပါကြောင်း၊ ဥရောပ၏ FLEGT Action Planတွင် သစ်ထုတ်သောနိုင်ငံများအတွက် အထောက်အပံ့တစ်ခုဖြစ်စေရန် တရားဝင်သစ်ကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်စေရန် တရားဝင်သစ် ဝယ်ယူရေးမူဝါဒ(Public Procurement Policy)ကို တိုးမြှင့်ဆောင်ရွက်စေရန် ရှေ့ပြေးလုပ်ဆောင်မည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကဏ္ဍ(Private Sector)ကို အထောက်အပံ့ဖြစ်စေရန် ငွေကြေးထောက်ပံ့မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လုံခြုံစိတ်ချရသော အစီအမံများ ဆောင်ရွက်ထားရှိလာစေရန်၊ ရှိပြီးသော (သို့) အသစ် ပြင်ဆင်ထားသော ဥပဒေများကို သက်ဝင်ကျင့်သုံးလာစေခြင်းဖြင့် FLEGT Action Planကို အထောက်ပံ့ ဖြစ်စေရန် မငြိမ်းချမ်းသော နေရာဒေသများမှ သစ်ထုတ်လုပ်မှုများ (Conflict Timber)နှင့် ဆက်နွယ် သည့် ပြဿနာများကို ဖြေရှင်းနိုင်စေရန် စသည်တို့ကို အဓိကထားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား၌ ပြောကြားသွား သည်။

   ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာ ဦးညီညီထွန်းမှ ရှင်းလင်းတင်ပြပြီး အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြ ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 48 guests and no members online