ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး ဇူလိုင် - ၃

 2237


ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါတင်သွင်း လာသော ကုမ္ပဏီ(၂၂၈)ခု၏ Technical Proposal များကို (၁၉.၆.၂၀၁၇)ရက်နေ့တွင် ဖွင့်ဖောက်စိစစ် မှတ်တမ်းတင်ခဲ့ပြီး၊ ပထမအဆင့် Technical Proposal မအောင်သော ကုမ္ပဏီ(၂၈)ခု၏ Price Proposal များကို ကုမ္ပဏီများသို့ ချက်ချင်းပြန်လည်ပေးအပ်ခဲ့ပါကြောင်း၊ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့များမှ Technical Proposal ပါ အသေးစိတ်အချက်အလက်များကို ဆက်လက်စိစစ်ခဲ့ကာ ယနေ့အခမ်းအနားတွင် Technical Proposal အောင်မြင်သော ကုမ္ပဏီများ၏ Price Proposal များကို ဆက်လက်ဖွင့်ဖောက်မှတ်တမ်းတင်သွားမှာဖြစ်ကြောင်း၊ Price Proposalတွင်ပါရှိသောဈေးနှုန်းတင်သွင်းမှုအလိုက် မှတ်တမ်းတင်ထားရှိကာ အမှတ်ပေးစည်းမျဉ်းနှင့်အညီ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့များမှ ဆက်လက်စိစစ်သွား၍ Technical Proposal နှင့် Price Proposal ရမှတ်များကို ပေါင်းပြီး Lot အလိုက် ကုမ္ပဏီများစာရင်းအား တန်းစီဇယားပြုလုပ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြအတည်ပြု၍ တင်ဒါအောင်သောကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြောကြားသွားသည်။



++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါဖွင့်ပွဲကျင်းပ

တောင်ကြီး ဇူလိုင် - ၃

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါဖွင့်ပွဲကို ဇူလိုင်လ(၃)ရက် နံနက်(၉)နာရီခွဲ က တောင်ကြီးမြို့၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါတင်သွင်း လာသော ကုမ္ပဏီ(၂၂၈)ခု၏ Technical Proposal များကို (၁၉.၆.၂၀၁၇)ရက်နေ့တွင် ဖွင့်ဖောက်စိစစ် မှတ်တမ်းတင်ခဲ့ပြီး၊ ပထမအဆင့် Technical Proposal မအောင်သော ကုမ္ပဏီ(၂၈)ခု၏ Price Proposal များကို ကုမ္ပဏီများသို့ ချက်ချင်းပြန်လည်ပေးအပ်ခဲ့ပါကြောင်း၊ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့များမှ Technical Proposal ပါ အသေးစိတ်အချက်အလက်များကို ဆက်လက်စိစစ်ခဲ့ကာ ယနေ့အခမ်းအနားတွင် Technical Proposal အောင်မြင်သော ကုမ္ပဏီများ၏ Price Proposal များကို ဆက်လက်ဖွင့်ဖောက်မှတ်တမ်းတင်သွားမှာဖြစ်ကြောင်း၊ Price Proposalတွင်ပါရှိသောစျေးနှုန်းတင်သွင်းမှုအလိုက် မှတ်တမ်းတင်ထားရှိကာ အမှတ်ပေးစည်းမျဉ်းနှင့်အညီ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့များမှ ဆက်လက်စိစစ်သွား၍ Technical Proposal နှင့် Price Proposal ရမှတ်များကို ပေါင်းပြီး Lot အလိုက် ကုမ္ပဏီများစာရင်းအား တန်းစီဇယားပြုလုပ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြအတည်ပြု၍ တင်ဒါအောင်သောကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး(ကိုယ်စား) ပြည်နယ်ရုံးခွဲဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းမှ တင်ဒါစည်းကမ်းများ၊ တင်ဒါရွေးချယ်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး၊ Lot No.1 မှ Lot No.89 ထိ၊ Lot No.90 မှ Lot No.119 ထိ Price Proposal များကို ဖွင့်ဖောက်စိစစ်၍ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 16 guests and no members online