ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ဂ်ာမနီနိုင္ငံ စီးပြားေရးအတိုင္ပင္ခံ ႏွင့္လႊတ္ေတာ္ကိုယ္စားလွယ္ အဖြဲ႕ေတြ႕ဆုံ

ေတာင္ႀကီး ဇူလိုင္ - ၃

2236

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ အစိုးရအဖြဲ႕ ညႊန္ၾကားေရးမွူးတို႔ႏွင့္အတူ ဇူလိုင္(၃)ရက္ နံနက္(၁၀)နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံးအစည္းအေဝးခန္းမ၌ ဂ်ာမနီနိုင္ငံ အဓိပတိ၏ စီးပြားေရး အတိုင္ပင္ခံႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္  Dr. Michael Fuchs ႏွင့္ေတြ႕ဆုံေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ဂ်ာမနီနိုင္ငံ အဓိပတိ၏ စီးပြားေရး အတိုင္ပင္ခံႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္  Dr. Michael Fuchs မွ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ ေအးသာယာရွိ ဝိုင္ၿခံလုပ္ငန္းမည္ကဲ့သို႔ လည္ပတ္ေနသည္ကို ေလ့လာခဲ့ၿပီး၊ ယခုလိုရွမ္းျပည္နယ္ အစိုးရအဖြဲ႕ႏွင့္ ေတြ႕ဆုံခြင့္ရသည့္အတြက္ ဝမ္းသာပါေၾကာင္းေဆြးေႏြးသြားၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္တြင္ မိုးဦးကာလ၌ ေအးသာယာရွိဝိုင္ၿခံကို သြားေရာက္ ေလ့လာမွုကို ဝမ္းသာပါေၾကာင္း၊ ဂ်ာမနီနိုင္ငံမွ GIZ အဖြဲ႕အစည္းသည္ ျမန္မာနိုင္ငံ၏ စီးပြားေရး မိတ္ဖက္ျဖစ္ပါေၾကာင္း၊ အေဆြေတာ္တို႔အေနျဖင့္ ေနာက္ထပ္စီးပြားေရးလုပ္ငန္းမ်ားတြင္ မည္သည့္ ကူညီေထာက္ပံ့မွုမ်ား ျပဳလုပ္ေပးမည္ကို သိရွိလိုေၾကာင္းေဆြးေႏြးသြားသည္။

ဆက္လက္၍ ဂ်ာမနီနိုင္ငံ အဓိပတိ၏ စီးပြားေရး အတိုင္ပင္ခံႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္  Dr. Michael Fuchsမွ ဂ်ာမနီနိုင္ငံအေနျဖင့္ အာရွနိုင္ငံတြင္ အကူအညီေပးရန္ စိတ္အား ထက္သန္မွုရွိပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္ လၽွပ္စစ္စြမ္းအင္ႏွင့္ ပတ္သက္၍ မိမိတို႔ဖက္မွ အကူ အညီေပးနိုင္ရန္ ရွမ္းျပည္နယ္တြင္း လၽွပ္စစ္သုံးစြဲမွုအေျခအေနကို သိရွိလိုပါေၾကာင္းေဆြးေႏြးၿပီး၊ ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္စက္မွုလက္မွုဝန္ႀကီးက ရွမ္းျပည္နယ္တြင္  Hydro Power၊ Micro Power မ်ားရွိပါေၾကာင္း၊ နိုင္ငံေတာ္မွခ်ေပးေသာ ဘတ္ဂ်က္လုံေလာက္မွုမရွိေသာေၾကာင့္ Hydro Power လုပ္ငန္း(၅၀)ရွိေသာ္လည္း ထြက္ရွိမွုသည္ (၁)ခုသာရွိ ပါေၾကာင္း၊ ေက်ာက္မီးေသြးသုံး လၽွပ္စစ္ဓါတ္အားေပးစက္႐ုံသည္ တီက်စ္ႏွင့္တာခ်ီလိတ္တြင္ရွိပါေၾကာင္း၊ ထို႔ေၾကာင့္ ေငြေၾကး လိုအပ္မွုကို ျဖည့္ဆည္းေပးနိုင္ပါက ျမန္မာနိုင္ငံအတြက္ အက်ိဳးရွိမည္ျဖစ္ပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္ လၽွပ္စစ္လိုအပ္ခ်က္ မဂၢါဝပ္မည္မၽွရွိၿပီး အစိုးရအေနျဖင့္ မည္ကဲ့သို႔ ျဖည့္ဆည္းထားရွိေၾကာင္း Dr. Michael Fuchsမွ ေမးျမန္းရာ ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္စက္မွုလက္မွုဝန္ႀကီးက ျပည္သူမ်ား၏ လၽွပ္စစ္လိုအပ္ခ်က္ကို ဆိုလာစနစ္ႏွင့္ Hydro Power ျဖင့္သာ ျဖည့္ဆည္းေပးထားေၾကာင္း ျပန္လည္ေဆြးေႏြးသြားကာ၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ယခုလိုလာေရာက္ေတြ႕ဆုံမွုအတြက္ ဝမ္းသာပါေၾကာင္း ေျပာၾကားသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဂျာမနီနိုင်ငံ စီးပွားရေးအတိုင်ပင်ခံ နှင့်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တွေ့ဆုံ

တောင်ကြီး ဇူလိုင် - ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့နှင့်အတူ ဇူလိုင်(၃)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဂျာမနီနိုင်ငံ အဓိပတိ၏ စီးပွားရေး အတိုင်ပင်ခံနှင့် လွှတ်တော်ကိုယ်စားလှယ်  Dr. Michael Fuchs နှင့်တွေ့ဆုံကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျာမနီနိုင်ငံ အဓိပတိ၏ စီးပွားရေး အတိုင်ပင်ခံနှင့် လွှတ်တော် ကိုယ်စားလှယ်  Dr. Michael Fuchs မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အေးသာယာရှိ ဝိုင်ခြံလုပ်ငန်းမည်ကဲ့သို့ လည်ပတ်နေသည်ကို လေ့လာခဲ့ပြီး၊ ယခုလိုရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်းဆွေးနွေးသွားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်တွင် မိုးဦးကာလ၌ အေးသာယာရှိဝိုင်ခြံကို သွားရောက် လေ့လာမှုကို ဝမ်းသာပါကြောင်း၊ ဂျာမနီနိုင်ငံမှ GIZ အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး မိတ်ဖက်ဖြစ်ပါကြောင်း၊ အဆွေတော်တို့အနေဖြင့် နောက်ထပ်စီးပွားရေးလုပ်ငန်းများတွင် မည်သည့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည်ကို သိရှိလိုကြောင်းဆွေးနွေးသွားသည်။

ဆက်လက်၍ ဂျာမနီနိုင်ငံ အဓိပတိ၏ စီးပွားရေး အတိုင်ပင်ခံနှင့် လွှတ်တော်ကိုယ်စားလှယ်  Dr. Michael Fuchsမှ ဂျာမနီနိုင်ငံအနေဖြင့် အာရှနိုင်ငံတွင် အကူအညီပေးရန် စိတ်အား ထက်သန်မှုရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် လျှပ်စစ်စွမ်းအင်နှင့် ပတ်သက်၍ မိမိတို့ဖက်မှ အကူ အညီပေးနိုင်ရန် ရှမ်းပြည်နယ်တွင်း လျှပ်စစ်သုံးစွဲမှုအခြေအနေကို သိရှိလိုပါကြောင်းဆွေးနွေးပြီး၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုလက်မှုဝန်ကြီးက ရှမ်းပြည်နယ်တွင်  Hydro Power၊ Micro Power များရှိပါကြောင်း၊ နိုင်ငံတော်မှချပေးသော ဘတ်ဂျက်လုံလောက်မှုမရှိသောကြောင့် Hydro Power လုပ်ငန်း(၅၀)ရှိသော်လည်း ထွက်ရှိမှုသည် (၁)ခုသာရှိ ပါကြောင်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံသည် တီကျစ်နှင့်တာချီလိတ်တွင်ရှိပါကြောင်း၊ ထို့ကြောင့် ငွေကြေး လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ပါက မြန်မာနိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် လျှပ်စစ်လိုအပ်ချက် မဂ္ဂါဝပ်မည်မျှရှိပြီး အစိုးရအနေဖြင့် မည်ကဲ့သို့ ဖြည့်ဆည်းထားရှိကြောင်း Dr. Michael Fuchsမှ မေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုလက်မှုဝန်ကြီးက ပြည်သူများ၏ လျှပ်စစ်လိုအပ်ချက်ကို ဆိုလာစနစ်နှင့် Hydro Power ဖြင့်သာ ဖြည့်ဆည်းပေးထားကြောင်း ပြန်လည်ဆွေးနွေးသွားကာ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ယခုလိုလာရောက်တွေ့ဆုံမှုအတွက် ဝမ်းသာပါကြောင်း ပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 49 guests and no members online