ရှမ်းပြည်နယ်သတင်းများ

ကမၻာ့အသည္းေရာင္အသားဝါေရာဂါတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္က်င္းပ

ေတာင္ႀကီး ၾသဂုတ္ - ၇

2253

၂၀၁၇ ခုႏွစ္ ကမၻာ့အသည္းေရာင္အသားဝါေရာဂါတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အခမ္းအနားကို ၾသဂုတ္ ၅ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားရာ ျမန္မာနိုင္ငံသည္ ၂၀၁၅ ခုႏွစ္အတြင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ေဆးသုေတသနဦးစီးဌာနႏွင့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနတို႔ ပူးေပါင္း၍ ျပည္သူလူထု အတြင္း တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ အသည္းေရာင္အသားဝါေရာဂါ ျဖစ္မွုကိုသိရွိရန္ စစ္တမ္းေကာက္ယူခဲ့ရာ အသည္းေရာင္အသားဝါေရာဂါ ဘီပိုးရွိသူ(၆.၅)ရာခိုင္ႏွုန္းႏွင့္ စီပိုးရွိသူ(၂.၇)ရာခိုင္ႏွုန္းတို႔ရွိေၾကာင္း၊ စစ္တမ္း ေကာက္ယူေတြ႕ရွိခ်က္မ်ားအရ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕တြင္ ဘီပိုးရွိသူ(၃.၉)ရာခိုင္ႏွုန္းႏွင့္ စီပိုးရွိသူ (၄.၆) ရာခိုင္ႏွုန္း၊ လားရွိုးၿမိဳ႕တြင္ ဘီပိုးရွိသူ(၅.၀၃)ရာခိုင္ႏွုန္းႏွင့္ စီပိုးရွိသူ(၅)ရာခိုင္ႏွုန္းႏွင့္ တာခ်ီလိတ္ၿမိဳ႕တြင္ ဘီပိုးရွိသူ (၅.၇၁)ရာခိုင္ႏွုန္းႏွင့္ စီပိုးရွိသူ(၂)ရာခိုင္ႏွုန္းနီးပါး အသီးသီးေတြ႕ခဲ့ရသည္ကို ၾကည့္ျခင္းအားျဖင့္ အသည္းေရာင္ အသားဝါေရာဂါသည္ ျပည္သူလူထုအတြင္း ျဖစ္ပြားမွုမ်ားျပားလၽွက္ရွိၿပီး အေလးထားရမည့္ ျပည္သူ႔က်န္းမာေရး ျပႆနာတစ္ရပ္ျဖစ္ပါေၾကာင္း၊ ရွမ္းျပည္နယ္မွ ေဆးပညာဆိုင္ရာ ကၽြမ္းက်င္အတတ္ပညာရွင္မ်ား၊ က်န္းမာေရး ပညာရွင္မ်ား၊ ဝန္ထမ္းမ်ားအျပင္၊ အစိုးရအဖြဲ႕ဝင္မ်ား၊ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္/ရပ္ကြက္/ေက်းရြာ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ ႏွီးႏြယ္ဦးစီးဌာနမ်ား ျပည္သူလူထုအေျချပဳ လူမွုေရးအသင္းအဖြဲ႕မ်ား၊ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းမ်ား၊ မီဒီယာမ်ားက မိမိတို႔၏ က်ရာအခန္းက႑အလိုက္ ပူးေပါင္းပါဝင္ လက္တြဲ ကူညီေဆာင္ရြက္ေပးၾကရန္ေျပာၾကားသြားသည္။

ဆက္လက္၍ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးထံမွ ေပးပို႔သည့္ ကမၻာ့အသည္း ေရာင္အသားဝါေရာဂါတိုက္ဖ်က္ေရးေန႔ ၂၀၁၇ ခုႏွစ္ အထိမ္းအမွတ္သဝဏ္လႊာကို ျပည္သူ႔က်န္းမာေရးဦးစီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္မွ ဖတ္ၾကားၿပီး ကမၻာ့က်န္းမာေရးအဖြဲ႕ အေရွ႕ေတာင္အာရွေဒသ ဆိုင္ရာညႊန္ၾကားေရးမွူးထံမွ ေပးပို႔သည့္သဝဏ္လႊာကို Dr. Masami Fujita Medical officer, WHO Country Office Myanmar က ဖတ္ၾကား၍ အသည္းေရာင္အသားဝါေရာဂါအေၾကာင္း သိေကာင္းစရာမ်ားကို အသည္းအထူးကုဆရာဝန္ႀကီး ပါေမာကၡေဒါက္တာညိဳမီခိုင္သန္းလွိုင္က ရွင္းလင္းေျပာၾကားကာ တက္ေရာက္လာ ၾကေသာျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔က ခန္းမအတြင္း ျပသထားေသာျပခန္းမ်ားအား လွည့္လည္ၾကည့္ရွု အားေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘာ့အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး သြဂုတ် - ၇

၂၀၁၇ ခုနှစ် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို သြဂုတ် ၅ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူလူထု အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသည်းရောင်အသားဝါရောဂါ ဖြစ်မှုကိုသိရှိရန် စစ်တမ်းကောက်ယူခဲ့ရာ အသည်းရောင်အသားဝါရောဂါ ဘီပိုးရှိသူ(၆.၅)ရာခိုင်နှုန်းနှင့် စီပိုးရှိသူ(၂.၇)ရာခိုင်နှုန်းတို့ရှိကြောင်း၊ စစ်တမ်း ကောက်ယူတွေ့ရှိချက်များအရ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဘီပိုးရှိသူ(၃.၉)ရာခိုင်နှုန်းနှင့် စီပိုးရှိသူ (၄.၆) ရာခိုင်နှုန်း၊ လားရှိုးမြို့တွင် ဘီပိုးရှိသူ(၅.၀၃)ရာခိုင်နှုန်းနှင့် စီပိုးရှိသူ(၅)ရာခိုင်နှုန်းနှင့် တာချီလိတ်မြို့တွင် ဘီပိုးရှိသူ (၅.၇၁)ရာခိုင်နှုန်းနှင့် စီပိုးရှိသူ(၂)ရာခိုင်နှုန်းနီးပါး အသီးသီးတွေ့ခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် အသည်းရောင် အသားဝါရောဂါသည် ပြည်သူလူထုအတွင်း ဖြစ်ပွားမှုများပြားလျှက်ရှိပြီး အလေးထားရမည့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်မှ ဆေးပညာဆိုင်ရာ ကျွမ်းကျင်အတတ်ပညာရှင်များ၊ ကျန်းမာရေး ပညာရှင်များ၊ ဝန်ထမ်းများအပြင်၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နှီးနွယ်ဦးစီးဌာနများ ပြည်သူလူထုအခြေပြု လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ မီဒီယာများက မိမိတို့၏ ကျရာအခန်းကဏ္ဍအလိုက် ပူးပေါင်းပါဝင် လက်တွဲ ကူညီဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့် ကမ္ဘာ့အသည်း ရောင်အသားဝါရောဂါတိုက်ဖျက်ရေးနေ့ ၂၀၁၇ ခုနှစ် အထိမ်းအမှတ်သဝဏ်လွှာကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်မှ ဖတ်ကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသ ဆိုင်ရာညွှန်ကြားရေးမှူးထံမှ ပေးပို့သည့်သဝဏ်လွှာကို Dr. Masami Fujita Medical officer, WHO Country Office Myanmar က ဖတ်ကြား၍ အသည်းရောင်အသားဝါရောဂါအကြောင်း သိကောင်းစရာများကို အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာညိုမီခိုင်သန်းလှိုင်က ရှင်းလင်းပြောကြားကာ တက်ရောက်လာ ကြသောပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ခန်းမအတွင်း ပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 20 guests and no members online