ရှမ်းပြည်နယ်သတင်းများ

ေဆးလိပ္ေငြ႕ကင္းစင္ ေရႊဥမင္တခြင္ ေၾကျငာျခင္းက်င္းပ

ေတာင္ႀကီး ၾသဂုတ္ - ၇

2254

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္းတယၿမိဳ႕နယ္တြင္ ၾသဂုတ္ ၆ ရက္ နံနက္ ၉ နာရီခြဲက ေဆးလိပ္ေငြ႕ကင္းစင္ ေရႊဥမင္တခြင္ ေၾကျငာျခင္းအခမ္းအနားကို အဆိုပါဘုရားမုခ္ဦးေရွ႕၌က်င္းပရာ၊ ဖြင့္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသဦးစီးအဖြဲ႕ ဥကၠဌ ဦးအာကာလင္းႏွင့္ တာဝန္ရွိသူမ်ားက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကၿပီး၊ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ား တာဝန္ရွိသူတို႔က ဆိုင္းဘုတ္အား အေမႊးနံသာရည္မ်ားပက္ျဖန္းေပး ၾကသည္။

ဆက္လက္၍ အခမ္းအနား ဒုတိယပိုင္းတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္ အမွာစကားေျပာၾကားရာတြင္ ရွမ္းျပည္နယ္ပင္းတယေဒသအတြက္ အလြန္မဂၤလာရွိေသာ ေန႔တစ္ေန႔ ျဖစ္ ပါေၾကာင္း၊ အေမြအႏွစ္ေဒသကို ေဆးလိပ္ေငြ႕ကင္းစင္သည့္ ေဒသအျဖစ္ သတ္မွတ္ေၾကျငာနိုင္ျခင္းသည္ ေရွးေဟာင္းအေမြအႏွစ္မ်ားကို ေရရွည္တည္တံ့ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ျခင္းျဖစ္၍ ေဆးလိပ္ေငြ႕ ကင္းစင္သည့္ ေနရာျဖစ္ေပၚလာရန္အတြက္ အခက္အခဲမ်ိဳးစုံၾကားက ႀကိဳးစားလာရတာျဖစ္ေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ၾသဂုတ္လမွစ၍ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားရွိ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္ အဖြဲ႕အစည္း အသီးသီးတို႔ႏွင့္ေတြ႕ဆုံၿပီး လုပ္ငန္းစဥ္မ်ားကို ေဆြးေႏြးတင္ျပခဲ့ရာ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလ ၁၀ ရက္ ေန႔မွ ေဆးလိပ္ေငြ႕ကင္းစင္အင္းေလးတခြင္ႏွင့္ ေဆးလိပ္ေငြ႕ကင္းစင္ ေရႊဥမင္တခြင္စတင္ေဆာင္ရြက္ျခင္း အခမ္းအနားမ်ားကို ျပဳလုပ္ခဲ့ေၾကာင္း၊ ေစတနာ့ဝန္ထမ္းမ်ားေရြးခ်ယ္၍ သင္တန္းေပးျခင္း၊ ေဆးလိပ္ မေသာက္ရ နယ္ေျမတြင္ ေဆးလိပ္မေသာက္ေရး အလွည့္က် တာဝန္ယူပညာေပးျခင္းတို႔ကို ေဆာင္ရြက္ခဲ့ ၾကရာ ပင္းတယေရႊဥမင္လွိုင္ဂူတြင္ ယေန႔တိုင္ေဆာင္ရြက္ေနေၾကာင္း၊ အင္းေလးေဒသတြင္ ေခါင္းေဆာင္မွု၊ ပူးေပါင္းပါဝင္မွုအားနည္းမွုေၾကာင့္ ယေန႔ထက္တိုင္ ေဆးလိပ္ေငြ႕ကင္းစင္ေဒသအျဖစ္ ေၾကျငာနိုင္ျခင္း မရွိေသးသျဖင့္သက္ဆိုင္ရာတာဝန္ရွိပုဂၢိဳလ္မ်ား အားလုံးဝိုင္းဝန္းပူးေပါင္းေဆာင္ရြက္ေပးၾကရန္၊ ေဆးလိပ္ ေငြ႕ကင္းစင္တဲ့ေနရာအျဖစ္ သတ္မွတ္ေၾကျငာနိုင္သည့္အတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ မ်ားစြာ ဂုဏ္ယူမိပါေၾကာင္းႏွင့္ ေရရွည္တည္တံ့ေစရန္ ေဒသဦးစီးအဖြဲ႕၊ ပင္းတယျပည္သူလူထုတို႔ပူးေပါင္း၍ ဆက္လက္ထိန္းသိမ္းသြားရန္ အေရးႀကီးေၾကာင္း၊ ရွမ္းျပည္နယ္အတြင္း ေဆးလိပ္ေငြ႕ကင္းစင္သည့္ ေနရာမ်ား၊ ေဒသမ်ား ထပ္မံေပၚထြက္လာရန္ အစိုးရအဖြဲ႕ႏွင့္ အတူ လက္တြဲပူးေပါင္းေဆာင္ရြက္ေပးၾကရန္ ေျပာၾကားသြားသည္။

ထို႔ေနာက္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသဦးစီးအဖြဲ႕ ဥကၠဌ ဦးအာကာလင္းမွ အမွာစကားေျပာၾကား ၿပီး၊ အမွတ္တရစုေပါင္းဓါတ္ပုံရိုက္ကူးၾကေၾကာင္းသိရွိရသည္။

 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရွှေဥမင်တခွင် ကြေငြာခြင်းကျင်းပ

တောင်ကြီး သြဂုတ် - ၇

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် သြဂုတ် ၆ ရက် နံနက် ၉ နာရီခွဲက ဆေးလိပ်ငွေ့ကင်းစင် ရွှေဥမင်တခွင် ကြေငြာခြင်းအခမ်းအနားကို အဆိုပါဘုရားမုခ်ဦးရှေ့၌ကျင်းပရာ၊ ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့က ဆိုင်းဘုတ်အား အမွှေးနံသာရည်များပက်ဖြန်းပေး ကြသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့် အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်ပင်းတယဒေသအတွက် အလွန်မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ် ပါကြောင်း၊ အမွေအနှစ်ဒေသကို ဆေးလိပ်ငွေ့ကင်းစင်သည့် ဒေသအဖြစ် သတ်မှတ်ကြေငြာနိုင်ခြင်းသည် ရှေးဟောင်းအမွေအနှစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်၍ ဆေးလိပ်ငွေ့ ကင်းစင်သည့် နေရာဖြစ်ပေါ်လာရန်အတွက် အခက်အခဲမျိုးစုံကြားက ကြိုးစားလာရတာဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် သြဂုတ်လမှစ၍ သက်ဆိုင်ရာမြို့နယ်များရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း အသီးသီးတို့နှင့်တွေ့ဆုံပြီး လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက် နေ့မှ ဆေးလိပ်ငွေ့ကင်းစင်အင်းလေးတခွင်နှင့် ဆေးလိပ်ငွေ့ကင်းစင် ရွှေဥမင်တခွင်စတင်ဆောင်ရွက်ခြင်း အခမ်းအနားများကို ပြုလုပ်ခဲ့ကြောင်း၊ စေတနာ့ဝန်ထမ်းများရွေးချယ်၍ သင်တန်းပေးခြင်း၊ ဆေးလိပ် မသောက်ရ နယ်မြေတွင် ဆေးလိပ်မသောက်ရေး အလှည့်ကျ တာဝန်ယူပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြရာ ပင်းတယရွှေဥမင်လှိုင်ဂူတွင် ယနေ့တိုင်ဆောင်ရွက်နေကြောင်း၊ အင်းလေးဒေသတွင် ခေါင်းဆောင်မှု၊ ပူးပေါင်းပါဝင်မှုအားနည်းမှုကြောင့် ယနေ့ထက်တိုင် ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ကြေငြာနိုင်ခြင်း မရှိသေးသဖြင့်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ဆေးလိပ် ငွေ့ကင်းစင်တဲ့နေရာအဖြစ် သတ်မှတ်ကြေငြာနိုင်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် များစွာ ဂုဏ်ယူမိပါကြောင်းနှင့် ရေရှည်တည်တံ့စေရန် ဒေသဦးစီးအဖွဲ့၊ ပင်းတယပြည်သူလူထုတို့ပူးပေါင်း၍ ဆက်လက်ထိန်းသိမ်းသွားရန် အရေးကြီးကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်သည့် နေရာများ၊ ဒေသများ ထပ်မံပေါ်ထွက်လာရန် အစိုးရအဖွဲ့နှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှ အမှာစကားပြောကြား ပြီး၊ အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကြကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 18 guests and no members online