ရှမ်းပြည်နယ်သတင်းများ

(၄၉)ႀကိမ္ေျမာက္ ဆြမ္းဆန္စိမ္းေလာင္းလွူပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္ - ၈

2255

ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ႀကီးမွူးက်င္းပေသာ (၄၉)ႀကိမ္ေျမာက္ ၿမိဳ႕လုံးကၽြတ္ဆြမ္းဆန္စိမ္း ေလာင္းလွူပြဲကို ၾသဂုတ္ ၇ ရက္ မြန္းလြဲ ၁ နာရီက ေတာင္ႀကီးၿမိဳ႕၊ ေတာင္ေက်ာင္းႀကီး ပရိယတၱိ စာသင္တိုက္မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းတစ္ေလ်ာက္ အတိုင္းမူလမင္းကြန္းေက်ာင္းအထိ ဆရာေတာ္ သံဃာေတာ္ (၁၃၉၇)ပါးႏွင့္ သီလရွင္(၁၀၀)ပါးတို႔အား ၿမိဳ႕ေပၚ(၂၂)ရပ္ကြက္ရွိျပည္သူမ်ား၊ ဌာနဆိုင္ရာ မ်ား၊ လူမွုေရးအသင္းအဖြဲ႕မ်ားတို႔က ဆြမ္းဆန္စိမ္းႏွင့္ လွူဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္ေလာင္းလွူ ၾကေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ႀကီးမွူးက်င္းပေသာ (၄၉)ႀကိမ္ေျမာက္ ၿမိဳ႕လုံးကၽြတ္ ဆြမ္းဆန္စိမ္းေလာင္းလွူပြဲ ေရစက္သြန္းခ် အလွူေတာ္မဂၤလာအခမ္းအနားကို မင္းကြန္းပရိယတၱိ စာသင္တိုက္၌ က်င္းပရာ ဆရာေတာ္သံဃာေတာ္မ်ား၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီး၊ ျပည္နယ္ဝန္ႀကီး မ်ားႏွင့္ ဧည့္ပရိတ္သတ္တို႔က နေမာတႆသုံးႀကိမ္ရြတ္ဆို ဘုရားကန္ေတာ့၍ ဖြင့္လွစ္ၿပီး နိုင္ငံေတာ္ ၾသဝါဒစရိယ အဂၢမဟာပ႑ိတ မဟာကမၼဌာနာစရိယ စြန္းလြန္းဂူကမၼဌာန္းေက်ာင္းတိုက္ ပဓါနနာယက ဆရာေတာ္ ဘဒၵႏၲအဂၢဓမၼာဘိဝံသထံမွ ငါးပါးသီလခံယူေဆာင္တည္၍ ဆရာေတာ္သံဃာေတာ္မ်ား ရြတ္ပြား သရဇၨ်ာယ္ ခ်ီးျမႇင့္အပ္ေသာ ပရိတ္တရားေတာ္မ်ားကိုနာယူ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီး၊ ျပည္နယ္ ဝန္ႀကီးမ်ားတို႔က ဆရာေတာ္ သံဃာေတာ္မ်ားအား လွူဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္လွူဒါန္းကာ ျပည္နယ္သံဃနာယကအဖြဲ႕ ဥကၠဌ အဂၢမဟာပ႑ိတ မင္းကြန္းပရိယတၱိစာသင္တိုက္ဆရာေတာ္ ဘဒၵႏၲ ပညာသီရိထံမွ ၾသဝါဒကထာႏွင့္ ေရစက္သြန္းခ်တရားေတာ္နာယူၿပီး အခမ္းအနားကို ဗုဒၶသာသနံ စိရံတိဌတု သုံးႀကိမ္ရြတ္ဆိုဆုေတာင္း၍ ႐ုပ္သိမ္းလိုက္သည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ဧည့္ပရိတ္သတ္တို႔က ဆရာေတာ္သံဃာေတာ္ (၁၃၉၇)ပါးႏွင့္ သီလရွင္(၁၀၀)ပါးတို႔အား ဆြမ္းဆန္စိမ္းႏွင့္ လွူဖြယ္ဝတၳဳ ပစၥည္းမ်ား ဆက္ကပ္ေလာင္းလွူၾကသည္။ အဆိုပါ ၿမိဳ႕လုံးကၽြတ္ဆြမ္းဆန္စိမ္းေလာင္းလွူပြဲတြင္ ၿမိဳ႕ေပၚ(၂၂)ရပ္ကြက္ရွိျပည္သူမ်ား၊ ဌာနဆိုင္ရာမ်ားတို႔က ေလာင္းလွူသည့္ ဆန္အိတ္ေပါင္း(၂၇၃)အိတ္ႏွင့္ လွူဒါန္းေငြ (၆၇၃၂၅၀၀)က်ပ္၊ လမ္းခရီးတစ္ေလ်ာက္ျပည္သူလူထုႏွင့္ အသင္းအဖြဲ႕မ်ား၊ ကုမၸဏီမ်ားမွ ေလာင္းလွူသည့္ ဆန္အိတ္ေပါင္း (၂၄၀၀)အိတ္၊ စုစုေပါင္းဆန္အိတ္(၂၆၇၃)အိတ္ႏွင့္အလွူေငြ (၆၇၃၂၅၀၀) က်ပ္တို႔ျဖစ္ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

 

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

(၄၉)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

တောင်ကြီး သြဂုတ် - ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၄၉)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို သြဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့၊ တောင်ကျောင်းကြီး ပရိယတ္တိ စာသင်တိုက်မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျောက် အတိုင်းမူလမင်းကွန်းကျောင်းအထိ ဆရာတော် သံဃာတော် (၁၃၉၇)ပါးနှင့် သီလရှင်(၁၀၀)ပါးတို့အား မြို့ပေါ်(၂၂)ရပ်ကွက်ရှိပြည်သူများ၊ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များတို့က ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူ ကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၄၉)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကို မင်းကွန်းပရိယတ္တိ စာသင်တိုက်၌ ကျင်းပရာ ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီး များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနာစရိယ စွန်းလွန်းဂူကမ္မဌာန်းကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောင်တည်၍ ဆရာတော်သံဃာတော်များ ရွတ်ပွား သရဇ္ဇျာယ် ချီးမြှင့်အပ်သော ပရိတ်တရားတော်များကိုနာယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် ဝန်ကြီးများတို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ မင်းကွန်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ပညာသီရိထံမှ သြဝါဒကထာနှင့် ရေစက်သွန်းချတရားတော်နာယူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်တို့က ဆရာတော်သံဃာတော် (၁၃၉၇)ပါးနှင့် သီလရှင်(၁၀၀)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။ အဆိုပါ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့ပေါ်(၂၂)ရပ်ကွက်ရှိပြည်သူများ၊ ဌာနဆိုင်ရာများတို့က လောင်းလှူသည့် ဆန်အိတ်ပေါင်း(၂၇၃)အိတ်နှင့် လှူဒါန်းငွေ (၆၇၃၂၅၀၀)ကျပ်၊ လမ်းခရီးတစ်လျောက်ပြည်သူလူထုနှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှ လောင်းလှူသည့် ဆန်အိတ်ပေါင်း (၂၄၀၀)အိတ်၊ စုစုပေါင်းဆန်အိတ်(၂၆၇၃)အိတ်နှင့်အလှူငွေ (၆၇၃၂၅၀၀) ကျပ်တို့ဖြစ်ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 16 guests and no members online