ရှမ်းပြည်နယ်သတင်းများ

ၾကက္ငွက္တုပ္ေကြးေရာဂါ ထိန္းခ်ဳပ္ေရးဆိုင္ရာႏွင့္ ရာသီတုပ္ေကြးေရာဂါ ျပည္သူလူထု အသိျမႇင့္တင္ေရး ပညာေပးေဆြးေႏြး

ေတာင္ႀကီး ၾသဂုတ္ - ၁၁

2256

ၾကက္ငွက္တုပ္ေကြးေရာဂါ ထိန္းခ်ဳပ္ေရးဆိုင္ရာႏွင့္ ရာသီတုပ္ေကြးေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ဆိုင္ရာ ျပည္သူလူထုအသိျမႇင့္တင္ေရး ပညာေပးေဆြးေႏြးပြဲကို ၾသဂုတ္ ၁၁ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ အမွတ္ (၅) အေျခခံပညာအထက္တန္းေက်ာင္း စိန္ျမင္းမိုရ္ခန္းမ၌ က်င္းပေၾကာင္းသိရသည္။

ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ကၽြမ္းက်င္သူပညာရွင္ျမန္မာနိုင္ငံေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္၊ ၾကက္၊ ဘဲေမြးျမဴသူလုပ္ငန္းရွင္၊ ေဒသဆိုင္ရာတိရစၧာန္ေဆးကုပညာရွင္မ်ား၏ ကိုးကားျပဳအခ်က္အလက္ရယူၿပီး ၾကက္ငွက္တုပ္ေကြးေရာဂါ အေရးေပၚထိန္းခ်ဳပ္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ေရးစီမံခ်က္မ်ား ခ်မွတ္ထားရွိၿပီးျဖစ္ ေၾကာင္း၊ စီမံခ်က္မ်ားကို လုပ္ငန္းကိရိယာတစ္ခုအျဖစ္ ေဒသဆိုင္ရာအစိုးရ တာဝန္ရွိပုဂၢိဳလ္မ်ားအတြက္ အကိုးအကား ျပဳရာလက္နက္တစ္ခုအျဖစ္ ပုဂၢလိက ၾကက္၊ ဘဲေမြးျမဴသူမ်ား၏ကိုယ္ပိုင္အေရးေပၚစီမံခ်က္အတြက္ အေထာက္အကူပစၥည္းအျဖစ္ အသုံးျပဳေဆာင္ရြက္နိုင္ပါေၾကာင္း၊ ၾကက္ငွက္တုပ္ေကြးေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ကိစၥတြင္ အစိုးရ၊ ျပည္သူလူထုတစ္ရပ္လုံးႏွင့္ ပုဂၢလိကပိုင္အခန္းက႑တို႔ အျပည့္အဝပူးေပါင္းပါဝင္ဖို႔ လိုအပ္ ပါေၾကာင္း၊ နိုင္ငံသားေကာင္းမ်ား ျဖစ္လာေရးအတြက္ ဖန္တီးပုံသြင္းေပးေသာ ဆရာ၊ ဆရာမအေနျဖင့္ ယခုလို ေဒသတြင္းေရာဂါကူးစက္ခံရမွုမွ ကင္းေဝးေစရန္ အေလ့အထေကာင္းရရွိေအာင္ ေဆာင္ရြက္ေပးျခင္းသည္ အင္မတန္ေကာင္းမြန္ၿပီး လူငယ္ေမာင္မယ္ သားတို႔သမီးတို႔အေနျဖင့္ မိမိတို႔၏ က်င့္ဝတ္စည္းကမ္းမ်ားကို လိုက္နာသည္သာမက ေဒသအက်ိဳး၊ တိုင္းျပည္အက်ိဳးအတြက္ ေဆြးေႏြးပညာေပးမွုေၾကာင့္ ရရွိလာသည့္ ၾကက္ငွက္ တုပ္ေကြးေရာဂါဆိုင္ရာ ဗဟုသုတႏွင့္ ရာသီတုပ္ေကြးေရာဂါဆိုင္ရာ ဗဟုသုတအရ လိုက္နာရမည့္အခ်က္၊ ေရွာင္က်ဥ္ရမည့္ အခ်က္အတိုင္း လိုက္နာေဆာင္ရြက္ရန္ အထူးတိုက္တြန္းလိုပါေၾကာင္း ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦစိုင္းလုံေက်ာ္က ေျပာၾကားသြားသည္။

ဆက္လက္၍ ေတာင္ႀကီးၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွူး ေဒါက္တာ ေမမင္းသိမ့္ မွ ရာသီတုပ္ေကြးေရာဂါထိန္းခ်ဳပ္ေရးဆိုင္ရာ အေၾကာင္းအရာမ်ားကို ေဆြးေႏြးျခင္း၊ ေတာင္ႀကီးၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန သုေတသနအရာရွိ ေဒါက္တာ ပန္းပြင္ျဖဴမွ ၾကက္ငွက္တုပ္ေကြးေရာဂါ ထိန္းခ်ဳပ္ေရးဆိုင္ရာ အေၾကာင္းအရာမ်ားကို ရွင္းလင္းေဆြးေႏြးၿပီး၊ ရွမ္းျပည္နယ္ ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီးဌာန ေခတၱျပည္နယ္ဦးစီးဌာနမွူး ေဒါက္တာစံထြန္းေဝမွ အမွတ္ (၅) အေျခခံပညာအထက္တန္းေက်ာင္း ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေဆြေဆြေအာင္ထံသို႔ ေက်ာင္းသုံးဗလာစာအုပ္ႏွင့္ ခဲတံမ်ားေပးအပ္ရာ ေက်ာင္းအုပ္ ဆရာမႀကီးမွ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားေၾကာင္းသိရသည္။

ထို႔ေနာက္ ေတာင္ႀကီးၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ဝန္ထမ္းမ်ားက အခမ္းအနားသို႔ တက္ေရာက္လာသည့္ အထက္တန္း၊ အလယ္တန္းေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ၾကက္ေၾကာ္ႏွင့္ မူလတန္း၊ မူႀကိဳကေလးမ်ားတို႔ကို ၾကက္ဥႏွင့္ ႏြားနို႔ မ်ားကို ေကၽြးေမြးကာ တက္ေရာက္လာၾကသည့္ ျပည္နယ္ဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ား၊ ဆရာ၊ ဆရာမမ်ား၊ ျပည္သူမ်ား၊ မီဒီယာအဖြဲ႕တို႔ကို ၾကက္ေၾကာ္ျဖင့္ တည္ခင္းဧည့္ခံေကၽြးေမြး ခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးဆိုင်ရာနှင့် ရာသီတုပ်ကွေးရောဂါ ပြည်သူလူထု အသိမြှင့်တင်ရေး ပညာပေးဆွေးနွေး

တောင်ကြီး သြဂုတ် - ၁၁

ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးဆိုင်ရာနှင့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ပြည်သူလူထုအသိမြှင့်တင်ရေး ပညာပေးဆွေးနွေးပွဲကို သြဂုတ် ၁၁ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်သူပညာရှင်မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ကြက်၊ ဘဲမွေးမြူသူလုပ်ငန်းရှင်၊ ဒေသဆိုင်ရာတိရစ္ဆာန်ဆေးကုပညာရှင်များ၏ ကိုးကားပြုအချက်အလက်ရယူပြီး ကြက်ငှက်တုပ်ကွေးရောဂါ အရေးပေါ်ထိန်းချုပ်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးစီမံချက်များ ချမှတ်ထားရှိပြီးဖြစ် ကြောင်း၊ စီမံချက်များကို လုပ်ငန်းကိရိယာတစ်ခုအဖြစ် ဒေသဆိုင်ရာအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များအတွက် အကိုးအကား ပြုရာလက်နက်တစ်ခုအဖြစ် ပုဂ္ဂလိက ကြက်၊ ဘဲမွေးမြူသူများ၏ကိုယ်ပိုင်အရေးပေါ်စီမံချက်အတွက် အထောက်အကူပစ္စည်းအဖြစ် အသုံးပြုဆောင်ရွက်နိုင်ပါကြောင်း၊ ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး ကိစ္စတွင် အစိုးရ၊ ပြည်သူလူထုတစ်ရပ်လုံးနှင့် ပုဂ္ဂလိကပိုင်အခန်းကဏ္ဍတို့ အပြည့်အဝပူးပေါင်းပါဝင်ဖို့ လိုအပ် ပါကြောင်း၊ နိုင်ငံသားကောင်းများ ဖြစ်လာရေးအတွက် ဖန်တီးပုံသွင်းပေးသော ဆရာ၊ ဆရာမအနေဖြင့် ယခုလို ဒေသတွင်းရောဂါကူးစက်ခံရမှုမှ ကင်းဝေးစေရန် အလေ့အထကောင်းရရှိအောင် ဆောင်ရွက်ပေးခြင်းသည် အင်မတန်ကောင်းမွန်ပြီး လူငယ်မောင်မယ် သားတို့သမီးတို့အနေဖြင့် မိမိတို့၏ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာသည်သာမက ဒေသအကျိုး၊ တိုင်းပြည်အကျိုးအတွက် ဆွေးနွေးပညာပေးမှုကြောင့် ရရှိလာသည့် ကြက်ငှက် တုပ်ကွေးရောဂါဆိုင်ရာ ဗဟုသုတနှင့် ရာသီတုပ်ကွေးရောဂါဆိုင်ရာ ဗဟုသုတအရ လိုက်နာရမည့်အချက်၊ ရှောင်ကျဉ်ရမည့် အချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အထူးတိုက်တွန်းလိုပါကြောင်း ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦစိုင်းလုံကျော်က ပြောကြားသွားသည်။

ဆက်လက်၍ တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မေမင်းသိမ့် မှ ရာသီတုပ်ကွေးရောဂါထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခြင်း၊ တောင်ကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သုတေသနအရာရှိ ဒေါက်တာ ပန်းပွင်ဖြူမှ ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး၊ ရှမ်းပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာစံထွန်းဝေမှ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေအောင်ထံသို့ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။

ထို့နောက် တောင်ကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသည့် အထက်တန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများအား ကြက်ကြော်နှင့် မူလတန်း၊ မူကြိုကလေးများတို့ကို ကြက်ဥနှင့် နွားနို့ များကို ကျွေးမွေးကာ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ပြည်သူများ၊ မီဒီယာအဖွဲ့တို့ကို ကြက်ကြော်ဖြင့် တည်ခင်းဧည့်ခံကျွေးမွေး ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 15 guests and no members online