ရှမ်းပြည်နယ်သတင်းများ

မိုင္းဖုန္းဆရာေတာ္ ဘဒၵႏၲဉာဏသံဝရအရွင္သူျမတ္အား အဂၢမဟာကမၼဌာနစရိယဘြဲ႕တံဆိပ္ေတာ္ ပူေဇာ္ပြဲ အခမ္းအနားက်င္းပ

ေတာင္ႀကီး မတ္ - ၁၂

49

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္ဗုဒၶတကၠသိုလ္၌ မတ္လ ၁၂ ရက္ ေန႔လည္ ၁၂ နာရီက ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္၊ နိုင္ငံေတာ္အစိုးရမွ ဆက္ကပ္သည့္ အဂၢမဟာကမၼဌာနစရိယဘြဲ႕တံဆိပ္ေတာ္ ကို လက္ခံရရွိေတာ္မူေသာ အရညဝါသီေက်းဇူးေတာ္ရွင္ မိုင္းဖုန္းဆရာေတာ္ ဘဒၵႏၲဉာဏသံဝရအရွင္သူျမတ္အား ပူးေဇာ္ပြဲအခမ္းအနားကို အဆိုပါဗုဒၶတကၠသိုလ္၌ က်င္းပေၾကာင္းသိရသည္။

ဆက္လက္၍ အခမ္းအနားကို ဆရာေတာ္သံဃာေတာ္မ်ား၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ဧည့္ပရိသတ္မ်ား တို႔က နေမာတႆ သုံးႀကိမ္ရြတ္ဆိုဘုရားကန္ေတာ့၍ ဖြင့္လွစ္ၿပီး အဂၢမဟာပ႑ိတ နိုင္ငံေတာ္သံဃမဟာ နာယက အဖြဲ႕ ဒုတိယဥကၠဌ လြိဳင္လင္ဆရာေတာ္ ေဒါက္တာဘဒၵႏၲပညာနႏၵအရွင္သူျမတ္ထံမွ ရတနာသုံးပါးအား ကန္ေတာ့၍ ငါးပါးသီလခံယူေဆာက္တည္ၾကသည္။

ထို႔ေနာက္ ဆရာေတာ္သံဃာေတာ္အရွင္သူျမတ္မ်ားက ဘဝတုသဗၺမဂၤလံႏွင့္ ဇယေႏၲာဂါထာေတာ္မ်ား ရြတ္ဖတ္ခ်ီးျမႇင့္ေတာ္မူၿပီး အဂၢမဟာပ႑ိတ နိုင္ငံေတာ္ဩဝါဒါစရိယ စြန္းလြန္းဆရာေတာ္ ဘဒၵႏၲအဂၢဓမၼာဘိဝံသ မေထရ္ျမတ္က သေမၼာဒနိယ ဩဝါဒဂါထာ ႁမြက္ၾကားခ်ီးျမႇင့္ေတာ္မူၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ က သာသနာေရးဆိုင္ရာမ်ားကို ေလၽွာက္ထား၍ မိုင္းဖုန္းဆရာေတာ္ ဘဒၵႏၲဉာဏသံဝရအရွင္သူျမတ္အား ဘြဲ႕တံဆိပ္ ေတာ္မ်ားႏွင့္ ပူဇာဂုဏ္ျပဳလႊာမ်ား ဆက္ကပ္လွူဒါန္းကာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ သာသနာေရးႏွင့္ ဗမာ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္မွ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္အစိုးရက လွူဒါန္းဆက္ကပ္သည့္ ကုန္းေရအထက္တန္း အခြန္လြတ္ယာဥ္စီးခြင့္လက္မွတ္(၂)ေစာင္ႏွင့္ အႏုေမာဒနာ ဂုဏ္ျပဳလႊာဆက္ကပ္လွူဒါန္းေပးခဲ့သည္။

ယင္းေနာက္ အလွူရွင္မ်ားမွ လွူဖြယ္ဝတၳဳပစၥည္းမ်ားဆက္ကပ္လွူဒါန္းရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ဇနီး ေဒၚနန္းေရႊျမင့္တို႔က အလွူေငြမ်ားေပးအပ္လွူဒါန္းၿပီး ျပည္နယ္ ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔ကလွူဖြယ္ပစၥည္းမ်ားအား ဆက္ကပ္လွူဒါန္းေပးၾကကာ အဂၢမဟာသဒၵမၼေဇာတိကဓဇ အဂၢမဟာဂႏၲဝါစကပ႑ိတဓမၼကထိက ဗဟုဇနဟိတဓရ ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္ဗုဒၶတကၠသိုလ္ ဦးစီး တည္ေထာင္သူ ေအာက္စဖို႔ဒ္ဆရာေတာ္ ပါေမာကၡ ေဒါက္တာ ဘဒၵႏၲဓမၼသာမိ အရွင္သူျမတ္ထံမွ လွူဒါန္းမွုအစုစု အတြက္ အႏုေမာဒနာတရားႏွင့္ ေရစက္ခ်တရားနာယူကာ အခမ္းအနားကို ဗုဒၶသာသနံစိရံတိဌတု သုံးႀကိမ္ရြတ္ဆို ဆုေတာင္း၍ ႐ုပ္သိမ္းလိုက္ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရအရှင်သူမြတ်အား အဂ္ဂမဟာကမ္မဌာနစရိယဘွဲ့တံဆိပ်တော် ပူဇော်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး မတ် - ၁၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ မတ်လ ၁၂ ရက် နေ့လည် ၁၂ နာရီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရမှ ဆက်ကပ်သည့် အဂ္ဂမဟာကမ္မဌာနစရိယဘွဲ့တံဆိပ်တော် ကို လက်ခံရရှိတော်မူသော အရညဝါသီကျေးဇူးတော်ရှင် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရအရှင်သူမြတ်အား ပူးဇော်ပွဲအခမ်းအနားကို အဆိုပါဗုဒ္ဓတက္ကသိုလ်၌ ကျင်းပကြောင်းသိရသည်။

ဆက်လက်၍ အခမ်းအနားကို ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များ တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ ဒုတိယဥက္ကဌ လွိုင်လင်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာနန္ဒအရှင်သူမြတ်ထံမှ ရတနာသုံးပါးအား ကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များက ဘဝတုသဗ္ဗမင်္ဂလံနှင့် ဇယန္တောဂါထာတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူပြီး အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဩဝါဒါစရိယ စွန်းလွန်းဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ မထေရ်မြတ်က သမ္မောဒနိယ ဩဝါဒဂါထာ မြွက်ကြားချီးမြှင့်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က သာသနာရေးဆိုင်ရာများကို လျှောက်ထား၍ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရအရှင်သူမြတ်အား ဘွဲ့တံဆိပ် တော်များနှင့် ပူဇာဂုဏ်ပြုလွှာများ ဆက်ကပ်လှူဒါန်းကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သာသနာရေးနှင့် ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက လှူဒါန်းဆက်ကပ်သည့် ကုန်းရေအထက်တန်း အခွန်လွတ်ယာဉ်စီးခွင့်လက်မှတ်(၂)စောင်နှင့် အနုမောဒနာ ဂုဏ်ပြုလွှာဆက်ကပ်လှူဒါန်းပေးခဲ့သည်။

ယင်းနောက် အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီး ဒေါ်နန်းရွှေမြင့်တို့က အလှူငွေများပေးအပ်လှူဒါန်းပြီး ပြည်နယ် ဝန်ကြီးများနှင့်တာဝန်ရှိသူတို့ကလှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းပေးကြကာ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဓမ္မကထိက ဗဟုဇနဟိတဓရ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဦးစီး တည်ထောင်သူ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစု အတွက် အနုမောဒနာတရားနှင့် ရေစက်ချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 20 guests and no members online

Latest Updates