ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ရပ္ေစာက္ၿမိဳ႕နယ္၊ ဝါးျပားေက်း႐ြာအုပ္စု ကန္ေတာ္ကန္သဲႏႈန္းဆည္ယူမႈႏွင့္ ဆတ္ေသေက်း႐ြာ ေဒသခံမိဘျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ဇြန္ - ၇

98

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ဇြန္ ၇ ရက္က  ရပ္ေစာက္ၿမိဳ႕နယ္၊ ဝါးျပားေက်း႐ြာအုပ္စု ကန္ေတာ္ကန္သဲႏႈန္းဆည္ယူမႈႏွင့္ ျပဳျပင္ေနမႈကိုသြားေရာက္ ၾကည့္႐ႈရာ ျပည္နယ္ဆည္ေျမာင္းဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးမွ ရွင္းလင္းၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔သည္ ကန္ေတာ္ကန္ အား လွည့္လည္ၾကည့္႐ႈၾကကာ လိုအပ္သည္မ်ားကို ျဖည့္စြက္မွာၾကားခဲ့သည္။

 ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ဆတ္ေသေက်း႐ြာဘုန္ႀကီးေက်ာင္း ၌ ေဒသခံမိဘျပည္သူမ်ားႏွင့္ေတြ႕ဆုံရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားၿပီး၊ ဆတ္ေသေက်း႐ြာေဒသခံျပည္သူတစ္ဦးျဖစ္သည့္ ဦးခြန္တစိန္မွ ပင္ျဖစ္-ဆတ္ေသလမ္းေကာင္းမြန္ေရးႏွင့္ လၽွပ္စစ္မီးရရွိေရး တို႔ကိုတင္ျပရာ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉးႏွင့္ ရပ္ေစာက္ၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္တို႔မွ တင္ျပခ်က္မ်ားကို ျပန္လည္ရွင္းလင္းတင္ျပကာ၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ နိဂုံးခ်ဳပ္ အမွာစကား ေျပာၾကားခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ရပ္ေစာက္ၿမိဳ႕နယ္၊ ေတာင္ၿပိဳ ေက်း႐ြာတြင္ H Double Co.,Ltd မွ တာဝန္ယူေဆာင္႐ြက္ေနသည့္ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ရန္ပုံေငြျဖင့္ ေဆာင္႐ြက္ခဲ့သည့္ ေတာင္ႀကီးၿမိဳ႕နယ္၊ ဇလဲ- ဆတ္ေသလမ္း(၅/၀)မိုင္ ကတၱရာခင္းျခင္းလုပ္ငန္းႏွင့္ ၁၅ ေပ ကြန္ကရစ္တံတား ၂ စင္းေဆာက္လုပ္ျခင္း လုပ္ငန္းကိုနယ္စပ္ေဒသဖြံ႕ၿဖိဳးေရးဦးစီးဌာနတာဝန္ရွိသူ တစ္ဦးမွ ရွင္းလင္းရာ လမ္း၊ တံတားႏွင့္ပတ္သက္၍ လိုအပ္သည္မ်ားကို မွာၾကားခဲ့ၿပီး ေတာင္ႀကီး-ဇလဲ-လဲသက္လမ္းပိုင္ျပဳျပင္ေဆာင္႐ြက္ေနမႈ ၾကည့္႐ႈရာ ျပည္နယ္လမ္းဦးစီးဌာနမွ တာဝန္ရွိသူက ရွင္းလင္း၍ ေတာင္ႀကီးၿမိဳ႕နယ္၊ နားေယာင္းေရထြက္မွ ေရတင္ပိုက္လိုင္း ႏွင့္ ေရျဖန္႔ေဝမႈအေျခအေနမ်ားကို ဝင္ေရာက္ၾကည့္႐ႈရာ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လိုက္လံရွင္းလင္းျပသကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ လိုအပ္သည္မ်ားကို ျဖည့္စြက္မွာၾကားခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရပ်စောက်မြို့နယ်၊ ဝါးပြားကျေးရွာအုပ်စု ကန်တော်ကန်သဲနှုန်းဆည်ယူမှုနှင့် ဆတ်သေကျေးရွာ ဒေသခံမိဘပြည်သူများနှင့်တွေ့ဆုံ

တောင်ကြီး ဇွန် - ၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဇွန် ၇ ရက်က  ရပ်စောက်မြို့နယ်၊ ဝါးပြားကျေးရွာအုပ်စု ကန်တော်ကန်သဲနှုန်းဆည်ယူမှုနှင့် ပြုပြင်နေမှုကိုသွားရောက် ကြည့်ရှုရာ ပြည်နယ်ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ကန်တော်ကန် အား လှည့်လည်ကြည့်ရှုကြကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆတ်သေကျေးရွာဘုန်ကြီးကျောင်း ၌ ဒေသခံမိဘပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ ဆတ်သေကျေးရွာဒေသခံပြည်သူတစ်ဦးဖြစ်သည့် ဦးခွန်တစိန်မှ ပင်ဖြစ်-ဆတ်သေလမ်းကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေး တို့ကိုတင်ပြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ရပ်စောက်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့မှ တင်ပြချက်များကို ပြန်လည်ရှင်းလင်းတင်ပြကာ၊ ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရပ်စောက်မြို့နယ်၊ တောင်ပြို ကျေးရွာတွင် H Double Co.,Ltd မှ တာဝန်ယူဆောင်ရွက်နေသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် တောင်ကြီးမြို့နယ်၊ ဇလဲ- ဆတ်သေလမ်း(၅/၀)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ၁၅ ပေ ကွန်ကရစ်တံတား ၂ စင်းဆောက်လုပ်ခြင်း လုပ်ငန်းကိုနယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူ တစ်ဦးမှ ရှင်းလင်းရာ လမ်း၊ တံတားနှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားခဲ့ပြီး တောင်ကြီး-ဇလဲ-လဲသက်လမ်းပိုင်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုရာ ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်း၍ တောင်ကြီးမြို့နယ်၊ နားယောင်းရေထွက်မှ ရေတင်ပိုက်လိုင်း နှင့် ရေဖြန့်ဝေမှုအခြေအနေများကို ဝင်ရောက်ကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ လိုက်လံရှင်းလင်းပြသကာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 18 guests and no members online