ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး ဇွန် - ၇

97



Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် တောင်ကြီးမြို့တွင်းရှိ ရေနှုတ်မြောင်းလမ်းတံတား ကွင်းဆင်းကြည့်ရှု

တောင်ကြီး ဇွန် - ၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်စည်သာယာရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ဇွန် ၆ ရက် ညနေ ၃ နာရီခွဲက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ (အဘ) ဦးကျော်ဇင်၊ (အမိ) ဒေါ်ရင်ရင်ဌေးတို့၏ (သား) မောင်ဇင်မျိုးထက် (၁၀)နှစ်သည်  ရေစီးနှင့် မျောပါသေဆုံး ခဲ့သော ငုဝါလမ်းရေချောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် မြို့မရပ်ကွက်ရှိ ရေနှုတ်မြောင်းပြုပြင်နေမှု၊ ဇွန် (၅)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက် ရေဝပ်နေမှု၊ ဘုရားဖြူရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်းသွားလမ်း၊ ရထားသံလမ်းဘေးရှိ ရေနှုတ်မြောင်းတူးဖော်နေမှု၊ ကျောက်တလုံးလမ်းရှိ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်နေသော ရေနှုတ်မြောင်းအသစ် ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 34 guests and no members online