ရှမ်းပြည်နယ်သတင်းများ

ၿမိဳ႕နယ္အလိုက္ အသက္ (၂၅)ႏွစ္ေအာက္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲက်င္းပ

ေတာင္ႀကီး ဇြန္ - ၁၈

107

၂၀၁၈ ခုႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား၊ ၿမိဳ႕နယ္အလိုက္အသက္(၂၅)ႏွစ္ေအာက္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲဖြင့္ပြဲကို ဇြန္ ၁၈ ရက္ ညေန ၃ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ၌ က်င္းပေၾကာင္းသိရသည္။

ၿမိဳ႕နယ္အလိုက္အသက္ (၂၅)ႏွစ္ေအာက္ အမ်ိဳးသား/အမ်ိဳးသမီးပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကို က်င္းပျပဳလုပ္ရ သည့္ ရည္႐ြယ္ခ်က္မွာ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ပိုက္ေက်ာ္ျခင္းအားကစားအဆင့္အတန္း တိုးတက္ ျမင့္မားလာေရး၊ လူငယ္မ်ိဳးဆက္သစ္မ်ားအား ေမြးထုတ္ေပးႏိုင္ေရး၊ လူငယ္လူ႐ြယ္အခ်င္းခ်င္း ခ်စ္ခင္စည္းလုံး ညီၫြတ္မႈရရွိကာ က်န္းမာၿပီးႀကံ႕ခိုင္ေသာ လူငယ္မ်ားအျဖစ္ ရွမ္းျပည္နယ္၏ အားကစားက႑တိုးတက္ျမင့္မားေစ ၿပီး မ်ိဳးဆက္သစ္ႏိုင္ငံဂုဏ္ေဆာင္ အားကစားသမားမ်ား ေပၚထြက္လာေစလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ က်င္းပေပးရ ျခင္းျဖစ္ေၾကာင္း၊ ယေန႔က်င္းပသည့္ၿပိဳင္ပြဲကို ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၃၈ ၿမိဳ႕နယ္မွ ပါဝင္ယွဥ္ၿပိဳင္ၾကသည့္ အတြက္ ေက်နပ္အားရမိပါေၾကာင္း၊ ၿပိဳင္ပြဲမွ ထူးခၽြန္ေသာ ႐ြက္ပုံးသီးအားကစားသမားေကာင္းမ်ား ရွမ္းျပည္နယ္ အတြက္ ေသြးသစ္ေလာင္းေပးႏိုင္မည့္ မ်ိဳးဆက္သစ္အားကစားသမားမ်ားကို ေမြးထုတ္ေပးႏိုင္လိမ့္မည္ဟု ယုံၾကည္ ပါေၾကာင္း၊ အသက္ (၂၅) ေအာက္ၿမိဳ႕နယ္အလိုက္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲမွတဆင့္ ရွမ္းျပည္နယ္အသင္းအတြက္ လက္ေ႐ြးစင္အားကစားသမားမ်ားကို ေ႐ြးခ်ယ္ၿပီး ေနျပည္ေတာ္တြင္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၄ ရက္ေန႔မွ ၁၃ ရက္ေန႔ ထိ က်င္းပမည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ၾကရမည္ျဖစ္ေၾကာင္း၊ ယခုႏွစ္ၿပိဳင္ပြဲတြင္ ထူးျခားခ်က္မွာ ယခင္ႏွစ္ႏွင့္မတူဘဲ အမ်ိဳးသားပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ၄ ဦးတြဲ အသင္းလိုက္ ၿပိဳင္ပြဲတစ္ပြဲကို ထည့္သြင္းက်င္းပမည္ျဖစ္ၿပီး အမ်ိဳးသမီး ၃ ဦးတြဲအသင္းလိုက္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကိုလည္း ပထမ ဦးဆုံးအႀကိမ္ ထည့္သြင္းက်င္းပမည္ျဖစ္သည့္အတြက္ ရွမ္းျပည္နယ္ကိုယ္စားျပဳအမ်ိဳးသမီးအသင္းမ်ားသည္လည္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္းႏွင့္ ၿပိဳင္ပြဲတြင္ ႀကီးၾကပ္မည့္ဒိုင္ လူႀကီးမ်ားအေနျဖင့္ ဘက္လိုက္မႈကင္းရွင္းၿပီး ၿပိဳင္ပြဲစည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း တရားမၽွတမွန္ကန္စြာ တိတိ က်က် ဆုံးျဖတ္ေဆာင္႐ြက္ေပးသြားၾကရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကား၌ ေျပာၾကားသြားသည္။

ဆက္လက္၍ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားက အားကစားသစၥာအဓိဌာန္႐ြတ္ဆိုၾကၿပီး၊ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔က ၿပိဳင္ပြဲဝင္အားကစားသမားမ်ားအား လိုက္လံႏႈတ္ဆက္ၾကကာ ၿပိဳင္ပြဲပထမပြဲစဥ္ အျဖစ္ ေတာင္ႀကီးၿမိဳ႕နယ္အသင္းႏွင့္ ေညာင္ေ႐ႊၿမိဳ႕နယ္အသင္းတို႔ ယွဥ္ၿပိဳင္ေနမႈကို ၾကည့္႐ႈအားေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြို့နယ်အလိုက် အသက် (၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

တောင်ကြီး ဇွန် - ၁၈

၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက်အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ဇွန် ၁၈ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပကြောင်းသိရသည်။

မြို့နယ်အလိုက်အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ရ သည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက် မြင့်မားလာရေး၊ လူငယ်မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိကာ ကျန်းမာပြီးကြံ့ခိုင်သော လူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍတိုးတက်မြင့်မားစေ ပြီး မျိုးဆက်သစ်နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးရ ခြင်းဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့်ပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၃၈ မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ကြသည့် အတွက် ကျေနပ်အားရမိပါကြောင်း၊ ပြိုင်ပွဲမှ ထူးချွန်သော ရွက်ပုံးသီးအားကစားသမားကောင်းများ ရှမ်းပြည်နယ် အတွက် သွေးသစ်လောင်းပေးနိုင်မည့် မျိုးဆက်သစ်အားကစားသမားများကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည် ပါကြောင်း၊ အသက် (၂၅) အောက်မြို့နယ်အလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲမှတဆင့် ရှမ်းပြည်နယ်အသင်းအတွက် လက်ရွေးစင်အားကစားသမားများကို ရွေးချယ်ပြီး နေပြည်တော်တွင် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ ၁၃ ရက်နေ့ ထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ထူးခြားချက်မှာ ယခင်နှစ်နှင့်မတူဘဲ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ၄ ဦးတွဲ အသင်းလိုက် ပြိုင်ပွဲတစ်ပွဲကို ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အမျိုးသမီး ၃ ဦးတွဲအသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ပထမ ဦးဆုံးအကြိမ် ထည့်သွင်းကျင်းပမည်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်ကိုယ်စားပြုအမျိုးသမီးအသင်းများသည်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် ကြီးကြပ်မည့်ဒိုင် လူကြီးများအနေဖြင့် ဘက်လိုက်မှုကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာ တိတိ ကျကျ ဆုံးဖြတ်ဆောင်ရွက်ပေးသွားကြရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား၌ ပြောကြားသွားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြကာ ပြိုင်ပွဲပထမပွဲစဉ် အဖြစ် တောင်ကြီးမြို့နယ်အသင်းနှင့် ညောင်ရွှေမြို့နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 32 guests and no members online