ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးၿမိဳ႕၌ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ ပညာရည္ခၽြန္ဆုေပးပြဲအခမ္းအနားက်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ ၂၈

217

အမွတ္(၅) အေျခခံပညာအထက္တန္းေက်ာင္း ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ ပညာရည္ခၽြန္ဆုႏွင္းသဘင္ အခမ္းအနားကို ႏိုဝင္ဘာ ၂၈ ရက္ နံနက္ ၉ နာရီက အဆိုပါေက်ာင္းဝင္းအတြင္းရွိ စိန္ျမင့္မိုရ္ခန္းမ၌ က်င္းပေၾကာင္း သိရသည္။

အခမ္းအနားကို အမွတ္(၅)အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား/ ေက်ာင္းသူေလးမ်ားက ျမန္မာ့ေက်ာင္းသီခ်င္းျဖင့္ စတင္ဖြင့္လွစ္ၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း က အဖြင့္အမွာစကားေျပာၾကားရာ အေျခခံပညာေက်ာင္းမ်ား၏ ေဆာင္ပုဒ္တစ္ခုျဖစ္ေသာ စိတ္ဓာတ္၊ စည္းကမ္း၊ ပညာဆိုသည့္ ေဆာင္ပုဒ္အရ ေက်ာင္းသား၊ ေက်ာင္းသူလူငယ္မ်ား၏ စိတ္ဓာတ္သည္ မ်ားစြာအေရးႀကီးပါေၾကာင္း၊ ကေလးပညာေကာင္းရန္အတြက္ မိဘႏွင့္ ဆရာပူးေပါင္း၍ ႏိုင္ငံေတာ္ကို ျပဳစုပ်ိဳးေထာင္လိုေသာ၊ ႏိုင္ငံေတာ္ကို အလုပ္အေကၽြးျပဳလိုေသာကေလးမ်ား ျဖစ္လာေအာင္ ေဆာင္႐ြက္ရမွာျဖစ္ပါေၾကာင္း၊ အမ်ိဳးဘာသာ သာသနာကို ေစာင့္ေရွာက္တတ္သူမ်ား၊ မိမိတို႔ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ထိန္းသိမ္းတန္ဖိုးထားတတ္သူမ်ား၊ စုေပါင္း ေဆာင္႐ြက္တတ္သူမ်ား၊ တစ္ဦးႏွင့္တစ္ဦးေလးစားစြာ ဆက္ဆံတတ္သူမ်ားျဖစ္ေအာင္ အေျခခံပညာေက်ာင္းမ်ားမွ ေလ့က်င့္သင္ၾကားေပးေနၿပီျဖစ္ပါေၾကာင္း၊ စိတ္ဓာတ္၊ စည္းကမ္း၊ ပညာႏွင့္ ျပည့္စုံေသာ လူငယ္မ်ားျဖစ္ေအာင္ မိမိတို႔ႏွင့္အတူ တာဝန္ရွိသူမ်ားအားလုံး ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုပါေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ပညာေရးမႉး ဦးဝင္းေမာင္ႏွင့္ မိဘဆရာအသင္း အလုပ္အမႈေဆာင္ နာယက ဦးစိုင္းေဇာ္ေဇာ္တို႔က ပညာသင္ၾကားမႈမ်ားႏွင့္ ေက်ာင္းဖြံ႕ၿဖိဳးေရးကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားၿပီး ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေဆြေဆြေအာင္ကေက်းဇူးတင္စကား ျပန္လည္ေျပာၾကားခဲ့ေၾကာင္း၊ ထို႔ေနာက္ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ အမွတ္(၅)အေျခခံပညာအထက္တန္းေက်ာင္းမွ ၆ ဘာသာဂုဏ္ထူးရွင္ ၁ ဦး၊ ၅ ဘာသာ ၁ ဦး၊ ၄ ဘာသာ ၄ ဦး၊ ၃ ဘာသာ ၂ ဦး၊ ၂ ဘာသာ ၁၁ ဦး၊ ၁ ဘာသာ ၁၉ ဦးတို႔ႏွင့္ အားကစား က႑မ်ားတြင္ ထူးခၽြန္သူမ်ားကို ဆုမ်ားအသီးသီးခ်ီးျမႇင့္ေပးအပ္ခဲ့ၿပီး ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားက ႐ိုးရာ အကမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရွိ အေျခခံပညာေက်ာင္းမ်ားတြင္ ၂၀၁၇ - ၂၀၁၈ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ၆ ဘာသာဂုဏ္ထူးရွင္ ၂၅ ဦး၊ ၅ ဘာသာ ၅၂ ဦး၊ ၄ ဘာသာ ၈၅ ဦး၊ ၃ ဘာသာ ၁၁၈ ဦး၊ ၂ ဘာသာ ၂၉၂ ဦး၊ ၁ ဘာသာ ၁၆၉၃ ဦး၊ စုစုေပါင္းဂုဏ္ထူးရရွိသူ ၂၂၆၅ ဦးရွိခဲ့ၿပီး ေအာင္ခ်က္ရာခိုင္ႏႈန္း ၂၉ ဒႆမ ၇၁ ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၈

အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းအတွင်းရှိ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားကို အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က အဖွင့်အမှာစကားပြောကြားရာ အခြေခံပညာကျောင်းများ၏ ဆောင်ပုဒ်တစ်ခုဖြစ်သော စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ဆောင်ပုဒ်အရ ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ စိတ်ဓာတ်သည် များစွာအရေးကြီးပါကြောင်း၊ ကလေးပညာကောင်းရန်အတွက် မိဘနှင့် ဆရာပူးပေါင်း၍ နိုင်ငံတော်ကို ပြုစုပျိုးထောင်လိုသော၊ နိုင်ငံတော်ကို အလုပ်အကျွေးပြုလိုသောကလေးများ ဖြစ်လာအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တတ်သူများ၊ မိမိတို့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းတန်ဖိုးထားတတ်သူများ၊ စုပေါင်း ဆောင်ရွက်တတ်သူများ၊ တစ်ဦးနှင့်တစ်ဦးလေးစားစွာ ဆက်ဆံတတ်သူများဖြစ်အောင် အခြေခံပညာကျောင်းများမှ လေ့ကျင့်သင်ကြားပေးနေပြီဖြစ်ပါကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် ပြည့်စုံသော လူငယ်များဖြစ်အောင် မိမိတို့နှင့်အတူ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်နှင့် မိဘဆရာအသင်း အလုပ်အမှုဆောင် နာယက ဦးစိုင်းဇော်ဇော်တို့က ပညာသင်ကြားမှုများနှင့် ကျောင်းဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေအောင်ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း၊ ထို့နောက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၅ ဘာသာ ၁ ဦး၊ ၄ ဘာသာ ၄ ဦး၊ ၃ ဘာသာ ၂ ဦး၊ ၂ ဘာသာ ၁၁ ဦး၊ ၁ ဘာသာ ၁၉ ဦးတို့နှင့် အားကစား ကဏ္ဍများတွင် ထူးချွန်သူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အခြေခံပညာကျောင်းများတွင် ၂၀၁၇ - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ ၅ ဘာသာ ၅၂ ဦး၊ ၄ ဘာသာ ၈၅ ဦး၊ ၃ ဘာသာ ၁၁၈ ဦး၊ ၂ ဘာသာ ၂၉၂ ဦး၊ ၁ ဘာသာ ၁၆၉၃ ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ ၂၂၆၅ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၂၉ ဒဿမ ၇၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 66 guests and no members online