ရှမ်းပြည်နယ်သတင်းများ

စည္ပင္သာယာေရးဌာန၏ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို ျပည္သူမ်ား အလြယ္တကူ ေလ့လာႏိုင္ရန္ သတင္းႏွင့္ျပန္ၾကားေရး ႐ုံးခန္းဖြင့္လွစ္

ေတာင္ႀကီး ႏိုဝင္ဘာ - ၃၀

221

ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ သတင္းႏွင့္ျပန္ၾကားေရး ႐ုံးခန္းဖြင့္လွစ္ပြဲကို ႏိုဝင္ဘာ ၃၀ ရက္ နံနက္ ၉ နာရီခြဲက ၿမိဳ႕နယ္စည္ပင္သာယာေရး႐ုံးေရွ႕၌က်င္းပေၾကာင္းသိရသည္။

သတင္းႏွင့္ျပန္ၾကားေရး ႐ုံးခန္းကို ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးစိန္ဝင္း၊ ေတာင္ႀကီး ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအတြင္းေရးမႉး၊ ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးအမႈေဆာင္အရာရွိ ရွမ္းျပည္နယ္ စည္ပင္သာယာေရး တြဲဘက္ၫႊန္ၾကားေရးမႉး ဦးေအးကို၊ ေတာင္ႀကီးၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးၿဖိဳးမင္းထိုက္တို႔မွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

စည္ပင္သာယာေရးေကာ္မတီ သတင္းႏွင့္ျပန္ၾကားေရး ႐ုံးခန္းဖြင့္လွစ္ရျခင္းမွာ အမ်ားျပည္သူမ်ား အလြယ္တကူ သိရွိေလ့လာရန္ႏွင့္ ေန႔စဥ္စည္ပင္သာယာေရးေကာ္မတီမွ ေငြေကာက္ခံမႈ လုပ္ငန္းမ်ားေဆာင္႐ြက္ျခင္း၊ အသုံးစရိတ္ လ်ာထားခ်က္ႏွင့္သုံးေငြမ်ားကို ျပည္သူမ်ားသိရွိႏိုင္ရန္ႏွင့္ စည္ပင္သာယာေရးမွ အခြန္ေကာက္ခံသတ္မွတ္ ႏႈန္းထားမ်ား သိရွိရန္၊ ျပည္သူမ်ားမွ စည္ပင္သာယာေရးလုပ္ငန္းမ်ားကို လြယ္လင့္တကူ သိရွိႏိုင္ရန္ႏွင့္ ဝင္ထြက္သြားလာႏိုင္ရန္ ယခုကဲ့သို႔ သတင္းႏွင့္ ျပန္ၾကားေရး႐ုံးခန္းဖြင့္လွစ္ရျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအတြင္းေရးမႉး၊ ေတာင္ႀကီး ၿမိဳ႕နယ္စည္ပင္သာယာေရးအမႈေဆာင္အရာရွိ၊ ရွမ္းျပည္နယ္ စည္ပင္သာယာေရး တြဲဖက္ၫႊန္ၾကားေရးမႉး ဦးေအးကိုက ေျပာသည္။

သတင္းႏွင့္ျပန္ၾကားေရး႐ုံးခန္းတြင္ ဝန္ထမ္းမ်ားကို အရာရွိ(၁)ဦး၊ အရာထမ္းငယ္(၁)ဦးႏွင့္ ဆက္စပ္အခြန္ဌာနမွ အခြန္ဝန္ထမ္း (၂၅)ဦးတို႔ျဖင့္ လုပ္ကိုင္ေဆာင္႐ြက္ၿပီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ ျပည္နယ္႐ုံးစိုက္ရာျဖစ္၍ ယခုကဲ့သို႔ ဖြင့္လွစ္ထားရွိၿပီး လုပ္ငန္းေအာင္ျမင္မႈရွိပါက ရွမ္းျပည္နယ္(အေရွ႕ပိုင္း)(ေျမာက္ပိုင္း)တို႔တြင္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စည်ပင်သာယာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများ အလွယ်တကူ လေ့လာနိုင်ရန် သတင်းနှင့်ပြန်ကြားရေး ရုံးခန်းဖွင့်လှစ်

တောင်ကြီး နိုဝင်ဘာ - ၃၀

တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ သတင်းနှင့်ပြန်ကြားရေး ရုံးခန်းဖွင့်လှစ်ပွဲကို နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးရုံးရှေ့၌ကျင်းပကြောင်းသိရသည်။

သတင်းနှင့်ပြန်ကြားရေး ရုံးခန်းကို တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိန်ဝင်း၊ တောင်ကြီး မြို့နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ရှမ်းပြည်နယ် စည်ပင်သာယာရေး တွဲဘက်ညွှန်ကြားရေးမှူး ဦးအေးကို၊ တောင်ကြီးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

စည်ပင်သာယာရေးကော်မတီ သတင်းနှင့်ပြန်ကြားရေး ရုံးခန်းဖွင့်လှစ်ရခြင်းမှာ အများပြည်သူများ အလွယ်တကူ သိရှိလေ့လာရန်နှင့် နေ့စဉ်စည်ပင်သာယာရေးကော်မတီမှ ငွေကောက်ခံမှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ အသုံးစရိတ် လျာထားချက်နှင့်သုံးငွေများကို ပြည်သူများသိရှိနိုင်ရန်နှင့် စည်ပင်သာယာရေးမှ အခွန်ကောက်ခံသတ်မှတ် နှုန်းထားများ သိရှိရန်၊ ပြည်သူများမှ စည်ပင်သာယာရေးလုပ်ငန်းများကို လွယ်လင့်တကူ သိရှိနိုင်ရန်နှင့် ဝင်ထွက်သွားလာနိုင်ရန် ယခုကဲ့သို့ သတင်းနှင့် ပြန်ကြားရေးရုံးခန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ တောင်ကြီး မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး တွဲဖက်ညွှန်ကြားရေးမှူး ဦးအေးကိုက ပြောသည်။

သတင်းနှင့်ပြန်ကြားရေးရုံးခန်းတွင် ဝန်ထမ်းများကို အရာရှိ(၁)ဦး၊ အရာထမ်းငယ်(၁)ဦးနှင့် ဆက်စပ်အခွန်ဌာနမှ အခွန်ဝန်ထမ်း (၂၅)ဦးတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပြည်နယ်ရုံးစိုက်ရာဖြစ်၍ ယခုကဲ့သို့ ဖွင့်လှစ်ထားရှိပြီး လုပ်ငန်းအောင်မြင်မှုရှိပါက ရှမ်းပြည်နယ်(အရှေ့ပိုင်း)(မြောက်ပိုင်း)တို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 32 guests and no members online