ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္တြင္ ပထမအႀကိမ္ ေရရွည္ဖြံ႕ၿဖိဳးေသာငါးေမြးျမဴထုတ္လုပ္ျခင္းဆိုင္ရာ လုပ္ငန္းစဥ္အတြက္ ဖိုရမ္တစ္ရပ္က်င္းပ

ေတာင္ႀကီး ဒီဇင္ဘာ - ၆

225

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနေအာက္ရွိ ငါးလုပ္ငန္းဦးစီးဌာနမွ ဦးေဆာင္ အေကာင္အထည္ေဖာ္လ်က္ရွိေသာ ျမန္မာ့ေရသတၱဝါေမြးျမဴေရးက႑ ေရရွည္ဖြံ႕ၿဖိဳးေရးစီမံကိန္း (MYSAP ) လုပ္ငန္းမ်ားအနက္မွ ရွမ္းျပည္နယ္တြင္ ပထမအႀကိမ္ ေရရွည္ဖြံ႕ၿဖိဳးေသာ ငါးေမြးျမဴထုတ္လုပ္ျခင္းဆိုင္ရာ လုပ္ငန္းစဥ္အတြက္ ဖိုရမ္တစ္ရပ္ကို ဒီဇင္ဘာ ၆ ရက္ နံနက္ ၈ နာရီခြဲက ေတာင္ႀကီးတကၠသိုလ္ ဘက္စုံခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ငါးလုပ္ငန္းဦးစီးဌာနႏွင့္ GIZ တို႔ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေသာ (MYSAP ) စီမံကိန္းအေနျဖင့္ အမ်ိဳးသားအဆင့္ေရသတၱဝါေမြးျမဴေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ အစီအစဥ္ (National Aquaculture Development Plan - NADP) ကို ျမန္မာ့လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕ (CESD)မွ ေရးဆြဲလ်က္ရွိရာ ရွမ္းျပည္နယ္အတြင္းရွိ ဆက္စပ္ဝန္ႀကီးဌာနမ်ား၊ တကၠသိုလ္မ်ား၊ ပညာရွင္မ်ား၊ ပုဂၢလိကက႑မွ အသင္းအဖြဲ႕မ်ား၊ ျပည္တြင္းျပည္ပဖြံ႕ၿဖိဳးေရး မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ငါးေမြးေတာင္သူ မ်ား၏ ေဆြးေႏြးအႀကံျပဳခ်က္မ်ား ရယူသြားမည္ျဖစ္ပါေၾကာင္း၊ ရွမ္းျပည္နယ္သည္ ေရသတၱဝါေမြးျမဴေရး လုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ရန္အထူးလိုအပ္ေသာ ေနရာတစ္ခုျဖစ္ပါေၾကာင္း၊ ယေန႔ဖိုရမ္တြင္ ေခါင္းစဥ္ (၄)ခု ျဖစ္ေသာ မူဝါဒႏွင့္အဖြဲ႕အစည္းမ်ားႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းကာကြယ္ျခင္း၊ ေရသတၱဝါေမြးျမဴေရးလုပ္ငန္း ပညာေပးေရးအားလုံးပါဝင္မႈႏွင့္ မၽွတေသာအလုပ္အကိုင္ အခြင့္အလမ္း၊ ေရသတၱဝါေမြးျမဴေရးလုပ္ငန္း အခြင့္အလမ္းႏွင့္ သြင္းအားစုႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္မႈမ်ား၊ ေရသတၱဝါေမြးျမဴေရးလုပ္ငန္း စားနပ္ရိကၡာ ဖူလုံေရးႏွင့္ အာဟာရေခါင္းစဥ္မ်ားျဖင့္ ေဆြးေႏြးသြားမည္ျဖစ္ၿပီး တက္ေရာက္လာသူမ်ားအေနျဖင့္ ရွမ္းျပည္နယ္ငါးေမြးျမဴထုတ္လုပ္မႈ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ စုေပါင္းေဆြးေႏြးၫွိႏႈိင္းၿပီး လိုအပ္ေသာအႀကဳံျပဳခ်က္မ်ား တင္ျပႏိုင္ေရး ေဆာင္႐ြက္ေပးႏိုင္ရန္ တိုက္တြန္းေျပာၾကားလိုေၾကာင္း ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္က ေျပာၾကားသြားသည္။

ဆက္လက္၍ ေတာင္ႀကီးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာ ေဒၚမူမူျမင့္၊ ရွမ္းျပည္နယ္ငါးလုပ္ငန္းဦးစီး ဌာနမွ ၫႊန္ၾကားေရးမႉး ဦးတင္ထြန္းလင္း၊ (MYSAP ) မွ အစီအစဥ္အႀကီးအကဲ မစၥတာ ပီတာဘူရီတို႔က ႀကိဳဆိုႏႈတ္ခြန္းဆက္စကား ေျပာၾကားၿပီး အမ်ိဳးသားအဆင့္ ေရသတၱဝါေမြးျမဴေရးက႑ဖြံ႕ၿဖိဳးေရး အစီအစဥ္ (NADP) ေဆာင္႐ြက္ေနမႈအေျခအေနအား ေဒါက္တာ ေဇာ္ဦးက ရွင္းလင္းသြားေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်တွင် ပထမအကြိမ် ရေရှည်ဖွံ့ဖြိုးသောငါးမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အတွက် ဖိုရမ်တစ်ရပ်ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင် အကောင်အထည်ဖော်လျက်ရှိသော မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးစီမံကိန်း (MYSAP ) လုပ်ငန်းများအနက်မှ ရှမ်းပြည်နယ်တွင် ပထမအကြိမ် ရေရှည်ဖွံ့ဖြိုးသော ငါးမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အတွက် ဖိုရမ်တစ်ရပ်ကို ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနနှင့် GIZ တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော (MYSAP ) စီမံကိန်းအနေဖြင့် အမျိုးသားအဆင့်ရေသတ္တဝါမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ် (National Aquaculture Development Plan - NADP) ကို မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD)မှ ရေးဆွဲလျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ ဆက်စပ်ဝန်ကြီးဌာနများ၊ တက္ကသိုလ်များ၊ ပညာရှင်များ၊ ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ငါးမွေးတောင်သူ များ၏ ဆွေးနွေးအကြံပြုချက်များ ရယူသွားမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် ရေသတ္တဝါမွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အထူးလိုအပ်သော နေရာတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ဖိုရမ်တွင် ခေါင်းစဉ် (၄)ခု ဖြစ်သော မူဝါဒနှင့်အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်း၊ ရေသတ္တဝါမွေးမြူရေးလုပ်ငန်း ပညာပေးရေးအားလုံးပါဝင်မှုနှင့် မျှတသောအလုပ်အကိုင် အခွင့်အလမ်း၊ ရေသတ္တဝါမွေးမြူရေးလုပ်ငန်း အခွင့်အလမ်းနှင့် သွင်းအားစုနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ ရေသတ္တဝါမွေးမြူရေးလုပ်ငန်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရခေါင်းစဉ်များဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး တက်ရောက်လာသူများအနေဖြင့် ရှမ်းပြည်နယ်ငါးမွေးမြူထုတ်လုပ်မှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စုပေါင်းဆွေးနွေးညှိနှိုင်းပြီး လိုအပ်သောအကြုံပြုချက်များ တင်ပြနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းပြောကြားလိုကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြောကြားသွားသည်။

ဆက်လက်၍ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်၊ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းလင်း၊ (MYSAP ) မှ အစီအစဉ်အကြီးအကဲ မစ္စတာ ပီတာဘူရီတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အမျိုးသားအဆင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး အစီအစဉ် (NADP) ဆောင်ရွက်နေမှုအခြေအနေအား ဒေါက်တာ ဇော်ဦးက ရှင်းလင်းသွားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 33 guests and no members online