ရှမ်းပြည်နယ်သတင်းများ

(၇၂)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားက်င္းပ

ေတာင္ႀကီး ေဖေဖာ္ဝါရီ - ၁၂

19

(၇၂)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားကို ေဖေဖာ္ဝါရီ ၁၂ ရက္ နံနက္(၈)နာရီက ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ အေဝရာ မီးပုံးပ်ံကြင္း၌ က်င္းပေၾကာင္း သိရသည္။

ပထမဦးစြာစစ္ေရးျပတပ္ခြဲက စစ္ေၾကာင္းျဖင့္ ခ်ီတက္ေနရာယူၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္အား အေလးျပဳကာ ႏိုင္ငံေတာ္အလံကို အေလးျပဳ၍ က်ဆုံးေလၿပီးေသာ အာဇာနည္ေခါင္းေဆာင္ႀကီး မ်ားအား အေလးျပဳၿပီး သစၥာ(၄)ခ်က္႐ြတ္ဆိုၾကသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္ သမၼတဦးဝင္းျမင့္ထံမွေပးပို႔ေသာ (၇၂)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ သဝဏ္လႊာကို ဖတ္ၾကားၿပီး  ရွမ္းျပည္နယ္အတြင္း ထူးခၽြန္စြာေဆာင္႐ြက္ခဲ့သူမ်ားအား ဂုဏ္ထူးေဆာင္လက္မွတ္ႏွင့္ ဂုဏ္ထူးေဆာင္ဆုပစၥည္းမ်ားေပးအပ္ရာ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးဆိုင္ရာထူးခၽြန္ဆု၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးဆိုင္ရာထူးခၽြန္ဆု၊ လူမႈထူးခၽြန္ဆု၊ သာသနာေရးထူးခၽြန္ဆု၊ ၂၀၁၈ ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အားကစားၿပိဳင္ပြဲတြင္ ေ႐ႊ၊ ေငြ၊ ေၾကးတံဆိပ္ရရွိသူမ်ား၊ ၂၀၁၈ ခုႏွစ္ ျမန္မာႏိုင္ငံ မသန္စြမ္းႏွင့္ ဉာဏ္ရည္မမွီသူမ်ား အားကစားၿပိဳင္ပြဲတြင္ ေ႐ႊ၊ ေငြ၊ ေၾကးတံဆိပ္ရရွိသူမ်ား၊ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာ ၿမိဳ႕ တြင္ က်င္းပေသာ (၄)ႀကိမ္ေျမာက္ အာဆီယံ ေအာ္တစ္စင္ဂိမ္း မီတာ (၁၀၀)အေျပးၿပိဳင္ပြဲ၊ ျမႇားတစ္ဦးခ်င္းႏွင့္ ႏွစ္ဦးတြဲၿပိဳင္ပြဲ ဆုရရွိသူမ်ား၊ (၁၉)ႀကိမ္ေျမာက္ Asian University Games (AUG) တြင္ ဆုရရွိသူမ်ား၊ မေလးရွားႏိုင္ငံ(၁၀)ႀကိမ္ေျမာက္ အာဆီယံေက်ာင္းသားမ်ား ေျပးခုန္ပစ္ၿပိဳင္ပြဲ၊ မီတာ(၅၀၀၀)လမ္းေလၽွာက္ၿပိဳင္ပြဲဆုရရွိသူမ်ားအား ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ျပည္နယ္လူမႈေရးဝန္ႀကီးတို႔က အသီးသီးဆုမ်ားခ်ီးျမႇင့္ေပးၾကၿပီးေနာက္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ႏွင့္ တာဝန္ရွိသူတို႔သည္ ကြင္းအတြင္းခင္းက်င္းျပသထားေသာ ဌာနဆိုင္ရာအသီးသီး၏ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ အားေပးၾကေၾကာင္းသိရွိရသည္။

အဆိုပါ(၇၂)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္ႏွင့္ ဇနီး၊ ျပည္နယ္လႊတ္ေတာ္ ဥကၠဌ၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္၊ အဆင့္ဌာနဆိုင္ရာမ်ား၊ တိုင္းရင္းသားၿငိမ္းခ်မ္းေရးအဖြဲ႕အစည္းမ်ား၊ တိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕မ်ား၊ စစ္ေရးျပတပ္ဖြဲ႕မ်ားႏွင့္ ဂုဏ္ျပဳဘင္ခရာတပ္ဖြဲ႕၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ေဒသခံတိုင္းရင္းသား ျပည္သူမ်ား၊ ဖိတ္ၾကားထား သူမ်ား စုစုေပါင္းအင္အား (၂၅၀၀)ေက်ာ္တက္ေရာက္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

++++++++++Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၁၂

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာစစ်ရေးပြတပ်ခွဲက စစ်ကြောင်းဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အလေးပြုကာ နိုင်ငံတော်အလံကို အလေးပြု၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုပြီး သစ္စာ(၄)ချက်ရွတ်ဆိုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံမှပေးပို့သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး  ရှမ်းပြည်နယ်အတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများပေးအပ်ရာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာထူးချွန်ဆု၊ လူမှုထူးချွန်ဆု၊ သာသနာရေးထူးချွန်ဆု၊ ၂၀၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ရရှိသူများ၊ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ မသန်စွမ်းနှင့် ဉာဏ်ရည်မမှီသူများ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ရရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့ တွင် ကျင်းပသော (၄)ကြိမ်မြောက် အာဆီယံ အော်တစ်စင်ဂိမ်း မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ မြှားတစ်ဦးချင်းနှင့် နှစ်ဦးတွဲပြိုင်ပွဲ ဆုရရှိသူများ၊ (၁၉)ကြိမ်မြောက် Asian University Games (AUG) တွင် ဆုရရှိသူများ၊ မလေးရှားနိုင်ငံ(၁၀)ကြိမ်မြောက် အာဆီယံကျောင်းသားများ ပြေးခုန်ပစ်ပြိုင်ပွဲ၊ မီတာ(၅၀၀၀)လမ်းလျှောက်ပြိုင်ပွဲဆုရရှိသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီးတို့က အသီးသီးဆုများချီးမြှင့်ပေးကြပြီးနောက် ပြည်နယ် ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့သည် ကွင်းအတွင်းခင်းကျင်းပြသထားသော ဌာနဆိုင်ရာအသီးသီး၏ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

အဆိုပါ(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုဘင်ခရာတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဖိတ်ကြားထား သူများ စုစုပေါင်းအင်အား (၂၅၀၀)ကျော်တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 62 guests and no members online