ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွႀကီးမႉးက်င္းပေသာအထူးဓမၼသဘင္ပြဲက်င္းပ

ေတာင္ႀကီး        မတ္-၂၂

55

  ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွႀကီးမႉးက်င္းပေသာ  ျမတ္ဗုဒၶသာသနာ(၂၆၀၇)ႏွစ္ ေတာင္ႀကီးအထူးဓမၼသဘင္ ပြဲကို မတ္(၂၂)ရက္ည(၇)နာရီကေတာင္ႀကီးၿမိဳ႕စူဠာမုနိဘုရားရင္ျပင္ေတာ္၌က်င္းပေၾကာင္းသိရသည္။

သီတဂူဆရာေတာ္ ေဒါက္တာဘဒၵႏၲ ဉာဏိႆရထံ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က လႉဖြယ္ပစၥည္းမ်ားဆက္ကပ္ၿပီး၊ ဓမၼပူဇာသဘင္အတြက္ အလႉေငြမ်ားေပးအပ္လႉဒါန္းၾကရာ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွအလႉေငြက်ပ္သိန္း(၇၀)ကို ျပည္နယ္ဥပေဒခ်ဳပ္မွ ေပးအပ္လႉဒါန္း၍လည္းေကာင္း၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးဗိုလ္ခ်ဳပ္လင္းေအာင္မွ အလႉေငြက်ပ္(၁၂)သိန္း(၅)ေသာင္း ေပးအပ္လႉဒါန္း၍လည္းေကာင္း၊ အလႉရွင္မ်ားမွအလႉ ေငြမ်ားကို ကပၸိယထံအသီးသီးေပးအပ္လႉဒါန္းၾကေၾကာင္းသိရသည္။

ဆက္လက္၍သီတဂူဆရာေတာ္ေဒါက္တာဘဒၵႏၲဉာဏိႆရက ေကာ္သခၤသုသန္တရားေရးေအး တိုက္ေကၽြးေဟာၾကား ေတာ္မူၿပီး၊ တရားပြဲတြင္ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္အလႉရွင္မ်ားမွလႉ ဒါန္းေငြက်ပ္(၄၄၇)သိန္း (၅)ေသာင္းကနဦးလႉဒါန္းၾကၿပီး၊ တရားနာဧည့္ပရိသတ္(၁)ေသာင္းေက်ာ္ခန္႔တရားနာယူၾကေၾကာင္းသိရွိရသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး၊ ျပည္နယ္ လႊတ္ေတာ္ဥကၠ႒၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ တာဝန္ရွိသူမ်ား၊ ရပ္ေဝးရပ္နီးမွ တရားနာဧည့္ပရိတ္သတ္မ်ား၊ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

++++++++++++++++++++Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသောအထူးဓမ္မသဘင်ပွဲကျင်းပ

တောင်ကြီး        မတ်-၂၂

  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော  မြတ်ဗုဒ္ဓသာသနာ(၂၆၀၇)နှစ် တောင်ကြီးအထူးဓမ္မသဘင် ပွဲကို မတ်(၂၂)ရက်ည(၇)နာရီကတောင်ကြီးမြို့စူဠာမုနိဘုရားရင်ပြင်တော်၌ကျင်းပကြောင်းသိရသည်။

သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရထံ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က လှူဖွယ်ပစ္စည်းများဆက်ကပ်ပြီး၊ ဓမ္မပူဇာသဘင်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှအလှူငွေကျပ်သိန်း(၇၀)ကို ပြည်နယ်ဥပဒေချုပ်မှ ပေးအပ်လှူဒါန်း၍လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်မှ အလှူငွေကျပ်(၁၂)သိန်း(၅)သောင်း ပေးအပ်လှူဒါန်း၍လည်းကောင်း၊ အလှူရှင်များမှအလှူ ငွေများကို ကပ္ပိယထံအသီးသီးပေးအပ်လှူဒါန်းကြကြောင်းသိရသည်။

ဆက်လက်၍သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရက ကော်သင်္ခသုသန်တရားရေးအေး တိုက်ကျွေးဟောကြား တော်မူပြီး၊ တရားပွဲတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်အလှူရှင်များမှလှူ ဒါန်းငွေကျပ်(၄၄၇)သိန်း (၅)သောင်းကနဦးလှူဒါန်းကြပြီး၊ တရားနာဧည့်ပရိသတ်(၁)သောင်းကျော်ခန့်တရားနာယူကြကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ရပ်ဝေးရပ်နီးမှ တရားနာဧည့်ပရိတ်သတ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 61 guests and no members online

Latest Updates