ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ဟိုမိန္းၿမိဳ႕ျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ဟိုမိန္း   ေမ  −  ၁၂

95

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ သက္ဆိုင္ရာျပည္နယ္အဆင့္ တာဝန္ရွိသူမ်ားႏွင့္အတူ ေမလ(၁၂)ရက္ေန႔ ညေနပိုင္းက ရွမ္းျပည္နယ္(ေတာင္ပိုင္း) လင္းေခးခ႐ိုင္ ဟိုမိန္းၿမိဳ႕ လၽွပ္စစ္မီးရရွိေရးအတြက္ ေရအားလၽွပ္စစ္တည္ေဆာက္မည့္ ေနာင္လုံကန္သို႔သြားေရာက္ၾကည့္႐ႈၿပီး၊ မီးသတ္ဦးစီးစခန္း၌ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံေၾကာင္းသိရသည္။

ဆက္လက္၍  ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ယခုလို ဟိုမိန္းၿမိဳ႕သို႔လာေရာက္ ရျခင္းသည္ ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္မ်ားႏွင့္ ျပည္သူမ်ားရင္ဖြင့္စကားသံမ်ား သိရွိႏိုင္ရန္လာေရာက္ျခင္းျဖစ္ေၾကာင္း ေျပာၾကားၿပီး ဝန္ႀကီးမ်ားႏွင့္ေဒသခံျပည္သူမ်ားကို မိတ္ဆက္ေပးသည္။

ထို႔ေနာက္ ဟိုမိန္းၿမိဳ႕ေဒသခံျပည္သူမ်ားမွ ေက်ာင္းအုပ္ႏွင့္ဆရာဆရာမမ်ား ၿမိဳ႕ထဲရွိအိမ္မ်ားတြင္ျဖစ္သလို ေနထိုင္ေနရၿပီး SSS ဦးမဟာဂ်ာမွ ေျမဧကမ်ားေပးထားေသာ္လည္း အေဆာက္အဦမေဆာက္ႏိုင္ပါသျဖင့္ ဆရာ ဆရာမမ်ား ေနထိုင္ႏိုင္ရန္အတြက္ အေဆာက္အဦတစ္လုံးခြင့္ျပဳေပးႏိုင္ပါရန္ႏွင့္ ဟိုမိန္းၿမိဳ႕တြင္ အားကစားကြင္း၊ ပြဲၾကည့္စင္၊ ႏိုင္ငံသားစိစစ္ေရးကဒ္မ်ား၊ လမ္းပန္းဆက္သြယ္ေရးအတြက္ ကတၱရာအထပ္ပိုးလႊာမ်ား ေဆာင္႐ြက္ေပးႏိုင္ရန္ အသီးသီး တင္ျပၾကသည္။

၎ေနာက္ ေဒသခံျပည္သူမ်ား၏လိုအပ္ခ်က္မ်ား တင္ျပေဆြးေႏြးမႈကို ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားက ျပန္လည္ေျဖရွင္းျဖည့္ဆည္းေျပာၾကားၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွေဒသခံ ျပည္သူမ်ားအား ျပဳလုပ္ေဆာင္႐ြက္ၿပီးေသာ ႏိုင္ငံေရးစိစစ္ကဒ္ျပားမ်ားအားေပးအပ္၍ ဝန္ထမ္းမ်ားအတြက္ အစားအေသာက္ မ်ားကို ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္းမွ ေပးအပ္ရာ တာဝန္ရွိသူတစ္ဦးမွ လက္ခံရယူေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

        09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဟိုမိန်းမြို့ပြည်သူများနှင့်တွေ့ဆုံ

ဟိုမိန်း   မေ  −  ၁၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ မေလ(၁၂)ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ လျှပ်စစ်မီးရရှိရေးအတွက် ရေအားလျှပ်စစ်တည်ဆောက်မည့် နောင်လုံကန်သို့သွားရောက်ကြည့်ရှုပြီး၊ မီးသတ်ဦးစီးစခန်း၌ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြောင်းသိရသည်။

ဆက်လက်၍  ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုလို ဟိုမိန်းမြို့သို့လာရောက် ရခြင်းသည် ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် ပြည်သူများရင်ဖွင့်စကားသံများ သိရှိနိုင်ရန်လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ဝန်ကြီးများနှင့်ဒေသခံပြည်သူများကို မိတ်ဆက်ပေးသည်။

ထို့နောက် ဟိုမိန်းမြို့ဒေသခံပြည်သူများမှ ကျောင်းအုပ်နှင့်ဆရာဆရာမများ မြို့ထဲရှိအိမ်များတွင်ဖြစ်သလို နေထိုင်နေရပြီး SSS ဦးမဟာဂျာမှ မြေဧကများပေးထားသော်လည်း အဆောက်အဦမဆောက်နိုင်ပါသဖြင့် ဆရာ ဆရာမများ နေထိုင်နိုင်ရန်အတွက် အဆောက်အဦတစ်လုံးခွင့်ပြုပေးနိုင်ပါရန်နှင့် ဟိုမိန်းမြို့တွင် အားကစားကွင်း၊ ပွဲကြည့်စင်၊ နိုင်ငံသားစိစစ်ရေးကဒ်များ၊ လမ်းပန်းဆက်သွယ်ရေးအတွက် ကတ္တရာအထပ်ပိုးလွှာများ ဆောင်ရွက်ပေးနိုင်ရန် အသီးသီး တင်ပြကြသည်။

၎င်းနောက် ဒေသခံပြည်သူများ၏လိုအပ်ချက်များ တင်ပြဆွေးနွေးမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ဖြေရှင်းဖြည့်ဆည်းပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှဒေသခံ ပြည်သူများအား ပြုလုပ်ဆောင်ရွက်ပြီးသော နိုင်ငံရေးစိစစ်ကဒ်ပြားများအားပေးအပ်၍ ဝန်ထမ်းများအတွက် အစားအသောက် များကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

        09-250132943

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 68 guests and no members online