ရှမ်းပြည်နယ်သတင်းများ

ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ အသက္(၂၅)ႏွစ္ေအာက္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ဇြန္   −   ၁၀

129

၂၀၁၉ခုႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္အသက္(၂၅)ႏွစ္ေအာက္ ပိုက္ေက်ာ္ ျခင္းၿပိဳင္ပြဲဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲကို ဇြန္လ(၉)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕သစ္ေတာရပ္ကြက္ရွိ ျပည္နယ္ ေလ့က်င့္ေရးအားကစား႐ုံ၌ က်င္းပခဲ့ေၾကာင္းသိရသည္။ 

ဗိုလ္လုပြဲသို႔ ေတာင္ႀကီးၿမိဳ႕နယ္အသင္းႏွင့္ လား႐ႈိးၿမိဳ႕နယ္အသင္းတို႔ယွဥ္ၿပိဳင္ေနမႈကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္း၊ ဒုတိယၫြန္ၾကားေရးမႉးႏွင့္ လက္ေထာက္ၫြန္ၾကားေရးမႉးမ်ား၊ ဝန္ထမ္းမ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္ေပါင္းစုံမွ ၿပိဳင္ပြဲဝင္အသင္းအုပ္ခ်ဳပ္သူမ်ားႏွင့္ အားကစားသမားမ်ား၊ အားကစားဝါသနာရွင္မ်ားမွ ၾကည့္႐ႈအားေပးၾကရာ ေတာင္ႀကီးၿမိဳ႕နယ္အသင္းကႏွစ္ပြဲျပတ္ျဖင့္ အႏိုင္ရရွိသြားသည္။ ဆက္လက္၍ ဆုခ်ီးျမႇင့္ပြဲက်င္းပရာ ပထမဆုရရွိေသာေတာင္ႀကီးၿမိဳ႕နယ္အသင္းအားဆုတံဆိပ္၊ ေငြသားက်ပ္(၅)သိန္း၊ ပထမတစ္ခြန္စိုက္ဆုဖလား၊ ဒုတိယဆုရရွိေသာ လား႐ႈိးၿမိဳ႕နယ္အသင္းအားဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၃)သိန္း၊ ပူးတြဲတတိယ ဆုရရွိေသာ သိႏၷီၿမိဳ႕နယ္အသင္းႏွင့္ ကေလာၿမိဳ႕နယ္အသင္းတို႔အား ဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၁)သိန္း(၅)ေသာင္းစီႏွင့္ ပြဲစဥ္ တစ္ေလၽွာက္လုံး အေကာင္းဆုံးဆုရရွိေသာ ေတာင္ႀကီးၿမိဳ႕နယ္အသင္းမွ ေက်ာနံပါတ္(၅)ေမာင္မ်ိဳးေဇာ္ခိုင္အား ဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၅)ေသာင္းတို႔ကို ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းႏွင့္ တာဝန္ရွိသူမ်ားက အသီးသီးခ်ီးျမႇင့္ေပးအပ္ ၾကသည္။

ၿပိဳင္ပြဲတြင္ဆုရရွိသူမ်ားႏွင့္ အေကာင္းဆုံးအားကစားသမားမ်ားအား ေ႐ြးခ်ယ္၍ ေနျပည္ေတာ္တြင္ ဇြန္လ(၂၅)ရက္ေန႔ မွဇူလိုင္(၅)ရက္ေန႔ထိ က်င္းပျပဳလုပ္မည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္ကိုယ္စားျပဳ လက္ေ႐ြးစင္အသင္းအေနျဖင့္ သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း သိရွိရသည္။  

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ရွမ္းျပည္နယ္အားကစား ႏွင့္ကာယပညာဦးစီးဌာန ၫြန္ၾကားေရးမႉးဦးေက်ာ္ေက်ာ္သိန္းႏွင့္ အဖြဲ႕ဝင္မ်ားသည္ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ အတြင္းရွိ ဘတ္စကက္ေဘာၿပိဳင္ပြဲကြင္းပါေကးျပားခင္းခ်င္းလုပ္ငန္းေဆာင္႐ြက္ေနမႈႏွင့္ ျပည္နယ္ေဘာလုံးအားကစား ကြင္းႀကီးျပဳျပင္ၿပီးစီးမႈအေျခအေနမ်ား လိုက္လံၾကည့္႐ႈကာ လိုအပ္သည္မ်ားမွာၾကားခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇွန်   −   ၁၀

၂၀၁၉ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၂၅)နှစ်အောက် ပိုက်ကျော် ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန်လ(၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ ပြည်နယ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။ 

ဗိုလ်လုပွဲသို့ တောင်ကြီးမြို့နယ်အသင်းနှင့် လားရှိုးမြို့နယ်အသင်းတို့ယှဉ်ပြိုင်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွန်ကြားရေးမှူးနှင့် လက်ထောက်ညွန်ကြားရေးမှူးများ၊ ဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များမှ ကြည့်ရှုအားပေးကြရာ တောင်ကြီးမြို့နယ်အသင်းကနှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆုရရှိသောတောင်ကြီးမြို့နယ်အသင်းအားဆုတံဆိပ်၊ ငွေသားကျပ်(၅)သိန်း၊ ပထမတစ်ခွန်စိုက်ဆုဖလား၊ ဒုတိယဆုရရှိသော လားရှိုးမြို့နယ်အသင်းအားဆုတံဆိပ်နှင့် ငွေသားကျပ်(၃)သိန်း၊ ပူးတွဲတတိယ ဆုရရှိသော သိန္နီမြို့နယ်အသင်းနှင့် ကလောမြို့နယ်အသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)သိန်း(၅)သောင်းစီနှင့် ပွဲစဉ် တစ်လျှောက်လုံး အကောင်းဆုံးဆုရရှိသော တောင်ကြီးမြို့နယ်အသင်းမှ ကျောနံပါတ်(၅)မောင်မျိုးဇော်ခိုင်အား ဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သောင်းတို့ကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ် ကြသည်။

ပြိုင်ပွဲတွင်ဆုရရှိသူများနှင့် အကောင်းဆုံးအားကစားသမားများအား ရွေးချယ်၍ နေပြည်တော်တွင် ဇွန်လ(၂၅)ရက်နေ့ မှဇူလိုင်(၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြု လက်ရွေးစင်အသင်းအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။  

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးဦးကျော်ကျော်သိန်းနှင့် အဖွဲ့ဝင်များသည် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ အတွင်းရှိ ဘတ်စကက်ဘောပြိုင်ပွဲကွင်းပါကေးပြားခင်းချင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်နယ်ဘောလုံးအားကစား ကွင်းကြီးပြုပြင်ပြီးစီးမှုအခြေအနေများ လိုက်လံကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 60 guests and no members online

Latest Updates