ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး ဇွန်   −   ၁၉

135





09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++

ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ သတင်းရေးသားထုတ်ပြန်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့လာရောက်ကြည့်ရှု

တောင်ကြီး ဇွန်   −   ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနခန်းမ၌ ကျင်းပလျက်ရှိသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်အတွင်းရှိ သတင်းရေးသား ထုတ်ပြန်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ ဇွန်(၁၉)ရက် နံနက်(၉)နာရီခွဲက ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က လာရောက်ကြည့်ရှုကြောင်းသိရသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်မှ သင်တန်းသားသင်တန်းသူ (၃၆)ဦးမှ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်နှင့် တစ်ဦးချင်းမိတ်ဆက်ကြပြီး၊ ဗမာတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးက သင်တန်းသားသင်တန်းသူများအား သတင်းရေးသားထုတ်ပြန်ခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ကြိုးစားသင်ယူအားထုတ်ကြရန်၊ သတင်းသည်ပြည်သူအတွက် အရေးကြီးသောအချက်အလက်ဖြစ်၍ အချိန်နှင့်တစ်ပြေးညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် သင်တန်းသားသင်တန်းသူ များလက်တွေ့ကွင်းဆင်းရာ၌လိုအပ်သည်များကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းပြောကြားသွားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တတိယနေ့၌ သတင်းရေးသားခြင်း၊ သတင်းဆောင်းပါးရေးသားခြင်းဘာသာရပ် များကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ မြန်မာ့အလင်းအယ်ဒီတာချုပ်ဦးအောင်နိုင်ဦးက သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 48 guests and no members online

Latest Updates