ရှမ်းပြည်နယ်သတင်းများ

ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ ေက်ာင္းအေျချပဳ မီနီမာရသြန္ၿပိဳင္ပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္   −   ၂၆

203

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနႏွင့္ Pocari Sweat တို႔ပူးေပါင္းက်င္းပသည့္ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္ တစ္ခြင္ ေက်ာင္းအေျချပဳ Pocari Sweat မီနီမာရသြန္ ေတာင္ႀကီး အႀကီးတန္း၊အငယ္တန္း၊ အလြတ္တန္း မီနီမာရသြန္ၿပိဳင္ပြဲ ကို ၾသဂုတ္(၂၄)ရက္ နံနက္(၆)နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံေရွ႕၌က်င္းပသည္။

ဆက္လက္၍ ၿပိဳင္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာ ေကာ္မတီဥကၠ႒ ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္ သယံဇာတႏွင့္ သဘာဝထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္းႏွင့္ Pocari Sweat မွ တာဝန္ရွိသူတစ္ဦးတို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကၿပီး၊ ေသနတ္ပစ္ေဖာက္၍ တာလႊတ္ေပးၾကသည္။

အဆိုပါၿပိဳင္ပြဲတြင္ (၅)ကီလိုတန္း (မူလတန္း၊ အလယ္တန္းအဆင့္)ေက်ာင္းသားေက်ာင္းသူ (၇၅၀)ဦးတို႔က ျပည္နယ္ ေလ့က်င့္ေရးအားကစား႐ုံေရွ႕မွ ဗိုလ္ခ်ဳပ္လမ္းမႀကီးအတိုင္း စူဠာမုနိဘုရားတစ္ပတ္ပတ္၍ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ ေရွ႕သို႔ပန္းဝင္၍လည္းေကာင္း၊ (၁၀)ကီလိုမီတာတန္း (အလယ္တန္း၊ အထက္တန္း) ေက်ာင္းသားေက်ာင္းသူ (၇၄၀)ေက်ာ္ တို႔က ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံေရွ႕မွ ဗိုလ္ခ်ဳပ္လမ္းမႀကီးအတိုင္း စူဠာမုနိဘုရားေရွ႕မွတစ္ဆင့္ အေရွ႕ၿမိဳ႕ပတ္လမ္း အတိုင္းမဂၤလာဦးရပ္ကြက္ရွိ ျမင္းစီး႐ုပ္မွ ဗိုလ္ခ်ဳပ္လမ္းမႀကီးအတိုင္း ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံေရွ႕သို႔ ပန္းဝင္၍ လည္းေကာင္း၊ (၂၀)ကီလိုမီတာတန္းတကၠသိုလ္မ်ား၊ အားကာသိပၸံႏွင့္ အားကစားသမားအမ်ိဳးသား၊ အမ်ိဳးသမီး(၃၀၀)ေက်ာ္ တို႔က ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံေရွ႕မွ ဗိုလ္ခ်ဳပ္လမ္းမႀကီးအတိုင္း ေ႐ႊဘုန္းပြင့္၊ ျမစိမ္းေတာင္လမ္းမွတစ္ဆင့္ ေရထြက္ဦးလမ္းအတိုင္း အဆုတ္ေဆး႐ုံေရွ႕မီးပြိဳင့္မွတစ္ဆင့္ အေရွ႕ၿမိဳ႕ပတ္လမ္းအတိုင္း စဝ္စံထြန္းရပ္ကြက္ အထက(၇)ေရွ႕မွ တစ္ပတ္ပတ္၍ ဗိုလ္ခ်ဳပ္လမ္းမႀကီးအတိုင္း ျပည္နယ္ေလ့က်င့္ေရး အားကစား႐ုံေရွ႕သို႔ ပန္းဝင္၍လည္းေကာင္း အသီးသီး ယွဥ္ၿပိဳင္ၾကသည္။

ထို႔ေနာက္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းကအဖြင့္အမွာစကားေျပာၾကားၿပီး ဆုခ်ီးျမႇင့္ပြဲက်င္းပရာ အႀကီးတန္း၊ သက္ငယ္တန္း၊ အလြတ္တန္း၊ မီနီမာရသြန္ၿပိဳင္ပြဲတြင္ ဆုရရွိေသာ အမ်ိဳးသား၊ အမ်ိဳးသမီး ပထမဆုမွ ဒႆမဆု အထိႏွင့္ ႏွစ္သိမ့္ဆု(၁၁)မွ(၂၀)ထိ ဆုရရွိသူမ်ားကို ျပည္နယ္လူမႈေရးဝန္ႀကီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ Pocari Sweat ကုမၸဏီမွ တာဝန္ရွိသူတို႔က ဆုတံဆိပ္ႏွင့္ ေငြသားဆုမ်ား အသီးသီးခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကျင်းပ

တောင်ကြီး သြဂုတ်   −   ၂၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Pocari Sweat တို့ပူးပေါင်းကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည် တစ်ခွင် ကျောင်းအခြေပြု Pocari Sweat မီနီမာရသွန် တောင်ကြီး အကြီးတန်း၊အငယ်တန်း၊ အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲ ကို သြဂုတ်(၂၄)ရက် နံနက်(၆)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့၌ကျင်းပသည်။

ဆက်လက်၍ ပြိုင်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် သယံဇာတနှင့် သဘာဝထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် Pocari Sweat မှ တာဝန်ရှိသူတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးကြသည်။

အဆိုပါပြိုင်ပွဲတွင် (၅)ကီလိုတန်း (မူလတန်း၊ အလယ်တန်းအဆင့်)ကျောင်းသားကျောင်းသူ (၇၅၀)ဦးတို့က ပြည်နယ် လေ့ကျင့်ရေးအားကစားရုံရှေ့မှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း စူဠာမုနိဘုရားတစ်ပတ်ပတ်၍ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ ရှေ့သို့ပန်းဝင်၍လည်းကောင်း၊ (၁၀)ကီလိုမီတာတန်း (အလယ်တန်း၊ အထက်တန်း) ကျောင်းသားကျောင်းသူ (၇၄၀)ကျော် တို့က ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့မှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း စူဠာမုနိဘုရားရှေ့မှတစ်ဆင့် အရှေ့မြို့ပတ်လမ်း အတိုင်းမင်္ဂလာဦးရပ်ကွက်ရှိ မြင်းစီးရုပ်မှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့သို့ ပန်းဝင်၍ လည်းကောင်း၊ (၂၀)ကီလိုမီတာတန်းတက္ကသိုလ်များ၊ အားကာသိပ္ပံနှင့် အားကစားသမားအမျိုးသား၊ အမျိုးသမီး(၃၀၀)ကျော် တို့က ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့မှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ရွှေဘုန်းပွင့်၊ မြစိမ်းတောင်လမ်းမှတစ်ဆင့် ရေထွက်ဦးလမ်းအတိုင်း အဆုတ်ဆေးရုံရှေ့မီးပွိုင့်မှတစ်ဆင့် အရှေ့မြို့ပတ်လမ်းအတိုင်း စဝ်စံထွန်းရပ်ကွက် အထက(၇)ရှေ့မှ တစ်ပတ်ပတ်၍ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ပြည်နယ်လေ့ကျင့်ရေး အားကစားရုံရှေ့သို့ ပန်းဝင်၍လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကြသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကအဖွင့်အမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကျင်းပရာ အကြီးတန်း၊ သက်ငယ်တန်း၊ အလွတ်တန်း၊ မီနီမာရသွန်ပြိုင်ပွဲတွင် ဆုရရှိသော အမျိုးသား၊ အမျိုးသမီး ပထမဆုမှ ဒဿမဆု အထိနှင့် နှစ်သိမ့်ဆု(၁၁)မှ(၂၀)ထိ ဆုရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် Pocari Sweat ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 76 guests and no members online