မသန္စြမ္းသူမ်ား၏ အခြင့္အေရးမ်ားဆိုင္ရာ ျပည္နယ္ေကာ္မတီလုပ္ငန္း ၫွိႏႈိင္းအစည္းအေဝးက်င္းပ

ေတာင္ႀကီး ၾသဂုတ္   −   ၂၈

207

တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူမႈကာကြယ္ေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားကို စနစ္တက်စီမံလ်က္ အဆင့္အလိုက္ ေဆာင္႐ြက္လ်က္ရွိရာ မသန္စြမ္းသူမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ မသန္စြမ္းသူအခြင့္အေရးမ်ား တိုးတက္ခံစားရရွိေရးအတြက္ အစဥ္တစ္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိရာ ရွမ္းျပည္နယ္ မသန္စြမ္းသူမ်ား အခြင့္အေရးဆိုင္ရာ ျပည္နယ္ေကာ္မတီလုပ္ငန္း ၫွိႏႈိင္းအစည္းအေဝးကို ၾသဂုတ္(၂၈)ရက္ မြန္းလြဲ(၂)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပသည္။

မသန္စြမ္းသူမ်ား၏ အခြင့္အေရးမ်ားဆိုင္ရာ ျပည္နယ္ေကာ္မတီဥကၠ႒ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားတြင္ မသန္စြမ္းသူမ်ား၏ အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီမ်ားကို သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္မ်ားက ဥကၠ႒အျဖစ္တာဝန္ယူလ်က္ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ တြင္ဖြဲ႕စည္းခဲ့ၿပီျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္ မသန္စြမ္းသူမ်ား အခြင့္အေရးဆိုင္ရာ ေကာ္မတီအဖြဲ႕ဝင္(၁၉)ဦးျဖင့္ ဖြဲ႕စည္းခဲ့ၿပီး ျဖစ္ပါေၾကာင္း၊ တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ မသန္စြမ္းသူမ်ား အသင္းမ်ားအားဖြဲ႕စည္းခဲ့ရာ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၉)ရက္ ေန႔တြင္ ရွမ္းျပည္နယ္ မသန္စြမ္းသူမ်ားအသင္းအား မဲစနစ္ျဖင့္ေ႐ြးခ်ယ္ကာ အဖြဲ႕ဝင္(၁၈)ဦးျဖင့္ ဖြဲ႕စည္းခဲ့ၿပီးျဖစ္ေၾကာင္း၊ ေကာ္မတီမွတစ္ဆင့္ လူတိုင္းအက်ဳံးဝင္ဖြံ႕ၿဖိဳးတိုးတက္မႈ မသန္စြမ္းသူမ်ား၏ ပညာေရး၊ က်န္းမာေရး၊ အလုပ္အကိုင္၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးစသည့္ အခြင့္အေရးမ်ားကို ျပည့္မီလာေစရန္ ေဆာင္႐ြက္ေပးႏိုင္မွာျဖစ္ၿပီး၊ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးမႈပန္းတိုင္ မ်ားဆိုင္ရာ ၂၀၃၀အစီအစဥ္၏ ကတိျပဳထားရွိသည့္ မည္သူမွေနာက္က် မက်န္ရစ္ေစေရးမူႏွင့္အညီ တိုင္းရင္းသားလူမ်ိဳး မသန္စြမ္းသူမ်ား၊ လူနည္းစုမသန္စြမ္းသူမ်ားအတြက္ပါ ထည့္သြင္းစဥ္းစား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ မသန္စြမ္းသူမ်ား ၏ဘဝအရည္အေသြးပိုမိုဖြံ႕ၿဖိဳးရန္၊ တန္းတူညီမၽွအခြင့္အေရးရရွိရန္၊ အျပည့္အဝပါဝင္ေဆာင္႐ြက္ခြင့္ရရွိရန္၊ မသန္စြမ္းသူမ်ား၏ ႏွစ္စဥ္ဘဝတြင္လည္းေကာင္း၊ ရပ္႐ြာအတြင္းတြင္လည္းေကာင္း၊ လူမႈေရးဝန္ေဆာင္မႈတို႔ကို လက္လွမ္းမီရရွိႏိုင္ရန္၊ ၎တို႔ ရင္ဆိုင္ေနရေသာ အတားအဆီးႏွင့္ အခက္အခဲမ်ားကို ဖယ္ရွားေပးရန္၊ လုပ္ေဆာင္ေနေသာ ႏိုင္ငံေတာ္အဆင့္ ႀကိဳးပမ္း ေဆာင္႐ြက္မႈမ်ားကို ဝိုင္းဝန္းအေထာက္အကူျပဳေပးၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ မသန္စြမ္းသူမ်ား အခြင့္အေရးဆိုင္ရာ ျပည္နယ္ေကာ္မတီဒုတိယဥကၠ႒ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးေဒါက္တာေအာင္သန္းေမာင္မွ မသန္စြမ္းသူမ်ား၏ အခြင့္အေရးဆိုင္ရာ လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပၿပီး၊ တက္ေရာက္လာသူမ်ားမွ မိတ္ဆက္၍ အေထြေထြေဆြးေႏြးၾကကာ မသန္စြမ္းသူမ်ား၏ အခြင့္အေရးမ်ားဆိုင္ရာ ျပည္နယ္ ေကာ္မတီဥကၠ႒ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ နိဂုံးခ်ဳပ္စကား ေျပာၾကားခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ပြည်နယ်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး သြဂုတ်   −   ၂၈

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို စနစ်တကျစီမံလျက် အဆင့်အလိုက် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မသန်စွမ်းသူအခွင့်အရေးများ တိုးတက်ခံစားရရှိရေးအတွက် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ပြည်နယ်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၂၈)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ပြည်နယ်ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက ဥက္ကဋ္ဌအဖြစ်တာဝန်ယူလျက် ၂၀၁၈ခုနှစ် စက်တင်ဘာလ တွင်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်(၁၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မသန်စွမ်းသူများ အသင်းများအားဖွဲ့စည်းခဲ့ရာ ၂၀၁၉ခုနှစ် သြဂုတ်လ(၉)ရက် နေ့တွင် ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်းအား မဲစနစ်ဖြင့်ရွေးချယ်ကာ အဖွဲ့ဝင်(၁၈)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီမှတစ်ဆင့် လူတိုင်းအကျုံးဝင်ဖွံ့ဖြိုးတိုးတက်မှု မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အခွင့်အရေးများကို ပြည့်မီလာစေရန် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် များဆိုင်ရာ ၂၀၃၀အစီအစဉ်၏ ကတိပြုထားရှိသည့် မည်သူမှနောက်ကျ မကျန်ရစ်စေရေးမူနှင့်အညီ တိုင်းရင်းသားလူမျိုး မသန်စွမ်းသူများ၊ လူနည်းစုမသန်စွမ်းသူများအတွက်ပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ ၏ဘဝအရည်အသွေးပိုမိုဖွံ့ဖြိုးရန်၊ တန်းတူညီမျှအခွင့်အရေးရရှိရန်၊ အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်ရရှိရန်၊ မသန်စွမ်းသူများ၏ နှစ်စဉ်ဘဝတွင်လည်းကောင်း၊ ရပ်ရွာအတွင်းတွင်လည်းကောင်း၊ လူမှုရေးဝန်ဆောင်မှုတို့ကို လက်လှမ်းမီရရှိနိုင်ရန်၊ ၎င်းတို့ ရင်ဆိုင်နေရသော အတားအဆီးနှင့် အခက်အခဲများကို ဖယ်ရှားပေးရန်၊ လုပ်ဆောင်နေသော နိုင်ငံတော်အဆင့် ကြိုးပမ်း ဆောင်ရွက်မှုများကို ဝိုင်းဝန်းအထောက်အကူပြုပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ပြည်နယ်ကော်မတီဒုတိယဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဒေါက်တာအောင်သန်းမောင်မှ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသူများမှ မိတ်ဆက်၍ အထွေထွေဆွေးနွေးကြကာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ပြည်နယ် ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943