ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာသို႔ ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး စက္တင္ဘာ   −   ၉

217

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မရပ္ကြက္ နယ္ေျမ(၃) အေနာက္ၿမိဳ႕ပတ္လမ္းရွိ ကုန္းသာပရိယတၱိ စာသင္တိုက္ ေက်ာင္းေျမအတြင္းမွ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းခဲ့ရာ ေက်ာင္းေအာက္ေျခအနိမ့္ ပိုင္းရွိေတာင္၊ ေျမာက္ အလ်ား(၁၅၀)ေပခန္႔ ေျမသားမ်ား တျဖည္းျဖည္းၿပိဳဆင္းခဲ့ရာ ၿမိဳ႕မရပ္ကြက္ အေနာက္ၿမိဳ႕ပတ္လမ္း ေနထိုင္သူ ဦးခြန္ကိုကိုႀကီးေနအိမ္၊ ဦးခြန္ၾကည္ RC ႏွစ္ထပ္ေနအိမ္၊ ဦးအုန္းေမာင္(၆)ထပ္ RCေနအိမ္အေပၚသို႔ ေျမမ်ားက်ဆင္း ခဲ့ၿပီး အိမ္၏အေနာက္ပိုင္းေအာက္ေျခအနည္းငယ္ပ်က္စီး၍ လူထိခိုက္ဒဏ္ရာရရွိမႈႏွင့္ ေသဆုံးသူမရွိေၾကာင္းသိရသည္။

အဆိုပါ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာသို႔ စက္တင္ဘာ(၉)ရက္ နံနက္(၉)နာရီ ခြဲကရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ျပည္နယ္ဝန္ႀကီး မ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားတို႔ႏွင့္အတူ ကြင္းဆင္းၾကည့္႐ႈစစ္ေဆးရာ ၎အနီးဝန္းက်င္ရွိေနအိမ္မ်ားဆက္လက္၍ အႏၲရာယ္ရွိႏိုင္သျဖင့္ ေျပာင္းေ႐ႊ႕ေနထိုင္ရန္သင့္ေၾကာင္းႏွင့္ တာဝန္ရွိသူမ်ားအား လိုအပ္သည္မ်ားကို ျဖည့္စြက္မွာၾကားခဲ့ၿပီး၊ ျပည္သူ မ်ားအႏၲရာယ္မျဖစ္ေစႏိုင္ေရးအတြက္ ႀကိဳတင္၍တပ္မေတာ္သားမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ားတို႔မွ သစ္ပင္မ်ား၊ ၿခဳံႏြယ္မ်ားရွင္းလင္းကာ ေျမမ်ားၿပိဳဆင္းမႈမရွိႏိုင္ရန္အတြက္ ေျမထိန္းနံရံမ်ား ႀကိဳတင္ကာကြယ္ျပဳလုပ္ေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာသို့ ကွင်းဆင်းကြည့်ရှု

တောင်ကြီး စက်တင်ဘာ   −   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မြို့မရပ်ကွက် နယ်မြေ(၃) အနောက်မြို့ပတ်လမ်းရှိ ကုန်းသာပရိယတ္တိ စာသင်တိုက် ကျောင်းမြေအတွင်းမှ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းခဲ့ရာ ကျောင်းအောက်ခြေအနိမ့် ပိုင်းရှိတောင်၊ မြောက် အလျား(၁၅၀)ပေခန့် မြေသားများ တဖြည်းဖြည်းပြိုဆင်းခဲ့ရာ မြို့မရပ်ကွက် အနောက်မြို့ပတ်လမ်း နေထိုင်သူ ဦးခွန်ကိုကိုကြီးနေအိမ်၊ ဦးခွန်ကြည် RC နှစ်ထပ်နေအိမ်၊ ဦးအုန်းမောင်(၆)ထပ် RCနေအိမ်အပေါ်သို့ မြေများကျဆင်း ခဲ့ပြီး အိမ်၏အနောက်ပိုင်းအောက်ခြေအနည်းငယ်ပျက်စီး၍ လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးသူမရှိကြောင်းသိရသည်။

အဆိုပါ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာသို့ စက်တင်ဘာ(၉)ရက် နံနက်(၉)နာရီ ခွဲကရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ၎င်းအနီးဝန်းကျင်ရှိနေအိမ်များဆက်လက်၍ အန္တရာယ်ရှိနိုင်သဖြင့် ပြောင်းရွှေ့နေထိုင်ရန်သင့်ကြောင်းနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး၊ ပြည်သူ များအန္တရာယ်မဖြစ်စေနိုင်ရေးအတွက် ကြိုတင်၍တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့မှ သစ်ပင်များ၊ ခြုံနွယ်များရှင်းလင်းကာ မြေများပြိုဆင်းမှုမရှိနိုင်ရန်အတွက် မြေထိန်းနံရံများ ကြိုတင်ကာကွယ်ပြုလုပ်ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 75 guests and no members online