ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ အသက္(၁၈)ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲက်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၆

223

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ အသက္(၁၈)ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲကို စက္တင္ဘာ(၁၆)ရက္ ညေန(၃)နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္အားကစားကြင္း၌က်င္းပသည္။

ၿပိဳင္ပြဲဝင္အသင္းမ်ားမွ အားကစားသမားမ်ားက ကြင္းအတြင္းေနရာယူ၍ စစ္ေရးျပမႉးမွဦးေဆာင္ကာ ျပည္နယ္ ဝန္ႀကီးခ်ဳပ္အား အေလးျပဳၾကၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားရာတြင္ အသက္ (၁၈)ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲမွတစ္ဆင့္ ရွမ္းျပည္နယ္အတြက္ ထူးခၽြန္ထက္ျမက္သည့္ လက္ေ႐ြးစင္အားကစားသမားမ်ား ကိုေ႐ြးခ်ယ္ၿပီး ေနျပည္ေတာ္တြင္ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔မွ (၃)ရက္ေန႔ထိ က်င္းပမည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသက္(၁၈)ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ေၾကာင္း၊ မိမိ တို႔ႏိုင္ငံေတာ္တြင္ ျမန္မာ့အားကစားႏိုင္ငံတကာအဆင့္မီ တက္လွမ္းႏိုင္ရန္ရည္႐ြယ္ၿပီး စီမံကိန္းမ်ားခ်မွတ္အေကာင္အထည္ ေဖာ္ေဆာင္႐ြက္လ်က္ရွိရာ မ်ိဳးဆက္သစ္လူငယ္ အားကစားသမားမ်ား စုေဆာင္းရရွိေရးသည္ အဓိကအေရးအႀကီးဆုံးျဖစ္ပါ ေၾကာင္းႏွင့္ အသက္(၁၈)ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲမွ ရွမ္းျပည္နယ္အတြက္ ထူးခၽြန္ထက္ျမက္သည့္ အားကစားသမား ေကာင္းမ်ားေပၚထြက္လာမည္ဟု ယုံၾကည္ပါေၾကာင္း၊ ၿမိဳ႕နယ္ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ အားကစားသမားမ်ား အေနျဖင့္ ၿမိဳ႕နယ္၊ ခ႐ိုင္၊ ျပည္နယ္၊ ႏိုင္ငံဂုဏ္၊ အမ်ိဳးသားေရးဂုဏ္မ်ား ျမႇင့္တင္ႏိုင္ေအာင္ “ေလွခြက္ႀကီးက်န္၊ အလံမလွဲ” စြမ္းစြမ္းတမံ ၿပိဳင္ပြဲဝင္သြားၾကရန္ မွာၾကားလိုေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားတို႔က ၿပိဳင္ပြဲဝင္ အားကစားသမားမ်ားအား လိုက္လံႏႈတ္ဆက္ၾကၿပီး၊ ၿပိဳင္ပြဲမ်ားစတင္ ယွဥ္ၿပိဳင္ေနသည့္ အမ်ိဳးသား၊ အမ်ိဳးသမီးမီတာ(၁၀၀×၄) လက္ဆင့္ကမ္းၿပိဳင္ပြဲ၊ အမ်ိဳးသား၊ အမ်ိဳးသမီးမီတာ(၄၀၀)ၿပိဳင္ပြဲ၊ ယွဥ္ၿပိဳင္ေနမႈကို ၾကည့္႐ႈအားေပးၾက၍ ဆုေပးပြဲခ်ီးျမႇင့္ရာ အမ်ိဳးသားမီတာ(၁၀၀×၄) လက္ဆင့္ကမ္းၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ မဘိမ္းၿမိဳ႕နယ္အသင္း၊ ဒုတိယဆုရရွိေသာ နမ့္ခမ္း ၿမိဳ႕နယ္အသင္း၊ တတိယဆုရရွိေသာ ေညာင္ေ႐ႊၿမိဳ႕နယ္အသင္းတို႔ကို တစ္ဦးခ်င္းဆုတံဆိပ္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာ လင္းထြဋ္ကေပးအပ္ကာ ေငြသားဆုမ်ားကို ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းႏွင့္ မဘိမ္းၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားတို႔မွ အသီးသီးဆုမ်ားေပးအပ္ခ်ီးျမႇင့္ၾကေၾကာင္း သိရွှိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

၀၉−၂၅၀၁၃၂၉၄၃

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၁၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင်ဘာ(၁၆)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။

ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ စစ်ရေးပြမှူးမှဦးဆောင်ကာ ပြည်နယ် ဝန်ကြီးချုပ်အား အလေးပြုကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာတွင် အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သည့် လက်ရွေးစင်အားကစားသမားများ ကိုရွေးချယ်ပြီး နေပြည်တော်တွင် ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၃)ရက်နေ့ထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ မိမိ တို့နိုင်ငံတော်တွင် မြန်မာ့အားကစားနိုင်ငံတကာအဆင့်မီ တက်လှမ်းနိုင်ရန်ရည်ရွယ်ပြီး စီမံကိန်းများချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်လူငယ် အားကစားသမားများ စုဆောင်းရရှိရေးသည် အဓိကအရေးအကြီးဆုံးဖြစ်ပါ ကြောင်းနှင့် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သည့် အားကစားသမား ကောင်းများပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများ အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံဂုဏ်၊ အမျိုးသားရေးဂုဏ်များ မြှင့်တင်နိုင်အောင် “လှေခွက်ကြီးကျန်၊ အလံမလှဲ” စွမ်းစွမ်းတမံ ပြိုင်ပွဲဝင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတို့က ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး၊ ပြိုင်ပွဲများစတင် ယှဉ်ပြိုင်နေသည့် အမျိုးသား၊ အမျိုးသမီးမီတာ(၁၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးမီတာ(၄၀၀)ပြိုင်ပွဲ၊ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြ၍ ဆုပေးပွဲချီးမြှင့်ရာ အမျိုးသားမီတာ(၁၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသော မဘိမ်းမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော နမ့်ခမ်း မြို့နယ်အသင်း၊ တတိယဆုရရှိသော ညောင်ရွှေမြို့နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်အား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်ကပေးအပ်ကာ ငွေသားဆုများကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် မဘိမ်းမြို့နယ်၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတို့မှ အသီးသီးဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရှှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

၀၉−၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 66 guests and no members online

Latest Updates