ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ- ၂၂

21

ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀)ကို ဇန်နဝါရီ(၂၂)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်တွင်ယခုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ပေးပို့လာသောမြေယာကိစ္စ တိုင်ကြားစာ ပေါင်း (၆၉၂)မှုရှိပြီး (၃၂၅)မှုကို ပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီး မြေ/စစ်ဗဟိုမှ ဝန်ကြီးဌာန သဘောထားတောင်းခံ သည့် အမှု(၂၀၅)မှုနှင့် ပြည်နယ်မြေ/စစ်တွင် စိစစ်ဆဲအမှု(၁၆၂)မှု၊ စုစုပေါင်းပိတ်သိမ်းရန် ကျန်ရှိသည့်အမှု (၃၆၇)မှု ကိုလည်း ၂၀၂၀ပြည့်နှစ်အတွင်း အပြီးဆောင်ရွက်သွားနိုင်ရေး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်က ဗဟိုကော်မတီ၏မူဝါဒနှင့်လုပ်ငန်းစဉ်(၅၂)ချက် ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု လယ်ယာမြေနှင့်အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ လက်ထက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ စုစုပေါင်းပြန်လည်စွန့်လွှတ် သည့်အမှုကိစ္စပေါင်း(၁၅၉)မှု၊ မြေဧရိယာ(၃၁၃၇၁.၀၉၈)ဧက၊ ၎င်းအနက်သက်ဆိုင်သူများထံ ပြန်လည်လွဲပြောင်းပေးအပ်ရန် စွန့်လွှတ်သည့်အမှုကိစ္စပေါင်း(၆၅)မှု၊ မြေဧရိယာ (၃၇၉၇.၈၉၆)ဧကအသုံးမပြု၍ ပိုလျှံသဖြင့် ပြန်လည်စွန့်လွှတ်သည့်အမှုကိစ္စပေါင်း(၇၈)မှု၊ မြေဧရိယာ (၁၅၉၉၂.၆၃၂)ဧက အခြားဝန်ကြီးဌာနများသို့ လွှဲပြောင်းရန် စွန့်လွှတ်သည့်အမှုကိစ္စပေါင်း(၁၆)မှု၊ မြေဧရိယာ (၁၁၅၈၀.၅၇၀)ဧကဖြစ်ပြီး ပြန်လည်စွန့်လွှတ်မြေများတွင် တောင်သူများထံ ပြန်လည်လွှဲအပ်နိုင်သော မြေဧရိယာ (၃၁၃၇၁.၀၉၈)ဧကအနက် မြေဧရိယာ(၃၀၃၂၆.၆၉၆)ဧကကို သက်ဆိုင်ရာလက်ဝယ်သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ကျန်မြေဧရိယာ(၁၀၀၃.၄၆၂)ဧကကို တောင်သူများထံပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် စိစစ် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်သည့်စုစုပေါင်းအမှုကိစ္စပေါင်း(၃၃၂)မှု၊ မြေဧရိယာ(၈၁၄၄၂.၁၅၇)ဧက လွှဲပြောင်းပေးအပ်ပြီး ဧရိယာ(၈၀၃၉၃.၇၅၅)ဧကလွှဲပြောင်းပေးရန်ကျန်ဧရိယာ(၁၀၀၇.၄၆၂)ဧကမြေပြင်စ်စစ်လျော့နည်းဧရိယာ(၄၀.၉၄၀)ဧကဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြေယာကိစ္စတင်ပြတိုင်ကြားမှုများအပေါ် ခရိုင်နှင့် မြို့နယ်ကော်မတီများ အနေဖြင့် စိစစ်ဖြေရှင်းဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများမှ ပြန်လည်စွန့်လွတ်သည့် နေရာများကို သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းတို့ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒနှင့်လုပ်ငန်းစဉ် (၅၂)ချက်နှင့်အညီ စိစစ်ပြီး စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များ ပြည့်စုံစွာဖြင့် အဆင့်ဆင့်တင်ပြဆောင်ရွက်ရမည်ဖြစ်သော်လည်း အချို့ခရိုင်များအနေဖြင့် စိစစ်တွေ့ရှိချက်များသာ ဖော်ပြပါရှိပြီး သုံးသပ်အကြံပြုချက်များ ပြည့်စုံစွာဖြင့် တင်ပြမှုမရှိသည်ကို တွေ့ရှိရသဖြင့် ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်နှင့်အညီ ကျန်ရှိနေသော အမှုကိစ္စများအား ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်းပြီးပြတ်အောင် စိစစ်ပြီး စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များ ပြည့်စုံစွာဖြင့် အချိန်ကြန့်ကြာမှုမရှိစေဘဲ အဆင့်ဆင့်တင်ပြဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အမှုတစ်မှုချင်းအလိုက် ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသည့် ပြည်နယ်မြေစစ်ကော်မတီဝင်များနှင့် ခရိုင်မြေစစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက် အတွင်းရေးမှူးများက ဆွေးနွေးတင်ပြ၍ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 69 guests and no members online

Latest Updates