ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် သံလွင်မြစ်ကူးတံတား(ကွမ်းလုံ)တည်ဆောက်မည့်နေရာနှင့် ကွမ်းလုံဒေသခံပြည်သူများ တွေ့ဆုံ

ကွမ်းလုံ ဇန်နဝါရီ-၂၇

26

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊  ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့်အတူ ဇန်နဝါရီ(၂၇)ရက်နံနက်(၁၀)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၊ တံတားအထူးအဖွဲ့(၄)၊ မန္တလေးမြို့ တည်ဆောက်ရေးအဖွဲ့ ရှင်းလင်းဆောင်၌ သံလွင်မြစ်ကူးတံတား(ကွမ်းလုံ) တည်ဆောက်ရေးအတွက် တံတားအထူးအဖွဲ့(၄)၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်မှ တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ဖြည့်စွက်မှာကြားကာ တံတားတည်ဆောက်မည့်နေရာအား လိုက်လံကြည့်ရှုကြောင်းသိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ဗာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကွမ်းလုံမြို့ သံလွင်ဦးခန်းမတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။ ထို့သို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကွမ်းလုံမြို့တွင် လာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်မှာ (၃)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ယခုလာရောက်သည်မှာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို နားထောင်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများမှ ပွင့်လင်းမြင်သာစွာ လိုအပ်ချက်များတင်ပြဆွေးနွေးပေးကြရန်ပြောကြားသည်။

ထို့နောက် ကွမ်းလုံမြို့မိမြိုဖ ဦးအယ်သိန်းမောင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ကြိုဆိုပါကြောင်း၊ မိမိတင်ပြလိုသည်မှာ အမှိုက်စွန့်ပစ်မည့်နေရာနှင့် သုသာန်မြေကိစ္စများ၊ တိုင်းရင်းသားလူငယ်လေ့ကျင့်ရေးကျောင်း၌ ရေရရှိရေး၊ မြေယာများ လျော်ကြေးရရှိရေး၊ မူးယစ်းဆေးဝါးကိစ္စရပ်များနှင့် လမ်းတံတားတည်ဆောက်ပေးနိုင်ရန် ဆွေးနွေးတင်ပြပြီး၊ ကြက်ခြေနီ တာဝန်ခံ ဦးတာမှ ကြက်ခြေနီရုံးအဆောက်အဦကိစ္စရပ်များ ဆွေးနွေးတင်ပြကြသည်။ 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တို့မှ ဒေသခံပြည်သူများတင်ပြချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကဏ္ဍအလိုက်ပြန်လည်ဖြေကြားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကြက်ခြေနီရုံးအဆောက်အဦအား သွားရောက်ကြည့်ရှုကြ ကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 57 guests and no members online

Latest Updates