အတွင်းရေးမှူး

စည်ပင်သာယာရေးဝန်ကြီး

စည်ပင်သာယာရေးဝန်ကြီးဌာန 

 

 

1

အမည်   

 

ဦးစိုင်းလှဝင်း

အဘအမည်   ဦးဆွယ်စင်
လူမျိုး/ဘာသာ     ရှမ်း/ဗုဒ္ဓ
မွေးသက္ကရာဇ်   ၁၆.၅.၁၉၄၆
မွေးဖွားရာဇာတိ     နမ့်ခမ်းမြို့နယ်
ပညာအရည်အချင်း   သိပ္ပံဘွဲ့(သင်္ချာ)
မဲဆန္ဒနယ်   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်(၂)မိုင်းပြင်းမြို့
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ   ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပြည်နယ်အစိုးရအဖွဲ့တွင်   ပြည်နယ်ဝန်ကြီး
ထမ်းဆောင်သည့်တာဝန်   ( ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန)
စတင်တာဝန်ထမ်းဆောင်သည့်နေ့   ၁၆.၉.၂၀၁၃

 

ကိုယ်ရေးဖြစ်စဉ် (အကျဉ်းချုပ်)

-  ၁၉၅၃ခုနှစ် မှ ​၁၉၅၅ခုနှစ်ထိ နမ့်ခမ်းမြို့၊ အစိုးရအထက်တန်းကျောင်း၊ ၁၉၅၆ခုနှစ် မှ ၁၉၅၈ခုနှစ်ထိ မိုင်းပြင်းမြို့၊ အစိုးရအထက်တန်းကျောင်း၊ ၁၉၅၉ခုနှစ် မှ ၁၉၆၅ခုနှစ်ထိ ကျိုင်းတုံမြို့၊ အစိုးရအထက်တန်းကျောင်း အသီးသီး ပညာသင်ကြားခဲ့ပြီး၊ ၁၉၆၆ခုနှစ် မှ ၁၉၆၈ခုနှစ်ထိ တောင်ကြီးကောလိပ်၊ ​၁၉၆၈ခုနှစ် မှ ၁၉၇၀ခုနှစ်ထိ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် သိပ္ပံဘွဲ့(သင်္ချာ)ဘာသာဖြင့် ဘွဲ့ရယူခဲ့ပါသည်။

- ၁၉၇၈ ခုနှစ် မှ ၂၀၀၆ ခုနှစ်ထိ မိုင်းပြင်းမြို့နယ်၊ စာရင်းစစ်ရုံး၊ စာရင်းစစ်မှူးအားလည်းကောင်း၊ ၁၉၉၀ ခုနှစ် မှ ၁၉၉၂ ခုနှစ်ထိ မိုင်းခတ်မြို့နယ်၊ စာရင်းရုံး၊ စာရင်းစစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် အငြိမ်းစားပင်စင်ယူခဲ့ပြီး၊ မိုင်းပြင်းမြို့နယ် လူမူရေးအသင်းအဖွဲ့များ ပါဝင်ဆောင်ရွက် ခဲ့ပါသည်။

- ၂၀၁၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံခဲ့ရာ မိုင်းပြင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါသည်။  ( ၃- ၃ -၂၀၁၁)ရက်နေ့မှ ( ၈-၉-၂၀၁၃)ရက်နေ့ထိ ရှမ်းပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးရေးရာ ကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူထမ်းဆောင်ခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

 ၁။ စည်ပင်သာယာရေးဝန်ကြီးဌာန 

 ၂။ ရှမ်းပြည်နယ်မြို့ပြစနစ် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ

 ၃။ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ

 ၄။ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ

၅။ ပြည်နယ်ကုန်တင်ကုန်ချ လုပ်ငန်းကော်မတီ

၆။ ရှမ်းပြည်နယ်၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီ ဥက္ကဌ

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 120 guests and no members online