ဥပဒေပြုရေး ဆိုင်ရာ ကော်မတီ

ဥပဒေပြုရေး ဆိုင်ရာ ကော်မတီ

ဥပဒေပြုရေးဆိုင်ရာကော်မတီ

 

ကော်မတီဖွဲ့စည်းခြင်း

 

၁။    ရှမ်းပြည်နယ်လွှတ်တော်၏ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁၊ ၂၂ နှင့် ၈၀(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဥပဒေပြုရေးဆိုင်ရာကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

(က) ဦးစိုင်းနု ကွန်ဟိန်းမဲဆန္ဒနယ် (၂) ဥက္ကဋ္ဌ
( ခ) ဦးအောင်ကြည်ဝင်း ညောင်ရွှေမဲဆန္ဒနယ် (၂) အဖွဲ့ဝင်
( ဂ) ဦးစိုင်းလွင် လင်းခေးမဲဆန္ဒနယ် (၂) အဖွဲ့ဝင်
(ဃ) ဦးကျော်မြ နောင်ချိုမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
( င) ဒေါ်အေးချိုစိန် ဖယ်ခုံမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
( စ) ဦးစိုင်းဘဦး လွိုင်လင်မဲဆန္ဒနယ် (၁) အဖွဲ့ဝင်
(ဆ) ဦးအားဖာ ကျိုင်းတုံမဲဆန္ဒနယ် (၂) အဖွဲ့ဝင်
( ဇ) ဒေါ်နန်းငွေငွေ မူဆယ်မဲဆန္ဒနယ် (၁) အဖွဲ့ဝင်
( စျ) ဦးခင်ဇော်ဝင်း မိုးမိတ်မဲဆန္ဒနယ် (၁) အဖွဲ့ဝင်
(ည) ဦးတင်ဦး ဥပဒေအရာရှိ (အငြိမ်းစား) အဖွဲ့ဝင်
( ဋ) ဦးမြတ်စိုး ကလောမဲဆန္ဒနယ် (၂) အတွင်းရေးမှူး

 

၂။    ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသည် ကော်မတီဝင်များ၏ သက်တမ်း (၁)နှစ် ပြည့်မြောက်သည့်အခါ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်တာဝန်ပေးအပ်နိုင်သည်။

 

 

တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ

 

၃။    " ဥပဒေပြုရေးဆိုင်ရာကော်မတီ" ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ပြည်နယ်လွှတ်တော်မှ ဥပဒေရေးရာနှင့် ပတ်သက်၍ အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရမည်။

(ခ) ကော်မတီအစည်းအဝေးများကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၆၃)ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ကျင်းပရမည်။

(ဂ) ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော (သို့မဟုတ်) ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ ပြည်နယ်လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့် အတူပူးတွဲ၍ အမှုတွဲဖြင့် တစ်ပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်နယ်လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

(ဃ) အထက်အပိုဒ်(ဂ)အရ ကော်မတီ၏ တင်ပြချက်နှင့် အကြံပြုချက်များသည် ဥပဒေကြမ်းတွင် ပါရှိသော ကိစ္စနှင့် စပ်လျဉ်းသော တင်ပြချက်၊ အကြံပြုချက်များ ဖြစ်ရမည့်အပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော တင်ပြချက်၊ အကြံပြုချက်များလည်း ဖြစ်ရမည်။

(င) ဥပဒေကြမ်းကို ကော်မတီတွင် ဆွေးနွေးစဉ်းစားပြီးဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၆၄)အရ အစီရင်ခံစာကို တင်ပြရမည်။

(စ) ကော်မတီတွင် လုပ်ငန်းတာဝန်အရ ပြည်နယ်လွှတ်တော်မှ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် တာဝန်ပေးအပ်သည့်အခါ ဆောင်ရွက်သည့် ကာလများတွင် ပြည်ထောင်စုအစိုးရ အဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များ ရရှိခံစားခွင့်ရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 54 guests and no members online