သတင်းများ


တောင်ကြီး မတ် - ၂၈

2150


ေ  ညာင်ပင်သာကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးတို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးပြီး၊ အစီအစဉ်အရ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာ ညောင်ပင်သာ ကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်းမှာ ရေထွက်ဦးနှင့် ကျေးရွာအကွာအဝေး ၄.၀၇မိုင်အား ပင်မရေသွယ် ပိုက်လိုင်းဖြင့် သွယ်တန်းထားပြီး အနိမ့်အမြင့် ကွာခြားမှု ၁၃၀ပေရှိ၍ ကျေးရွာအတွင်း ရေဖြန့်ဝေပိုက်လိုင်း စုစုပေါင်းအရှည် (၂၂၉၆၀)ပေ ရေဂါလံ(၂၅၀၀၀)ဆံ ရေလှောင်ကန်တစ်လုံးရေဖမ်းကန်တစ်ခု ဖိအားလျော့ ကန်တစ်ခု၊ လေချူဗားကန်(၂)ခု၊ အနည်ထုတ်ကန်(၂)ခုနှင့် ရေဝေတိုင်(၄၆)ခုနှင့် တည်ဆောက်ထားပြီး၊ ဒေသခံကျေးလက်လူဦးရေး(၂၇၅၀)ဦးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိ၍ အကျိုးခံစား နိုင်မည်ဖြစ် ကြောင်းပြောကြားသွားသည်။





-----------------------------------------------------

မားသဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

တောင်ကြီး မတ် - ၂၈

   ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲကို မတ်(၂၅)ရက် နံနက်(၉)နာရီက ညောင်ပင်သာကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း၌ ကျင်းပကြောင်းသိရသည်။

   ညောင်ပင်သာကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးတို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးပြီး၊ အစီအစဉ်အရ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာ ညောင်ပင်သာ ကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်းမှာ ရေထွက်ဦးနှင့် ကျေးရွာအကွာအဝေး ၄.၀၇မိုင်အား ပင်မရေသွယ် ပိုက်လိုင်းဖြင့် သွယ်တန်းထားပြီး အနိမ့်အမြင့် ကွာခြားမှု ၁၃၀ပေရှိ၍ ကျေးရွာအတွင်း ရေဖြန့်ဝေပိုက်လိုင်း စုစုပေါင်းအရှည် (၂၂၉၆၀)ပေ ရေဂါလံ(၂၅၀၀၀)ဆံ ရေလှောင်ကန်တစ်လုံးရေဖမ်းကန်တစ်ခု ဖိအားလျော့ ကန်တစ်ခု၊ လေချူဗားကန်(၂)ခု၊ အနည်ထုတ်ကန်(၂)ခုနှင့် ရေဝေတိုင်(၄၆)ခုနှင့် တည်ဆောက်ထားပြီး၊ ဒေသခံကျေးလက်လူဦးရေး(၂၇၅၀)ဦးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိ၍ အကျိုးခံစား နိုင်မည်ဖြစ် ကြောင်းပြောကြားသွားသည်။

   ဆက်လက်၍ ရပ်စောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ အမှာစကား ပြောကြားပြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရေအရင်းအမြစ် ပြည်နယ်တာဝန်ခံ ဦးမောင်မောင်လွင်မှ စိမ့်စမ်းရေသွယ်လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ စိမ့်စမ်းရေသွယ်အထိမ်းအမှတ်ကို ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့အား ပေးအပ်ပြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးမှ အထိမ်းအမှတ်များကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ရပ်စောက်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ပေးအပ်သည်။

   ထို့နောက် ညောင်ပင်သာကျေးရွာ စိမ့်စိမ်းရေသွယ်လုပ်ငန်းတာဝန်ခံ ဦးဇော်နိုင်ထွန်းမှ ကျေးရွာရေ ကော်မတီတို့ လွှဲပြောင်းမှတ်တမ်းပေးအပ်ပြီး၊ ကျေးရွာလူထုကိုယ်စားရပ်မရပ်ဖတစ်ဦးဖြစ်သူ ဦးစိုးတင့်က ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်းသိရသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ပြည်နယ်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူ များတို့သည် ညောင်ပင်သာကျေးရွာမှ ကျိုင်းခမ်းတမံအသစ်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများကရှင်းလင်းပြီး ထိုမှတဆင့်ဇော်ဂျီတမံသို့ သွားရောက်ကြည့်ရှုကာ ရှင်းလင်းဆောင်ခန်းမ၌ ဇော်ဂျီတမံနှင့် ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးမှ ရှင်းလင်းကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 


တောင်ကြီး မတ် - ၂၁ 

2148


ေ  ခတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောင်နေချိန်တွင် နိုင်ငံတော်အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော မီးသတ်တပ်ဖွဲ့အပေါ် မီးငြိမ်းသတ်ရေး ရှာဖွေကယ်ဆယ်ရေး ခေတ်မှီလုပ်ငန်းသုံးပစ္စည်းကိရိယာများကို ဌာနအကြီးအကဲများ၏ တင်ပြချက်တွင် ဘဏ္ဍာငွေများချပေးခြင်း ပစ္စည်းကိရိယာများဖြည့်တင်းခြင်းတို့ ကြောင့် မီးလောင်မှုဖြစ်ပွားလာသော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ် မီးသတ်တပ်ဖွဲ့ဝင်များမှ စွမ်းရည်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။




------------------------------------------------

မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြ

တောင်ကြီး မတ် - ၂၁ 

   မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြပွဲကို မတ်(၂၀)ရက် မွန်းလွှဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်း၌ ကျင်းပကြောင်းသိရသည်။

   ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောင်နေချိန်တွင် နိုင်ငံတော်အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော မီးသတ်တပ်ဖွဲ့အပေါ် မီးငြိမ်းသတ်ရေး ရှာဖွေကယ်ဆယ်ရေး ခေတ်မှီလုပ်ငန်းသုံးပစ္စည်းကိရိယာများကို ဌာနအကြီးအကဲများ၏ တင်ပြချက်တွင် ဘဏ္ဍာငွေများချပေးခြင်း ပစ္စည်းကိရိယာများဖြည့်တင်းခြင်းတို့ ကြောင့် မီးလောင်မှုဖြစ်ပွားလာသော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ် မီးသတ်တပ်ဖွဲ့ဝင်များမှ စွမ်းရည်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

   ဆက်လက်၍ ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်မှ သရုပ်ပြသရာ အဆင့်မြှင့်တိုက်များမီးလောင်လျှင် တိုက်အတွင်းပိတ်မိနေသူအား မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် Jumping Sheet ပေါ်သို့ ခုန်ချခြင်းဖြင့် အသက်အန္တရာယ်ကို ကာကွယ်သည့် ပြကွက်များ၊ ငလျင်လှုပ်ခတ်မှုဖြစ်ပွားလာပါက မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သည့် ပြကွက်များ၊ ယာဉ်မတော် တဆမှုဖြစ်ပွားမှုကို ရှာဖွေကယ်ဆယ်သည့် ပြကွက်များ၊ အဆင့်မြှင့်တိုက်များ မီးလောင်နေမှုကို မီးငြိမ်းသတ်မှုပြကွက်များ၊ ဆီသိုလှောင်ကန် မီးလောင်မှုပြကွက်များတို့ကို ပြသကြသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက် ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 


တောင်ကြီး မတ် - ၁၃

2141







---------------------------------------

သမိုင်းဝင်ရှေးဟောင်းမွေတော်ကက္ကူ ဆုတောင်းပြည့် အာသောကစေတီတော်မြတ်ကြီး ထီးတော်တင်ပွဲကျင်းပ

တောင်ကြီး မတ် - ၁၃

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ သမိုင်းဝင်ရှေးဟောင်း မွေတော်ကက္ကူ ဆုတောင်းပြည့် အာသောကစေတီတော်မြတ်ကြီးထီးတော်တင်ပွဲကို မတ်(၁၂)ရက် နံနက်(၁၀)နာရီက ကက္ကူဘုရား ပရဝဏ်အတွင်း၌ကျင်းပကြောင်းသိရသည်။

   အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင်နာယကကြီး ဦးအောင်ခမ်းထီအမှူးပြုသော ဘုရားဒါယကာ/ဒါယိကာ တရားနာပရိတ်သတ်အားလုံးတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ မူလမင်းကွန်း တပ်ဦးဥတ္တရာရုံကျောင်းဆရာတော်ထံတွင် သြကာသကန်တော့်ကျိုးဖြင့် ကန်တော့၍ ကိုးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်သံဃာတော်များက ပရိတ်မေတ္တာတရားတော်များရွတ်ဖတ် သရဇ္ဇျာယ်ပေးကြသည်။

   ဆက်လက်၍ စိန်ဖူးတော်၊ ဌက်မျက်နားတော်တို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆရာတော်သံဃာတော် များထံ ဆက်ကပ်လှူဒါန်းကြပြီး၊ ပြည်လည်အပ်နှံသော ဘုံဆင့်ထီးတော်များကို လှည်းယာဉ်ပေါ်သို့ ပင့်ဆောင်ကာ ပန်းရထားဖြင့် စိန်ဖူးတော်၊ ဌက်မျက်နားတော်တို့ကို ထီးတော်တင်ပေးကြ၍ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများတို့သည် တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်ရှိ ဒဲဉ်သီးဗွေကွင်း၌ ကျင်းပသော(၆၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့သည် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားကာ ယဉ်ကျေးမှုအကအဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ကြ၍ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးခွန်ဝင်းကိုမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယဉ်ကျေးမှုအကအဖွဲ့များကိုအလှူငွေကျပ်(၅)သိန်းပေးအပ်လှူဒါန်းကာ  တာဝန်ရှိသူတစ်ဦးမှ ဂုဏ်ပြုပန်းခြင်းလက်ဆောင်ပေးအပ်ပြီး၊  ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးခွန်ဝင်းကိုမှ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့ကို အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ် ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 


တောင်ကြီး မတ် - ၂၁

2149





--------------------------

ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြ

တောင်ကြီး မတ် - ၂၁

   ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြခြင်းကို မတ်(၂၀)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပကြောင်း သိရသည်။

   ရှမ်းပြည်နယ်အတွင်း ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရန် ပတ်ဝန်းကျင်းထိန်းသိမ်းရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံနှင့် ဌာနအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက် လာနိုင်ရန် အမျိုးသားအဆင့် ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များဖြင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးက ဥက္ကဌ အဖြစ်ဆောင်ရွက်သော ပြည်နယ်အဆင့်ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကို ဌာနဆိုင်ရာများ ပညာရှင်များ အရပ်ဘက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့် ဖွဲ့စည်းပြီး၊ ကော်မတီ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (၆)ဖွဲ့နှင့် အကောင်အထည်ဖော်ရေးအဖွဲ့ (၃)ဖွဲ့ကို ထပ်မံဖွဲ့စည်းဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ ပတ်ဝန်းကျင်း ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေများကို ပတ်ဝန်းကျင်း ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ရှင်းလင်းသွားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပြောကြားသွားသည်။

   ဆက်လက်၍ ပတ်ဝန်းကျင်း ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပေါင်းစပ် ဆောင်ရွက်မှု အခြေအနေများအား ပတ်ဝန်းကျင်း ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ တင်ပြ ချက်များအပေါ် ဆွေးနွေးကြ၍ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 


တောင်ကြီး မတ်- ၁၃

2140




   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး တည်ဆောက်မည့် အဆောက်အဦပုံစံများအားလှည့်လည်ကြည့်ရှုရာ ဦးအောင်နိုင်ရင် (Future Moon ကုမ္ပဏီ) မှ အဆောက်အဦပုံစံနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ကလောမြို့နယ်၊ ဘော်ဆိုင်းမြတ်ဆရာခန်းမ၌ ကမ္ဇောဇအနာဂတ်အလင်းတန်းဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောက်လုပ်ပေးသည့် ဘော်ဆိုင်းဈေး အဆင့်မြှင့်တင် တည်ဆောက်နေမှုကို ကလောမြို့နယ် စည်ပင်သာယာရေးမှ ဦးစီးအရာရှိ ဦးကျော်မင်းထိုက်မှ ဈေးတည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ဈေး၊ ဆေးရုံ၊ မီးသတ်အဆောက်အဦတည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။


------------------------------

သတ္တမအကြိမ်မြောက် ဓနုတိုင်းရင်းသားများ ဆုံဆည်းရာနေ့ကျင်းပ

တောင်ကြီး မတ်- ၁၃

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် မတ်(၁၁)ရက် နံနက် (၈)နာရီက ဒေသဦးစီးရုံးခန်းမ၌ သတ္တမ အကြိမ်မြောက်ဓနုတိုင်းရင်းသားများဆုံဆည်းရာနေ့ကျင်းပရာ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဦးစဝ်အောင်မြတ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး၊ ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးချစ်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ဆက်လက်၍ အစီအစဉ်အရ ဆုံဆည်းရာနေ့သီချင်းဖြင့်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံမှ ပေးပို့လာသော သတ္တမ အကြိမ်မြောက်ဓနုတိုင်းရင်းသားများဆုံဆည်းရာနေ့ သဝဏ်လွှာအား ဒုတိယအကြိမ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှ ဖတ်ကြားပြီး၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဦးစဝ်အောင်မြတ် မှ အမှာစကားပြောကြားကာ ဓနုပညာရေးဖောင်ဒေးရှင်းအတွက် အလှူငွေကျပ် (၁၀)သိန်း ပေးအပ်ရာ ဓနုပညာရေးဖောင်ဒေးရှင်းဥက္ကဌ ဦးစန်းမောင်က လက်ခံရယူ၍ ဒုတိယအကြိမ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှ အမှာစကားပြောကြားကြောင်းသိရသည်။

   ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးထံမှ ပေးပို့လာသော သတ္တမအကြိမ်မြောက် ဓနုတိုင်းရင်းသားများဆုံဆည်းရာနေ့ သဝဏ်လွှာအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် တောင်ရိုးတိုင်းရင်းသား ကိုယ်စားလှယ် ဦးကျော်ငြိမ်းမှ ဖတ်ကြားပြီး၊ အလှူငွေများပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ် (၅)သိန်းကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ ပေးအပ်ရာ ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဒုတိယဥက္ကဌမှ လက်ခံရယူပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှ အလှူငွေကျပ်(၁၀)သိန်းပေးအပ်ရာ ဓနု ပညာရေးဖောင်ဒေးရှင်းဥက္ကဌ ဦးစန်းမောင်က လက်ခံရယူကာ ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းကိုယ်စားလှယ် ဦးအောင်ကြိုင်မှ လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များဆွေးနွေးတင်ပြ၍ ဆုံဆည်းရာနေ့သီချင်းဖြင့် သီဆိုပိတ်သိမ်း လိုက်ကြောင်းသိရသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး တည်ဆောက်မည့် အဆောက်အဦပုံစံများအားလှည့်လည်ကြည့်ရှုရာ ဦးအောင်နိုင်ရင် (Future Moon ကုမ္ပဏီ) မှ အဆောက်အဦပုံစံနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ကလောမြို့နယ်၊ ဘော်ဆိုင်းမြတ်ဆရာခန်းမ၌ ကမ္ဇောဇအနာဂတ်အလင်းတန်းဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောက်လုပ်ပေးသည့် ဘော်ဆိုင်းစျေး အဆင့်မြှင့်တင် တည်ဆောက်နေမှုကို ကလောမြို့နယ် စည်ပင်သာယာရေးမှ ဦးစီးအရာရှိ ဦးကျော်မင်းထိုက်မှ စျေးတည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် စျေး၊ ဆေးရုံ၊ မီးသတ်အဆောက်အဦတည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 


တောင်ကြီး မတ် - ၁၅

2146



2147


အစရ(ရှမ်း)

-------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်နယ်လူမှုရေးဝန်ကြီး တက္ကသိုလ်ဝင်တန်းဖြေဆိုသူများအား သွားရောက်ကြည့်ရှုအားပေး

တောင်ကြီး မတ် - ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုအခြေခံပညာအထက်တန်းကျောင်း စာစစ် ဌာန၊ နောင်ချိုအခြေခံပညာအထက်တန်းကျောင်း (ခွဲ)စာစစ်ဌာန များတွင်တက္ကသိုလ်ဝင်တန်း ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ် ဖြေဆိုကျောင်းသား/ ကျောင်းသူများအား ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် တာဝန်ရှိသူများက မတ်လ (၁၅)ရက် နံနက် (၉)နာရီတွင် လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။

၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုမှုတွင် နောင်ချို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာရင်းရှိ(၈၃၇)ဦး၊ ဖြေဆို(၈၃၀)ဦး၊ ပျက်ကွက်(၇)ဦးရှိပြီး၊ နောင်ချိုအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) စာစစ်ဌာန၌ စာရင်းရှိ (၄၈၀)ဦး၊ ဖြေဆို(၄၃၃)ဦး၊ ပျက်ကွက်(၄၇)ဦးရှိကြောင်းသိရှိရသည်။

  ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျှက်ရှိသော နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလ အချိန်မှီ ပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 


တောင်ကြီး မတ် -၁၀

2138

ေ  တာင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရားစေတီတော်ရင်ပြင်တော်ပေါ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ ဆီမီး ၁၀၀၀၊ ပန်း ၁၀၀၀ ပူဇော်ခြင်းနှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မတ်(၁၀)ရက်နံနက်(၉)နာရီခွဲက ရွှေဘုန်းပွင့်ဘုရား ဓမ္မာရုံ၌ကျင်းပကြောင်းသိရသည်။




--------------------------------

(၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ ဆီမီး ၁၀၀၀၊ ပန်း ၁၀၀၀ ပူဇော်ခြင်းနှင့် အသံမစဲမဟာပဋ္ဌာန်းပွဲကျင်းပ

တောင်ကြီး မတ် -၁၀

   တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရားစေတီတော်ရင်ပြင်တော်ပေါ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ ဆီမီး ၁၀၀၀၊ ပန်း ၁၀၀၀ ပူဇော်ခြင်းနှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မတ်(၁၀)ရက်နံနက်(၉)နာရီခွဲက ရွှေဘုန်းပွင့်ဘုရား ဓမ္မာရုံ၌ကျင်းပကြောင်းသိရသည်။

   အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရားဂေါပကအဖွဲ့ ဦးသိန်းစိုးမှ နတ်ဗြဟ္မာများအား ပင့်ဖိတ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အဂ္ဂမဟာပဏ္ဍိတ စွန်းလွန်းဝိပဿနာ ကမ္မဋ္ဌာန်းကျောင်း ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်ကို နာယူကြသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆရာတော် ထံမှ အနုမောဒနာတရားတော်နာကြားပြီး ရေစက်သွန်းချအမျှပေးဝေကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများတို့က ရွှေဘုန်းပွင့်စေတီတော်ရင်ပြင်တော်ပေါ်တွင် ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူ၍ ဆရာတော်၊ သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 


တောင်ကြီး    မတ် - ၁၄

2144

2145
အစရ(ရှမ်း)
-------------------------------------------------------------------------------------------------------------------------------------------------------------------


လောက်ကိုင်စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
တောင်ကြီး    မတ် - ၁၄
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့သည့် (၁၄.၃.၂၀၁၇)ရက်နေ့ နံနက်(၈)နာရီချိန်တွင် လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းရှိ လောက်ကိုင်မြို့မှ စစ်ဘေးရှောင်မိသားစုများအား စားရေရိက္ခာ ထောက်ပံ့ ပေးအပ်ခြင်းနှင့် နေရပ်ပြန်ရန် စီစဉ်ပေးနေမှုများအား သွားရောက်အားပေးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စစ်ဘေးရှောင်မိသားစုများအတွက် ဆန်အိတ်(၅၀)နှင့် တိုက်ပွဲ အတွင်း သေဆုံးခဲ့သော ပညာရေးဝန်ထမ်းဆရာမ၏ မိသားစုအား ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူ တို့သည် သီပေါမြို့၊ အထက စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းဖြေဆို ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၇၆၁)ဦးအနက်၊ (၆၇၅)ဦးဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး အားပေးကာ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
   ဆက်လက်၍ ကျောက်မဲမြို့ အခြေခံပညာအထက်တန်းကျောင်း(၁)(၂)(၄)စာစစ်ဌာနမှ တက္ကသိုလ် ဝင်တန်းဖြေဆို ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၁၃၄၈)ဦးအနက်၊ (၁၂၇၆)ဦးဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး အားပေးကာ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို မှာကြား ခဲ့ကြောင်းသိရှိရပါသည်။
အစရ(ရှမ်း)


တောင်ကြီး  မတ် - ၉

2137



   ထို့နောက် GIZအဖွဲ့မှ ရှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုးရေးကို အာရုံစိုက်ပြီး ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်ရန် သိရှိလိုပါကြောင်းဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ အဓိကစိုက်ပျိုးရေးကဏ္ဍ၊ လျှပ်စစ် မီးလင်းရေးကဏ္ဍနှင့် အခြားမည်သည့်ကဏ္ဍသို့ကို တိုးချဲ့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ ပြည်နယ် စီးမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ဒေသထွက်ကုန်ဖြစ်သည့် လက်ဖက်ခြောက်၊ ပဲပုပ်၊ ထောပတ်သီးများကို တန်ဖိုးမြင့်ဈေးကွက်ဖြစ်စေရန်နှင့် ဈေးကွက်ရှိရန်၊ နည်းပညာများလိုအပ်ပါကြောင်းဆွေးနွေးသွားပြီး၊ GIZ မှ မကြာခင်တွင် စီမံကိန်းအသစ်တစ်ခုဖြစ်သည့် စိုက်ပျိုးရေးနှင့် အစားအသောက်အဆင့်မီလုပ်ငန်း ဆောင်ရွက်ရန်ရှိကြောင်း၊ အစားအသောက်သီးနှံများကို ရွေးချယ်၍ နိုင်ငံခြားသို့တင်ပို့ရန်ရှိကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ပုဂ္ဂလိကဖွံ့ဖြိုးရေးကဏ္ဍတွင် ရေလုပ်ငန်းများပါရှိပြီး၊ ငါးလုပ်ငန်းကို ဆောင်ရွက်ရာတွင် EUဈေးကွက်တွင် လက်ခံနိုင်ဖွယ်ရာရှိကြောင်း၊ ရှမ်းပြည်နယ်တွင် ဖွံ့ဖြိုးရေးကဏ္ဍကို လည်း ဆွေးနွေးပြောကြားသွားသည်။




-------------------------------------------------

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဂျာမနီနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု GIZမြန်မာအဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး  မတ် - ၉

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းသော်ဝင်းတို့နှင့် အတူ မတ်(၉)ရက်၊ မွန်းလွှဲ(၂) နာရီက တောင်ကြီးမြို့ ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ဂျာမနီနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု GIZမြန်မာ အဖွဲ့နှင့် တွေ့ဆုံကြောင်းသိရသည်။

   ထိုသို့တွေ့ဆုံရာတွင် နှစ်ဦးနှစ်ဘက်အပြန်လှန်မိတ်ဆက်ကြပြီး၊ ဂျာမနီနိုင်ငံအဖွဲ့မှ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းသာပါကြောင်း ဂျာမနီနိုင်ငံသည် ရှမ်းပြည်နယ် တွင် ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ်တွင်းလည်း GIZအဖွဲ့မှ ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက်နေပြီး ကျေးလက်မီးလင်းရေးကို အပိုင်း(၂)ပိုင်းခွဲ၍ ဆောင်ရွက်ရာတွင် KFWနှင့် GIZအဖွဲ့တို့ဖြစ်ပါကြောင်း၊ KFWမှ ရှမ်းပြည်နယ်အတွင်း လမ်းများကို ဆောင်ရွက်ပေးနေပါ ကြောင်းဆွေးနွေးပြောကြားသွားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ ရှမ်းမြောက်တွင် စစ်ဘေးရှောင်အများကြီး ရှိနေသေးကြောင်း၊ UNအဖွဲ့နှင့် ဂျာမန်အဖွဲ့အနေဖြင့် ရှမ်းပြည်တောင်ပိုင်းတွင် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နေကြောင်း ရှမ်းမြောက်တွင် စစ်ဘေးရှောင်များကိုလည်း ကူညီဆောင်ရွက်ပေးနေကြောင်း ပြောကြားသွားသည်။

   ထို့နောက် GIZအဖွဲ့မှ ရှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုးရေးကို အာရုံစိုက်ပြီး ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်ရန် သိရှိလိုပါကြောင်းဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ အဓိကစိုက်ပျိုးရေးကဏ္ဍ၊ လျှပ်စစ် မီးလင်းရေးကဏ္ဍနှင့် အခြားမည်သည့်ကဏ္ဍသို့ကို တိုးချဲ့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ ပြည်နယ် စီးမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ဒေသထွက်ကုန်ဖြစ်သည့် လက်ဖက်ခြောက်၊ ပဲပုပ်၊ ထောပတ်သီးများကို တန်ဖိုးမြင့်စျေးကွက်ဖြစ်စေရန်နှင့် စျေးကွက်ရှိရန်၊ နည်းပညာများလိုအပ်ပါကြောင်းဆွေးနွေးသွားပြီး၊ GIZ မှ မကြာခင်တွင် စီမံကိန်းအသစ်တစ်ခုဖြစ်သည့် စိုက်ပျိုးရေးနှင့် အစားအသောက်အဆင့်မီလုပ်ငန်း ဆောင်ရွက်ရန်ရှိကြောင်း၊ အစားအသောက်သီးနှံများကို ရွေးချယ်၍ နိုင်ငံခြားသို့တင်ပို့ရန်ရှိကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ပုဂ္ဂလိကဖွံ့ဖြိုးရေးကဏ္ဍတွင် ရေလုပ်ငန်းများပါရှိပြီး၊ ငါးလုပ်ငန်းကို ဆောင်ရွက်ရာတွင် EUစျေးကွက်တွင် လက်ခံနိုင်ဖွယ်ရာရှိကြောင်း၊ ရှမ်းပြည်နယ်တွင် ဖွံ့ဖြိုးရေးကဏ္ဍကို လည်း ဆွေးနွေးပြောကြားသွားသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုချက်အရ စိုက်ပျိုးတောင်သူများအကျိုးရှိစေမည့် သီးနှံများကို စိုက်ပျိုးလျှက် ရှိကြောင်း၊ ရှမ်းပြည်နယ်တွင် ရာသီဥတုနှင့်ကိုက်ညီမည့် မွေးမြူးရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိ ကြောင်း ခရီးသွားလုပ်ငန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်လာပြီး၊ ပြည်သူများလိုလာတောင်းတနေသည့် ငြိမ်းချမ်းရေးကို ၂၁ရာစုပင်လုံညီလာခံတွင် ဆွေးနွေး၍ ငြိမ်းချမ်း လာပါက ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

   ယင်းနောက် GIZအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်တင်ပြသည့် ကိစ္စနှင့် ပတ်သက်၍ GIZအဖွဲ့မှ ဆောင်ရွက်နေသည့် ကိစ္စနှင့် ကိုက်ညီမှုရှိသောကြောင့် မကြာခင်မှာ စိုက်ပျိုးရေးကိစ္စတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မွေးမြူးရေးကဏ္ဍတွင် နယ်သာလန်အဖွဲ့မှ ရှမ်းပြည်နယ်တွင် ဆောင်ရွက် သွားမည်ဟု ထင်ပါကြောင်း ရှမ်းပြည်နယ်တွင် အဖွဲ့အစည်းများသောကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချမှတ်သည့်အဖွဲ့နှင့် ပါဝင်ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အာဟာရချို့တဲ့ကစ္စရပ်များကို ဆောင်ရွက်နေပြီး၊ မြို့ပေါ်တွင်မလိုအပ်ဘဲ ကျေးရွာတွင်လိုအပ်သောကြောင့် ကျိုင်းတုံနှင့် တာချီလိတ်မြို့များကို တောင်းဆိုလိုပါကြောင်း ဆွေးနွေး သွားသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 


တောင်ကြီး မတ် - ၁၃

 2142



2143


အစရ(ရှမ်း)

-----------------------------------------------

ပြည်နယ်လူမှုရေးဝန်ကြီး တက္ကသိုလ်ဝင်တန်းဖြေဆိုသူများအား သွားရောက်ကြည့်ရှုအားပေး

တောင်ကြီး မတ် - ၁၃

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းဖြေဆို ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိ သူများက မတ်လ (၁၃)ရက် နံနက် (၉)နာရီတွင်လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

    ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ လားရှိုးမြို့ အခြေခံပညာအထက်တန်းကျောင်း (၁)(၂)(၃)(၄)(၆) စာစစ်ဌာန(၅)ခုမှ တက္ကသိုလ်ဝင်တန်း ဖြေဆို ကျောင်းသား/ ကျောင်းသူ စုစုပေါင်းစာရင်းရှိ (၄၅၂၇)ဦး၊ ဖြေဆိုသူ(၄၂၁၈)ဦးစာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

   ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူးရုံး၌ လောက်ကိုင်၊ ကုန်းကြမ်းဒေသဖက်မှ ခေတ္တတိမ်းရှောင်လာကြသော စစ်ဘေးရှောင် ကျန်းမာရေး ဝန်ထမ်း (၄၈)ဦးတို့အား အားပေးစကားပြောကြားခဲ့ပြီး ဆန်(၅)အိတ် နှင့် တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀)နှုန်း၊ ကွမ်းလုံမြို့သို့ တိမ်းရှောင်လာသော ကျောင်းသား/ ကျောင်းသူ (၅)ဦး၊ ကျန်းမာရေးဝန်ထမ်း(၄)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀)နှုန်း၊ စစ်ဘေးရှောင်အိမ်ထောင်စု (၁၄)စု တို့အား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်း၊ စုစုပေါင်း (၁၄၂၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အစရ(ရှမ်း)

 


တောင်ကြီး မတ်- ၈

2135




-------------------------------------------------------------------------------------------------------------------------------------------------------------

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းများသို့ ကွင်းဆင်းကြည့်ရှု

တောင်ကြီး မတ်- ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့သည် မတ်(၈)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)(၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ စာရင်းရှိ (၄၉၅၈၀)ဦး၊ ဖြေဆို ကျောင်းသား/ ကျောင်းသူ ( ၄၆၃၃၆ )ဦး၊ ပျက်ကွက်( ၃၂၄၄ )ဦးရှိကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
  2. ပြည်နယ်လူမှုရေးဝန်ကြီးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေစကားပြောကြား တောင်ကြီး မတ် - ၇ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်(မက်မန်း)၊ ဦးအာမဲ
  3. သက်တမ်းပြည့်တာဝန်ထမ်းဆောင်ခဲ့သည့် ရပ်ကွက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများအား စရိတ်ချီးမြှင့်ငွေပေးအပ်
  4. ရှမ်းပြည်နယ်ဝန်ကြီးချုပ် တောင်ကြီးမြို့တွင်းကားလမ်းနှင့် ပရဟိတဂေဟာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
  5. တောင်ကြီးတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြော
  6. ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရား ရွှေထီးတော်တင်ပွဲအတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ ပါဝင်ကုသိုလ်ယူ
  7. အင်းလေးကန်နှင့် ပတ်သက်သည့် ဥပဒေ(မူကြမ်း)နည်းဥပဒေများဆိုင်ရာ အကြံပြုဆွေးနွေး
  8. မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒါဏ်ရရှိသည့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ များအားပြည်နယ်ဝန်ကြီးချုပ်မှ သွားရောက်ကြည့်ရှု
  9. စတုတ္ထတန်း၊ အဌမတန်း အစိုးရစစ်စာဖြေဆိုနေမှုအား ပြည်နယ်လူမှုရေးဝန်ကြီးမှ လှည့်လည်ကြည့်ရှုစစ်ဆေး
  10. မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒါဏ်ရရှိသည့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ များအားထောက်ပံ့ငွေပေးအပ်

မူလသို့

အစိုးရအဖှဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 16 guests and no members online

Latest Updates