ရှမ်းပြည်နယ်သတင်းများ



2121


ြ  မန်မာနိုင်ငံ၏ နှစ်ပေါင်း(၆၀)ကြာမြင့်ခဲ့သော ပဋိပက္ခများကို နိုင်ငံရေးနည်းအားဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး အဆိုပါသဘောတူ စာချုပ်အရ လက်မှတ်ရေးထိုးကာ ရက်ပေါင်း (၆၀)အတွင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲ အတည်ပြုနိုင်ခဲ့၍ ၎င်းမူဘောင်ကို အခြေခံပြီး ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံကို ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးအလိုက် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာအမျိုးသား အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီးကို ၅ ရက်တာကာလအတွင်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ အကြောင်းအရာများ တိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာအကြောင်းအရာများ၊ လူမှုရေး ဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးသည့်အခါတွင် ပါဝင်သင့် ပါဝင်ထိုက်သူများမှ တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြသည့်အတွက် အောင်မြင်သောအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်ပါကြောင်း၊ ပအိုဝ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးသည် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် များစွာအထောက်အကူဖြစ်စေသော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။



--------------------------------------------

ပအိုဝ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်ဆုံးနေ့ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၂၁

   ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ (၂၀)ရက် ညနေ (၃)နာရီ(၄၅)မိနစ်က  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ဒေသဦးစီးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   မြန်မာနိုင်ငံ၏ နှစ်ပေါင်း(၆၀)ကြာမြင့်ခဲ့သော ပဋိပက္ခများကို နိုင်ငံရေးနည်းအားဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး အဆိုပါသဘောတူ စာချုပ်အရ လက်မှတ်ရေးထိုးကာ ရက်ပေါင်း (၆၀)အတွင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲ အတည်ပြုနိုင်ခဲ့၍ ၎င်းမူဘောင်ကို အခြေခံပြီး ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံကို ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးအလိုက် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာအမျိုးသား အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီးကို ၅ ရက်တာကာလအတွင်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ အကြောင်းအရာများ တိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာအကြောင်းအရာများ၊ လူမှုရေး ဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးသည့်အခါတွင် ပါဝင်သင့် ပါဝင်ထိုက်သူများမှ တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြသည့်အတွက် အောင်မြင်သောအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်ပါကြောင်း၊ ပအိုဝ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးသည် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် များစွာအထောက်အကူဖြစ်စေသော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။

   ဆက်လက်၍ ကျေးဇူးတင်စကားကို ဖြားတန်ခွန်ထွန်းရွှေမှ ပြောကြားပြီး၊ နိဂုံးချုပ်အမှာစကားကို ဖြားတန်ခွန်မောင်သောင်းနှင့် ဖြားတန်ခွန်ဥက္ကာတို့မှပြောကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 



2119





---------------------------------------

တောင်ကြီးခရိုင်လုံးကျွတ်စာတတ်မြောက်ရေး တောင်ကြီးမြို့နယ်စာသင်ဝိုင်းများ ကွင်းဆင်းစစ်ဆေး

တောင်ကြီး ဖေဖော်ဝါရီ - ၁၇

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ တောင်ကြီးခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့သည် ဖေဖော်ဝါရီ (၁၇)ရက် မွန်းလွဲ (၁)နာရီခွဲက တောင်ကြီးမြို့နယ်၊ ပလီလင်းကျေးရွာ၊ နမ့်ဟူးကျေးရွာ၊ ပင်စုံကျေးရွာတို့မှစာသင်ဝိုင်းများအား သွားရောက်ကြည့်ရှု ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

   ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်၏ လူဦးရေမှာ ၅၈၂၄၄၃၂ ဦးဖြစ်ပြီး အခြေခံစာတတ်မြောက်မှု ရာခိုင်နှုန်းမှာ ၆၄.၆ ရာခိုင်နှုန်းဖြစ်၍ ပြည်နယ်အတွင်း အခြေခံစာတတ်မြောက်မှုရာခိုင်နှုန်း တိုးတက်လာစေရန်အတွက် တောင်ကြီးခရိုင်စာတတ်မြောက်ရေးလှုပ်ရှားမှုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့မှစ၍ လှုပ်ရှားဆောင်ရွက်ခဲ့ရာ မြို့နယ်(၉)မြို့နယ်၊ စာသင်ဝိုင်း(၂၅၀၄)ဝိုင်း၊ စာသင်သား(၁၆၉၇၂)ဦးအား ဆရာဆရာမ(၂၆၈၅)ဦးသင်ကြားပြသလျှက်ရှိပြီး တစ်ရက်လျှင်(၃)နာရီဖြင့် ရက်ပေါင်း ၄၀ သင်ပေးကာ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် ဝင်ငွေတိုး သက်မွေးလုပ်ငန်း သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

   အဆိုပါ တောင်ကြီးခရိုင်လုံးကျွတ်စာတတ်မြောက်ရေး တောင်ကြီးမြို့နယ်စာသင်ဝိုင်းများ ကွင်းဆင်း စစ်ဆေးခြင်းကို ပလီလင်းကျေးရွာတွင် စာသင်ဝိုင်း(၁)ဝိုင်း၊ ဆရာမ(၂)ဦး၊ စာသင်သား(၁၂)ဦး၊ နမ့်ဟူးကျေးရွာတွင် စာသင်ဝိုင်း(၁)ဝိုင်း၊ ဆရာမ(၃)ဦး၊ စာသင်သား(၂၄)ဦး၊ ပင်စုံကျေးရွာတွင် စာသင်ဝိုင်း(၁)ဝိုင်း၊ ဆရာမ(၂)ဦး၊ စာသင်သား(၂၁)ဦး တို့သည် ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၊ နေအိမ်တို့တွင် သင်ကြားပေးလျှက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဗလာစာအုပ်နှင့် ခဲတံများကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 



2114





---------------------------------------

တောင်ကြီးမြို့၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၁၀

   ၂၀၁၇ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲဖွင့်ပွဲကို ဖေဖေါ်ဝါရီ(၉)ရက် မွန်းလွှဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဆွေသိန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ ထမနဲ ပွဲတော်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာ ပြောင်းလဲလာသောခေတ်နှင့် လျှော်ညီအောင် ရွှေ့လျားလာသည့် ပွဲတော်များ ရှိမည်ဖြစ်သလို ရှေးယဉ်ကျေးမှုမပျက်စေဘဲ ဆက်လက်တည်တံ့နေအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် မြန်မာ့ရိုးရာပွဲတော်များလည် ရှိနေသည့်အတွက် တပို့တွဲလတွင် ကျင်းပသော ထမနဲပွဲတော်မှာ သားစဉ်မြေးဆက်လက်ဆင့်ကမ်း သယ်ယူသွားရမည့် အဓိပ္ပါယ်အနှစ်သာရပြည့်ဝသော ပွဲတော်များ တစ်ခု အပါအဝင် ဖြစ်ပါကြောင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို နောင်မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်း သွားကြရန် ပြောကြားသွားသည်။

   ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများ ပြိုင်ပွဲဝင်မည့်နေရာသို့ သွားရောက်နေရာယူကာ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ သေနတ်ပစ်ဖောက်ဖွင့်လှစ်ပေးပြီး၊ ထမနဲ ထိုးပြိုင်ပွဲကွင်းအတွင်း လှည့်လည်ကြည့်ရှုအားပေးကြပြီး၊ ပြိုင်ပွဲဝင်အသင်းများအား ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆုရရှိသော ရှမ်းပြည်နယ်လွှတ်တော်အသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေသားကျပ်(၂)သိန်း (၂)သောင်း၊ Myanmar GRCO.,Ltdမှ ပံ့ပိုးငွေ(၂)သိန်းခွဲ၊ ဒုတိယဆုရရှိသော ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနအား အစိုးရအဖွဲ့မှ ငွေသားကျပ်(၂)သိန်း၊ Myanmar GRCO.,Ltdမှ ပံ့ပိုးငွေ(၁)သိန်းခွဲ၊ တတိယဆု ရရှိသော ပညာရေးကောလိပ်အသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေသားကျပ်(၁)သိန်းခွဲ၊ Myanmar GRCO.,Ltdမှ ပံ့ပိုးငွေ(၇)သောင်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ စတုတ္ထဆုရရှိသော အသင်းအား ငွေသားကျပ်(၁)သိန်း(၆)သောင်း၊ ပဉ္စမဆု (၁)သိန်း(၄)သောင်း၊ ဆဌမဆု (၁)သိန်း(၂)သောင်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါက်နန်းရွှေမြင့်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ သတ္တမဆုရရှိသော အသင်းအား ငွေသားကျပ်(၁)သောင်း၊ အဌမဆုရရှိသော အသင်းအား ငွေသားကျပ်(၈)သောင်း၊ နဝမဆုရရှိသော အသင်းအား ငွေသားကျပ်(၆)သောင်း၊ ဒသမ ဆုရရှိသော အသင်းအား ငွေသားကျပ်(၄)သောင်းတို့ကို ပြည်နယ်လျှပ်စစ်စွမ်းအင်းနှင့် စက်မှုဝန်ကြီး ဦးဆွေသိန်းမှ ချီးမြှင့်ပေး၍လည်းကောင်း၊ နှစ်သိမ့်ဆု(၁)မှ(၁၀)ရရှိသော အသင်းအား ငွေသားကျပ် (၃)သောင်းစီကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လျှပ်စစ်စွမ်းအင်းနှင့် စက်မှုဝန်ကြီး၏ ဇနီးနှင့် ပြည်နယ်စာရင်စစ်ချုပ်တို့က အသီးသီးဆုများချီးမြှင့်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 



2118





-------------------------------------

ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွိုင်ခမ်းအဆင့်မြင့်အိမ်ရာစီမံကိန်းနှင့် စပ်လျဉ်း၍ စိန်နှင်းဆီကုမ္ပဏီမှ ရှင်းလင်းတင်ပြခြင်း

တောင်ကြီး ဖေဖော်ဝါရီ - ၁၆

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေမောင်းတောင်၌ ဖော်ဆောင်လျှက်ရှိသော လွိုင်ခမ်းအဆင့်မြှင့်အိမ်ရာစီမံကိန်းနှင့် စပ်လျဉ်း၍ စိန်နှင်းဆီကုမ္ပဏီမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြခြင်းကို ဖေဖော်ဝါရီ(၁၅)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်းသိရသည်။

   ဆက်လက်၍ စိန်နှင်းဆီကုမ္ပဏီ ဥက္ကဌ ဦးစိုင်းရွက်မှ ရွှေမောင်းတောင်တွင် မြေဧရိယာ(၄၈.၈၂)ဧက ဖော်ထုတ်ဆောင်ရွက်လျှက်ရှိသော ဟိုတယ်၊ အဆင့်မြင့်အိမ်ရာကွက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရုပ်ပုံဆလိုက်များဖြင့် တင်ပြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြည့်ရှုကြပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် မြို့ပြအိမ်ရာ ဖွံ့ဖြိုးတိုးတက်စေမှု၊ သန့်ရှင်းရေးစနစ်နှင့် အိမ်ရာလုံခြုံမှုစနစ်များအပေါ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

   ထို့နောက် ရှင်းလင်းတင်ပြသော လွိုင်ခမ်းအဆင့်မြင့်အိမ်ရာစီမံကိန်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က အိမ်ရာစီမံကိန်း ပြီးပြည့်စုံစွာ ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 



2113

ေ  တာင်ကြီး Bio Safety Level - 3 TB Laboratory ဖွင့်ပွဲကို ဖေဖေါ်ဝါရီ(၈)ရက် မွန်းလွှဲ(၁)နာရီ ခွဲက တောင်ကြီးမြို့ ပြည်နယ် တီဘီတိုက်ဖျက်ရေးဌာန၌ ကျင်းပကြောင်းသိရသည်။





-----------------------------------------------

တောင်ကြီး Bio Safety Level - 3 TB Laboratory ဖွင့်ပွဲကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၉

   တောင်ကြီး Bio Safety Level - 3 TB Laboratory ဖွင့်ပွဲကို ဖေဖေါ်ဝါရီ(၈)ရက် မွန်းလွှဲ(၁)နာရီ ခွဲက တောင်ကြီးမြို့ ပြည်နယ် တီဘီတိုက်ဖျက်ရေးဌာန၌ ကျင်းပကြောင်းသိရသည်။

   ဆက်လက်၍ အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ အမှာစကားပြောကြားရာတွင် ၂၀၁၀ခုနှစ် ဇူလိုင်လတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန  Expand TB Project ရှိ မိတ်ဘက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် Bio Safety Level - 3 TB Laboratory များကို ရန်ကုန် အောင်ဆန်းအမျိုးသားတီဘီ ဓါတ်ခွဲဌာနနှင့် အထက်မြန်မာပြည် တီဘီ ဌာနတို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် ရှမ်းပြည်နယ်တောင်ကြီးရှိ ပြည်နယ်တိုက်ဖျက်ရေးဌာနတွင် ဖွင့်လှစ်နိုင်ပြီးဖြစ်ကြောင်း ပြောကြားသွားသည်။

   ထို့နောက် တောင်ကြီး BSL-3TB Laboratoryနှင့် ပတ်သက်သည့် အထောက်အထားမှတ်တမ်း များကို Myanmar Zircom Company မှ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသို့ လွှဲပြောင်း ပေးအပ်ရာ ဒုတိယပြည်နယ်မှူး ဦးစိုင်းဝင်းဇော်လှိုင်က လက်ခံရယူပြီး၊ ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့က တောင်ကြီး BSL-3TB Laboratoryအဆောက် အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ တောင်ကြီး BSL-3TB Laboratoryအား လှည့်လည်ကြည့်ရှုကြ ကြောင်း သိရှိရသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ကျင်းပသော "Learning and Performance Improvement Center, Taunggyi, Southern Shan State"အခမ်းအနားသို့ တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ USAID တာဝန်ရှိသူတစ်ဦးမှ အမှာစကားပြောကြား ၍ MCSP, Chief of Party, မစ်လီယာတေယာမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် USAIDနှင့် MCSPတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 



 2117

ြ  ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ပအိုဝ်း လူမျိုးအလိုက် ပအိုဝ်းတစ်မျိုးသားလုံး ဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပထမရက် ကို ဖေဖော်ဝါရီ (၁၆)ရက် နံနက်(၉)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ဒေသဦးစီးရုံးမြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။






-------------------------------------------

လူမျိုးအလိုက် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ပထမရက် ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၁၆

   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ပအိုဝ်း လူမျိုးအလိုက် ပအိုဝ်းတစ်မျိုးသားလုံး ဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပထမရက် ကို ဖေဖော်ဝါရီ (၁၆)ရက် နံနက်(၉)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ဒေသဦးစီးရုံးမြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားအလံအား အလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားသီချင်းသီဆိုခြင်းများ ပြုလုပ်ကြပြီး၊ လူမျိုးအလိုက် ပအိုဝ်းတစ်မျိုးသားလုံး ဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဦးခွန်မြင့်ထွန်းက နှုတ်ခွန်းဆက်အမှာ စကားပြောကြားပြီး၊ ဖြားတန်စင်ဖာအောင်ခမ်းထီမှ အဖွင့်အမှာစကားပြောကြားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပင်လုံ၌ကျင်းပပြုလုပ်သော နှစ်(၇၀)မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးရဖို့အတွက် ဆွေးနွေးတိုင်ပင်သောအခါ ယုံကြည်မှုရရှိရန် အရေးကြီးဆုံးလိုအပ်ချက်ဖြစ် ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ယခုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကို ကျင်းပပြုလုပ်နိုင်ခြင်းသည် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ပုံဖော်ထူထောင် ရန်အတွက် ယုံကြည်မှုရှိရှိဝိုင်းဝန်းဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားလူများများ၏ ဆွေးနွေးမှုများသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို နိုင်ငံရေးနည်းလမ်းဖြင့် ယုံကြည်မှုရှိရှိ တည်ဆောင်မည်ဆိုသော သန္ဓိဌာန်ကို ရှင်းလင်းပြတ်သားစွာတွေ့မြင်ရပါကြောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးမှတစ်ဆင့် အနာဂတ်မျိုးဆက်များအတွက် ငြိမ်းချမ်းစွာနေထိုင်နိုင်သော ဒေသ အဖြစ် နမူနာပေးနိုင်အောင် ယုံကြည်မှုရှိရှိနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်နိုင်ပြီး အားလုံးမျှော်လင့်တောင့်တ နေသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အဖြစ်သို့ လျှင်မြန်စွာရောက်ရှိနိုင်ပါစေရန် ပြောကြား သွားသည်။

   ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးစဝ်အောင်မြတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ UPDJC အတွင်းရေးမှူးအဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် ဦးခင်ဇော်ဦး၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့က အသီးသီး အမှာစကားပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဖြားတန်စင်ဖာအောင်ခမ်းထီ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင် များ၊ ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဌ၊ UPDJC အတွင်းရေးမှူးအဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်၊ လူမျိုးအလိုက် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မီဒီယာအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား မိဘပြည်သူများ တက်ရောက်ကြပြီး အဆိုပါဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁၆)ရက်မှ (၂၀)ရက်နေ့ထိ ကျင်းပ သွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 



2112

ြ  မန်မာနိုင်ငံဆရာဝန်အသင်း တောင်ကြီး (၁၇)ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကို ဖေဖေါ်ဝါရီ(၈) ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ ဆရာဝန်ညီလာခံအသင်းရုံး၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဗဟို ဥက္ကဌ၊ ပါမောက္ခဒေါက်တာ ဦးရဲမြတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဆေးနှင့် ဆေးပစ္စည်းပြခန်းများအားလှည့်လည်ကြည့်ရှုကြသည်။




---------------------------------------------

မြန်မာနိုင်ငံဆရာဝန်အသင်း တောင်ကြီး (၁၇)ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၉

   မြန်မာနိုင်ငံဆရာဝန်အသင်း တောင်ကြီး (၁၇)ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကို ဖေဖေါ်ဝါရီ(၈) ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ ဆရာဝန်ညီလာခံအသင်းရုံး၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဗဟို ဥက္ကဌ၊ ပါမောက္ခဒေါက်တာ ဦးရဲမြတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဆေးနှင့် ဆေးပစ္စည်းပြခန်းများအားလှည့်လည်ကြည့်ရှုကြသည်။

   ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ဆရာဝန်များ၏ အဓိဌာန်ပြုကတိသစ္စာရွတ်ဆိုကြပြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးမှ အဖွင့်မိန့်ခွန်း ပြောကြား၍  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ အဖွင့်မိန့်ခွန်းမြွက်ကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သော ညီလာခံကြီးကို တက်ရောက်လာကြသော ဆရာဝန်များအား ရှမ်းပြည်နယ်ကိုယ်စား ကြိုဆိုပါကြောင်းနှင့် ညီလာခံကြီးအောင်မြင်စွာ ကျင်းပနိုင်ခြင်းနှင့် အတူ ရရှိလာသော ဆေးပညာအတွေ့ အကြုံ ဗဟုသုတများနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများကို အရည်အသွေးမြင့်မားသော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ကြရန် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် နိုင်ငံသားကောင်းများပီပီ တက်ကြွ အောင်မြင်စွာ ထမ်းရွက်နိုင်ကြစေရန် ပြောကြားသွားသည်။

   ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်းဗဟို ဥက္ကဌ၊ ပါမောက္ခဒေါက်တာဦးရဲမြမှ အမှာစကား ပြောကြားခြင်းနှင့် မြန်မာနိုင်ငံဆရာအသင်းတောင်ကြီး (၁၇)ကြိမ်မြောက် ဆရာဝန်ညီလာခံ ဧည့်ခံကြိုဆို ရေး ကော်မတီ ဥက္ကဌ ဒေါက်တာဒေါ်ဝင်းနုနုသန့်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ မှတ်တမ်း တင် ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 



 2116





-----------------------------------------

တိုက်ပွဲရှောင်တိုင်းရင်းသားမိသားစုများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရိက္ခာများဒုတိယ အကြိမ် ထောက်ပံ့ပေးအပ်ပွဲကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၁၄

   ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများအတွက် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ လူသားချင်းစာနာထောက်ထားမှုအကူအညီ ရိက္ခာများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲကို ဖေဖေါ်ဝါရီ(၁၄)ရက် မွန်းလွှဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးမှ ထောက်ပံ့ ပေးအပ်ရအကြောင်း ရှင်းလင်းပြောကြားပြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ် သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ စောင်များအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးမှ ထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ အဆိုပါ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပစ္စည်းတန်ဖိုးမှာ ဆန်(၁၂၅၀)အိတ်၊ တန်ဖိုးငွေကျပ် (၃၀၀၀၀၀၀ဝိ/-)၊ ဆား(၆၀၀)ပိဿာ၊ တန်ဖိုးငွေကျပ်(၁၆၂၀၀ဝိ/-)၊ ပဲဆီ(၂၁၀၀)ပိဿာ၊ တန်ဖိုးငွေကျပ် (၅၁၄၅၀၀ဝိ/-)၊ ကုလားပဲ(၆၀၀၀)ပိဿာ၊ တန်ဖိုးငွေကျပ်(၁၉၈၀၀၀၀ဝိ/-)၊ စောင်(၁၃၉၈)ထည်၊ တန်ဖိုးငွေ ကျပ်(၄၈၉၃၀၀ဝိ/-) ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 



2115




---------------------------------------

ရှမ်းပြည်နယ် စီးပွားရေးမြုပ်နှံမှု ပြပွဲကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၁၀

   ရှမ်းပြည်နယ်စီးပွားရေးမြုပ်နှံမှု ပြပွဲကို ဖေဖေါ်ဝါရီ(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ Taunggyi Royal Hotel၌ ကျင်းပရာ ပြပွဲကို  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူတစ်ဦးတို့ ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ပြပွဲအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

   ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းမှ ရှမ်းပြည်နယ် စီးပွားရေးမြုပ်နှံမှု အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ Mr.Keiichiro Nakazawa Chief Representative, JICA(Myanmar Office)မှ နှုတ်ခွန်းဆက်အမှာစကားပြောကြား၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အမှာစကားပြောကြားပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

ကမ္ဗောဇအုပ်စု ကမ္ဗောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း( BFM )မှပံ့ပိုးကူညီသည့် စင်္ကာပူနိုင်ငံ ( Smile Asia) အဖွဲ့၏နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသခြင်း

တောင်ကြီး ဖေဖော်ဝါရီ - ၎

2110





------------------------------------------------------------------------------------------------------------------------------------------------------------

တောင်ကြီး ဖေဖော်ဝါရီ - ၄

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှကြီးမှူး၍ ကမ္ဗောဇအုပ်စု ကမ္ဗောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း(BFM)မှပံ့ပိုးကူညီသည့် စင်္ကာပူနိုင်ငံ ( Smile Asia) အဖွဲ့၏ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ခွဲစိတ် ကုသခြင်းကို ဖေဖော်ဝါရီ(၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး၌ ကျင်းပကြောင်းသိရသည်။

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနသည် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ လူတိုင်း ရောဂါဘယကင်းရှင်းရေးဆိုသည့် ရည်မှန်းချက် နှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံနည်းနာ သုံးရပ်ကို အခြေခံပြီး ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကုသရေးလုပ်ငန်းဖြစ်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ  ကို ကုသပေးခြင်းသည် အရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအတွက် ထူးခြားသောနှစ်ဖြစ်၍ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့် (Myanmar Japan Collaborative Project for Fostering Medical Human Resources-MJCP) ဥက္ကဌ၊ (Professor Shigeru Okada ) ဦးဆောင်သော( Okayama University )ဆေးကုသအဖွဲ့က တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ(၁၇)ဦးကို ခွဲစိတ်ကုသမှုပေးခြင်း၊ လူ(၅၈)ဦးအား ခံတွင်းကင်ဆာ စမ်းသပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်အတွက် ဒုတိယအကြိမ် ခွဲစိတ် ကုသမှု ပြုလုပ်ပေးမည်ဖြစ်သည့်အတွက် ကမ္ဗောဇအုပ်စု ဥက္ကဌကြီးနှင့်တကွ ကမ္ဗောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း(BFM )မှတာဝန်ရှိသူတို့နှင့် စင်္ကာပူနိုင်ငံ ( Smile Asia) အဖွဲ့မှတာဝန်ရှိသူတို့နှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား ပြုံးအလှပိုင်ရှင်များဖြစ်အောင် အဖက်ဖက်မှဝိုင်းဝန်းဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများအားလုံးကို လူနာရှင်များကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှပြောကြားသွားသည်။

ဆက်လက်၍ စင်္ကာပူနိုင်ငံ (Smile Asia) အဖွဲ့မှတာဝန်ရှိသူတစ်ဦးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ် ကုသမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကမ္ဗောဇ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်မှ ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသ မည့် ကလေးငယ်များအား လှည့်လည်ကြည့်ရှုအားပေးစကားပြောကြား၍ အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမည့် လူနာပေါင်း (၁၁၁)ဦးစာရင်းပေးသွင်းထားကြောင်းနှင့် ဖေဖော်ဝါရီ(၃)ရက်မှ(၁၀)ရက်ထိအခမဲ့ ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၇)ကျင်းပ
  2. လူတိုင်းလက်လှမ်းမီ ကျန်းမာရေး(Universal Health Coverage)အသိပညာပေး ဆွေးနွေးပွဲ
  3. မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် Township Sports Development Programme(TSDP)ပြိုင်ပွဲ
  4. ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
  5. ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်
  6. National Democratic Institute အဖွဲ့မှ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အား လာရောက်တွေ့ဆုံ
  7. တောင်ကြီးကုန်စည်ပြပွဲကြီးတွင် ကိုရီးယားထုတ်ကုန်ပြပွဲကျင်းပ
  8. နည်းပညာတက္ကသိုလ်တောင်ကြီး ISO 9001 ; 2008 လက်မှတ်ပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
  9. မိုင်းရှူးမြို့လျှပ်စစ်ဓါတ်အားရရှိရေးအတွက် ၆၆ ကေဗွီဓါတ်အားလိုင်း မိုင်(၃၇.၃၇)မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓါတ်အားခွဲရုံဖွင့်လှစ်
  10. မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် Township Sports Development Programme(TSDP) ပြိုင်ပွဲ ပင်လောင်းမြို့ခရီးစဉ် ပင်လောင်း ဇန်နဝါရီ - ၂၇

မူလသို့

အစိုးရအဖှဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 53 guests and no members online

Latest Updates