We have 47 guests and no members online

တောင်ကြီး  ဇွန်  - ၂၄

88

ရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၄ ရက်၊ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဥက္ကဋ္ဌ ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပထမအကြိမ် (COVID-19) ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ရာ ပထမအကြိမ်အနေဖြင့် (၂၂၄၇၆၆)ဦး၊ ဒုတိယ အကြိမ်တွင် (၂၀၂၈၅၅)ဦး ထိုးနှံပြီးစီးခဲ့ပြီး ဒုတိယအကြိမ် အနေဖြင့် တရုတ်ပြည်သူ့လွှတ်မြောက်ရေး တပ်မတော်မှ လှူဒါန်းသည့် (COVID-19)ကာကွယ်ဆေး Vaccine(Doses)ပထမအကြိမ်ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ မှစတင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံ ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန် ၂၃ ရက်နေ့အထိ (၈၄၃၅)ဦး ထိုးနှံပြီး ဖြစ်ပါကြောင်း၊ တတိယလှိုင်း ဖြစ်ပွားသည့် ကာလအတွင်း နောင်ချိုမြို့နယ်တွင် နည်းပညာပထမနှစ်ကျောင်းသား(၁)ဦးမှလည်းကောင်း၊ လားရှိုးမြို့နယ်တွင် ချင်း ပြည်နယ်၊ တမူးမြို့သို့ မင်္ဂလာဆောင်သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသူ ဦးရွတ်မဂတ်မှ မန္တလေးမြို့သို့ ဆေးခန်း ပြသရာမှ (COVID-19) ရောဂါပိုး တွေ့ရှိရာမှ စတင်ခဲ့ပြီး နောင်ချိုမြို့နှင့် လားရှိုးမြို့တို့တွင် ရောဂါကူးစက်ပြန့်နှံ့ကာ ရှမ်းပြည်နယ်အတွင်း ယနေ့အချိန်ထိ ပိုးတွေ့ရှိသူ (၅၃၇)ဦး ကူးစက်ပြန့်နှံခဲ့ပြီး သေဆုံးသူ(၂)ဦး၊ ရောဂါပို့ ကင်းစင်သူ (၁၂၃)ဦး ရှိခဲ့သဖြင့် ယနေ့အထိ လားရှိုးမြို့နယ်တွင် (၂၃၃)ဦး၊ နောင်ချိုမြို့နယ်တွင် (၅၈)ဦး၊ လောက်ကိုင်မြို့နယ်တွင် (၄၃)ဦး တွေ့ရှိခဲ့ရပြီး ရောဂါကူးစက်ပြန့်နှံ့မှု များပြားလာကြောင်း တွေ့ရှိခဲ့ရသဖြင့် ရှမ်းပြည်နယ်အတွင်း ရောဂါကူးစက်မှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင် (၂၃)ဦး၊ သီပေါမြို့နယ်တွင် (၇)ဦး၊ လားရှိုး ခရိုင်၊ လားရှိုးမြို့နယ်တွင် (၆၅)ဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် (၁၅)ဦး၊ တောင်ကြီး မြို့နယ်တွင် (၈)ဦး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် (၃)ဦး၊ စုစုပေါင်း (၁၂၁)ဦးတွေ့ရှိခဲ့ရပြီး (COVID-19) ရောဂါပိုး လျင်မြန်စွာ ကူးစက်ပြန့်နှံ့လျက်ရှိကြောင်း သိရှိပါကြောင်း၊ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်ချက်များ၊ အကြံဉာဏ်များ၊ ပူးပေါင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြား သွားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ ရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၊ အဖွဲ့ဝင် ဗိုလ်မှူးကြီး လှဦး တို့မှ ဆွေးနွေးတင်ပြကြပြီး အခမ်းအနားတက်ရောက်လာသူများမှ ဆွေးနွေး တင်ပြကြ၍ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဥက္ကဋ္ဌ ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကာင်စီ

တောင်ကြီး ဇွန်-၂၃

87

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် (၂၃)ရက် ညနေ (၃)နာရီက တောင်ကြီးမြို့၊ပြည်နယ်အားကစား ကွင်း၌ကျင်းပသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင်နောက်ဆုံး ဗိုလ်လုပွဲအဖြစ် တောင်ကြီးခရိုင်အသင်းနှင့် တာချီလိတ်ခရိုင် အသင်းတို့ ယဉ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင် အသင်းက (၄-ဝ) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ပူးတွဲ တတိယဆုရရှိသော ကျိုင်းတုံခရိုင်အသင်းနှင့်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ကျပ် (၅) သိန်းစီတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့အတွင်းရေးမှူး ဦးနေလင်း နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင် ဦးအောင်မြင့်တို့မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း ၊ ဒုတိယဆု ရရှိသောတာချီလိတ် ခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆု (၈) သိန်းကျပ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်သိန်းမောင်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း ၊ အကောင်းဆုံး အားကစားသမားဆုဖြစ်သည့် ဂိုးအကောင်းဆုံး ၊နောက်တန်း အကောင်းဆုံး ၊အလယ်တန်းအကောင်းဆုံး ၊ရှေ့တန်းအကောင်းဆုံး ၊ ပွဲစဉ်တစ်လျောက် အကောင်းဆုံး အားကစား သမားဆုရသူများအား ဆုတံဆိပ်နှင့် ငွေသားကျပ် (၁) သိန်းစီတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ပြည်နယ်ရဲမှူးချုပ်တင်ကိုကိုနှင့်ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံတို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း ၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အမျိုးသမီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလိတ် နှင့် ငွေသားကျပ် (၁၀) သိန်းနှင့် ဆုဖလားတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းတို့မှ အသီးသီးဆုချီးမြှင့်ပေးကြောင်းသိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီ

ဟိုပုံး ဇွန် - ၂၂

83
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်ဦးစီးမှူးရုံးများမှ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ခြင်းကို ဇွန် (၂၂)ရက်၊ နံနက် (၉)နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးခန်းမ၌ ကျင်းပ သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း” ဟူသော စီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့ကစပြီး တစ်နိုင်ငံလုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများရှိပြီး နိုင်ငံသား မဟုတ်သူများ၊ အသက်(၁၈)နှစ် မပြည့်သေးသူများ၊ မဲပေးပိုင်ခွင့်မရှိသူများလည်း ပါဝင်နေပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် မဲပေးနိုင်ရေးကို စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံသားဖြစ်မှု အရည်အချင်း ပေါ်မူတည်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စသဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စေရန်၊ ဥပဒေနှင့်အညီ တတ်နိုင်သမျှဖြေလျော့ပြီး “ပန်းခင်း”စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ အနေဖြင့် မြို့နယ်ရုံးများကို လာရောက်ဆောင်ရွက် ရသည့်ကိစ္စတစ်ခုကို အဆင်ပြေချောမွေ့စွာနှင့် ငွေကြေးကုန်ကျမှု သက်သာပြီး ကိုယ့်ဒေသတွင် လုပ်ငန်းခွင်၌ အလုပ်အကိုင် မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကြသည့်အတွက် ဝမ်းသာစရာဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသည့် မြန်မာနိုင်ငံသားများသည်နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရှိခံစားနိုင်မှာဖြစ်ပြီး နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့် နိုင်ငံသား အပေါ် သစ္စာစောင့်သိရန် လိုအပ်ပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးအောင်သွင်ဦး မှ “ပန်းခင်း”စီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ဟိုပုံးမြို့နယ် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံမှ စစ်သည်နှင့်မိသားစုများ၏ အိမ်ထောင်စုလူဦးရေစာရင်း (၃၄)စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၂)ကတ်၊ စငေါကျေးရွာအုပ်စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၅)ကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း (၁၆၇)စောင်၊စံ ဖူးကျေးရွာအုပ်စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၃)ကတ်၊ အိမ်ထောင်စုလူဦးရေးစာရင်း(၈၃)၊ ပေါင်လင်ကျေးရွာအုပ်စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၆)ကတ်၊ လုံဟေးကျေးရွာအုပ်စု နိုင်ငံသားစိစစ်ရေးကတ် (၉၅)ကတ်၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်ကျေးရွာအုပ်စုကတ်ပြား (၁၆၁)ကတ်၊ အိမ်ထောင်စုလူဦးရေးစာရင်း (၅၁)စု၊ ပါလောပါကယ်ကျေးရွာ အုပ်စု၊ ကတ်ပြား(၁၂၀)ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း(၅၆)စု၊ ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာအုပ်စု၊ ကတ်ပြား (၃၇၂)ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း (၁၂)စု၊ နန်းပုလင်းကျေးရွာအုပ်စု၊ ကတ်ပြား(၄၃၇)ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း (၂၁၈)စုတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ရာ ဒေသခံပြည်သူများမှ လက်ခံရယူကြသည်။
ထို့နောက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား “ပန်းခင်း”စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက် ပြုလုပ်ပေးသည့်အတွက် ပေါင်လင်းကျေးရွာအုပ်စု၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးစောရီကကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် အိမ်ထောင်စုလူဦးရေစာရင်း(၆၂၁)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၅၀၁)ကတ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

84
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် သာယာကုန်း- ဘန့်ပိန်း-ချန်ထိ- ရွာသစ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုဆေးပြီး ရှင်းလင်းဆောင်ခန်းမတွင် ခေတ်ကမ္ဘာ ဆောက်လုပ်ရေးကုမ္ပဏီနှင့် မန်းပြည်ဒဂုန်ကုမ္ပဏီမှ တာဝန်ရှိသူများက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။
အဆိုပါ သာယာကုန်း- ဘန့်ပိန်း- ချန်ထိ- ရွာသစ်လမ်း ကတ္တရာခင်းခြင်းတွင် ကုမ္ပဏီနှစ်ခုမှ (၁၆.၀၅၇)ကီလိုမီတာ ဆောင်ရွက်ကာ ကျေးရွာပေါင်း (၁၉)ရွာ၊ အိမ်ခြေ(၁၁၆၀)လူဦးရေ (၅၉၁၇)ကျေးရွာနေ ပြည်သာများအား အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

 

86

တောင်ကြီး        ဇွန်-၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ဇွန်(၂၃)ရက်၊ နံနက်(၈)နာရီက ၂၀၂၁ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်မီတာ(၅၀၀၀)အပြေးပြိုင်ပွဲကျင်းပသည်။

၂၀၂၁ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်အထိမ်းအမှတ်အခမ်းအနားတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင် ဦးစိုင်းလိတ်က မီတာ(၅၀၀၀)အပြေးပြိုင်ပွဲတွင် ပါဝင်ယဉ်ပြိုင်ကြသော ပညာဥယျာဉ်၊ မိဘမေတ္တာ၊ မေတ္တာရင်ခွင်ကျောင်းတို့ကို အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး မီတာ(၅၀၀၀)အပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၁ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မီတာ (၅၀၀၀)အပြေးပြိုင်ပွဲတွင် ကျား/မ မီတာ(၁၀၀) အပြေးပြိုင်ပွဲကျား/မ မီတာ(၁၀၀)လက်ဆင့်ကမ်းပြိုင်ပွဲ၊ ကျား/မ၊မီတာ(၈၀၀)အပြေးပြိုင်ပွဲ၊ ကျား/မ အလျားခုန် ပြိုင်ပွဲတို့၌ ကျား/မ ပါဝင်ယှဉ် ပြိုင်သူဦးရေ (၂၀၀)ရှိပြီး ဆုရရှိသည့် ကျား/မ မီတာ(၅၀၀၀)အပြေးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများ ၊ ကျား/မ မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆုရှိသူများ၊ ကျား/မ မီတာ(၈၀၀)အပြေးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိသူများ ၊ ကျား/မမီတာ(၁၀၀)လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများ၊ ကျား/မအလျားခုန်ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိ သူများကို ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့် ကာယပညာသိပ္ပံညွှန်ကြားရေးမှူး၊ ဦးနိုင်လင်းအောင်နှင့် ဒုတိယညွှန်ကြားရေးမှူးဦးတင်ထွန်းအောင််၊ တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ပေးကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအူပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇွန် - ၂၂

85
(၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် (၂၁)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ၂၀၂၀ ပြည့်နှစ်မှစပြီး ကမ္ဘာကပ်ရောဂါဖြစ်သည့် Covid-19 ရောဂါ ပြန့်ပွားမှုများကြောင့် ပွဲများကို ကျင်းပပြုလုပ်နိုင်ခြင်းမရှိတော့၍ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့များက နှစ်စဉ်မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို အရှိန်အဟုန်မြှင့် စုံစမ်းဆောင်ရွက်ခဲ့ကြရာ ဖမ်းဆီး/သိမ်းဆည်း ရမိသည့် ထုထည် ပမာဏများစွာသော မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ယခင်နှစ်များအတိုင်း ဇွန်လ ၂၆ ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွားမည် ဖြစ်ပြီး ဖမ်းဆီးရမိသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို တောင်ကြီးမြို့၊ နန်းဟူးကျေးရွာအုပ်စု၊ မံတလင်းကျေးရွာအကျော်ရှိ ဗြုံးကျောက်ထုတ်လုပ်ရေးကွင်းအနီးတွင် စနစ်တကျစွန့်ပစ် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို စုစည်းပြီး တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါး ကာလတန်ဖိုးမှာ မြန်မာငွေကျပ် (၅၆၂)ဘီလီယံကျော် အမေရိကန်ဒေါ်လာ (၃၅၁)သန်းကျော်ဖြစ်ပါကြောင်း၊ ၂၀၂၁ခုနှစ်၊ မေလ ၃၁ရက်နေ့အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၂၈၃၃ မှု၊ တရားခံ ၄၀၇၇ ဦး၊ တန်ဖိုးငွေကျပ် ၃၈၀.၇၁၂ ဘီလီယံကျော် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တန်ဖိုးငွေကျပ် ၁၉၀.၂၃၃၄ သန်းကို နိုင်ငံတော်ဘဏ္ဍာငွေဖြစ် သိမ်းဆည်းနိုင်ခဲ့ပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးလှဦးနှင့် အတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုတို့မှ ဆွေးနွေးတင်ပြပြီး အမှတ် (၂) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်မြင့်မှ မီးရှို့ဖျက်ဆီးပွဲအခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြ၍ ဆပ်ကော်မတီအလိုက် အသီးသီး ဆွေးနွေးတင်ပြကြကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နောက်ထပ်သတင်းများဖတ်မည်