တောင်ကြီး မတ် - ၂၈

N008
၁၃၈၃ ခု၊ ၂၀၂၂ ခုနှစ်၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်(၂၅)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို တောင်ကြီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်သွားမှာဖြစ်ပြီး သင်္ကြန်ပွဲတော်ကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ မဟာသင်္ကြန်ပွဲတော် ကျင်းပရခြင်းမှာ နှစ်ဟောင်းမှ အညစ်အကြေးများအား အတာရေဖြင့် ဆေးကြော သန့်စင်ပြီး ဖြူစင်သန့်ရှင်းကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရယူခြင်းဆိုသည့် အစဉ်အလာနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အဆင်ပြေချောမွေ့ စွာဖြင့် ပြီးမြောက် အောင်မြင်စေရန်အတွက် ကော်မတီဝင်များအားလုံးမှ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍ အလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက သင်္ကြန်ပွဲတော်ကျင်းပရေးနှင့်ပတ်သက်၍ ဆွေးနွေးရှင်းလင်း ကာတက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးကာ အထွေထွေ ဆွေးနွေးကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသကြင်္န်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့